Home Party လေးတစ်ခုကို မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပျော်ရွှင်ဖွယ် ကျင်းပဆင်နွှဲဖို့ စိတ်ကူးနေပါ သလား။ လူကြီး၊လူငယ်အားလုံး စိတ်ကြည်နူး နှစ်သက်စေနိုင်မယ့် ဆန်းသစ်တဲ့ စိတ်ကူးလေးနဲ့ Home Party လေးတစ်မျိုးကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ Ice Cream Party လေးပဲ ဖြစ်ပါတယ်။
Rolled Ice Cream
Source : NewsLocker
ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့မှာ လူကြိုက်များသဘောကျတဲ့ Street Food တစ်မျိုး ဖြစ်ပါတယ်။ အရသာအထူး ကောင်းမွန်ပြီး ရေခဲမုန့်အသွင်ကလည်း ဆွဲဆောင်မှုအပြည့်နဲ့ ဖြစ်ပါတယ်။
Soft Serve
Source: CNN.com
အမေရိကန်မှာ နာမည်ကြီးလူကြိုက်များတဲ့ ရေခဲမုန့်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ ၁၉၃၀ခုနှစ်မှ စတင်ကာ ရေပန်းစားခဲ့ပြီး ချောကလက်နဲ့ဗနီလာတို့ အဓိက ပါဝင်ပါတယ်။
Snow Cream
Source: Things I Do When I’m Bored
လတ်ဆတ်တဲ့ သစ်သီးတွေရဲ့ ရနံ့၊အရသာကို အဓိက ခံစားရမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ လူကြိုက် အများဆုံး ရေခဲမုန့်တစ်မျိုး ဖြစ်ပါတယ်။ အချိုအရသာကိုလည်း ထူးကဲထားပါတယ်။
Gelato
Source: italiangelato.info
အီတလီစတိုင်နဲ့ ပြုလုပ်ထားပြီး အမေရိကန်မှာလည်း ရေပန်းစားလူကြိုက်များတဲ့ ရေခဲမုန့်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ နို့နဲ့ ခရင်မ်ပါဝင်မှု များပြီး နူးညံ့မှုနဲ့ ချိုမြိန်အေးမြမှုတို့ကို အထူးပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။