ချောဆီတွေဟာ လိင်မှုဆိုင်ရာ သာယာမှုကို မြှင့်တင်ပေးပြီး ချစ်တင်းနှောစဉ်အတွင်း ခံစားရတဲ့ မသက်မသာ ခံစားမှုတွေ ဒါမှမဟုတ် နာကျင်မှုကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ လက်ရှိစျေးကွက်ထဲမှာတော့ ချောဆီ အမျိုးအစား အမျိုးမျိုးကို ဝယ်ယူလို့ ရနိုင်ပေမယ့် အကယ်၍ ချောဆီ အလွယ်တကူ မရှိတဲ့ အချိန်တွေမှာ သဘာဝချောဆီအဖြစ် အခုပြောပြမယ့် အိမ်သုံးပစ္စည်းအချို့ကို အသုံးပြုနိုင်ပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။
(၁) အုန်းဆီ
Photo : Healthwire
အုန်းဆီကတော့ ဘက်စုံသုံး ဆီတစ်မျိုးပါပဲ။ ဆံကေသာအတွက်ရော အသားအရေ အစိုဓာတ်ဖြည့်တင်းဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။ အုန်းဆီကို လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် သဘာဝချောဆီ အနေနဲ့ အသုံးပြုလို့လည်း ရပါတယ်။ ဒါပေမယ့် အမွှေးရနံ့နဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သဘာဝအုန်းဆီ စစ်စစ်ကိုသာ အသုံးပြုသင့်ပါတယ်။ အုန်းဆီဟာ လိင်အင်္ဂါ ခြောက်သွေ့မှုကို လျှော့ချပေးနိုင်ပြီ လိင်မှုဆိုင်ရာ သာယာမှုကို တိုးစေပါတယ်။ အုန်းဆီးကို စားလို့လည်း ရတာကြောင့် ပါးစပ်နဲ့ ဆက်ဆံတဲ့ အချိန်မှာ အသုံးပြုမယ်ဆိုရင် အထူးသင့်လျော်ပါတယ်။
(၂) ရှားစောင်းလက်ပတ်
Photo : Healthwire
ရှားစောင်းလက်ပတ်ကိုတော့ အသားအရေ အစိုဓာတ် ဖြည့်တင်းပေးတဲ့ သဘာဝ ပစ္စည်းလို့ လူသိများပါတယ်။ ရှားစောင်းလက်ပတ် အပင်ကရတဲ့ သဘာဝဂျယ်ဟာ ချစ်တင်းနှော ချိန်မှာ ချောမွေ့ကို ပေးစွမ်းတဲ့ သဘာဝ ချောဆီအဖြစ် အသုံးပြုလို့ ရပါတယ်။
(၃) Baby Oil
Photo : PARFIMO.de
Baby Oil ကလည်း အသားအရေကို အစိုဓာတ်ထိန်းဖို့အတွက် အသုံးများတဲ့ Mineral Oil-Based ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ Baby Oil လိင်မှုဆိုင်ရာ သဘာဝ ချောဆီအဖြစ်နဲ့ အသုံးပြုလို့ ရပါတယ်။ Baby Oil ကို ချောဆီအဖြစ် အသုံးမပြုမီ ဓာတ်မတည့်မှု ရှိမရှိကို သိနိုင်ဖို့ Patch Test ပြုလုပ်ဖို့ အရေးကြီးပါတယ်။
(၄) သံလွင်ဆီ
Photo : Rizos Curls
အုန်းဆီ ကဲ့သို့ပင် သံလွင်ဆီကိုလည်း သဘာဝချောဆီ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီဟာ အရေပြားပေါ်မှာ လျင်မြန်စွာ စိမ့်ဝင်ပြန့်နှံ့လွယ်ပြီး အရေပြား ဧရိယာတဝိုက်ကို ပြည့်ပြည့်ဝဝ အစိုဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။ အမွှေးရနံ့ ထည့်သွင်းထားတဲ့ သံလွင်ဆီကိုတော့ အသုံးပြုမသင့်ပါဘူး။ ဓာတ်မတည့်မှုရှိမရှိ သေချာစေဖို့ အသုံးပြုခင်မှာ Patch Test ပြုလုပ်ပါ။
Source : Healthshots
Featured Photo : Quanna