လူတိုင်းကို မေးလိုက်ရင် ဘဝမှာ မအောင်မြင်ချင်တဲသူ ဆိုတာ မရှိပါဘူး။ သို့သော်လည်း လူတိုင်းဟာ အောင်မြင်မှု ကို မပိုင်ဆိုင်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ့်ကို အောင်မြင်မှုနဲ့ ဝေးကွာအောင် တစ်နည်းအားဖြင့် ကျရှုံးမှုဆီသို့ တွန်းပို့နေတဲ့ ရန်သူတွေ ရှိနေလိုပါပဲ။ ထိုရန်သူတွေက မိတ်ဆွေတို့ရဲ့အနီးဆုံးမှာ ရှိနေပြီး မိတ်ဆွေတို့ ကိုယ်တိုင်လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတွေပါပဲ။ ဒါကြောင့်  မိတ်ဆွေတို့ကို ကျရှုံးပြီး အောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ အမြန်ဆုံး တိုက်ထုတ်ပစ်ရမယ့် အလေ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျင်းရိခြင်း

ကျရှုံးမှုဆီသို့ ရန်သူတွေ

Photo : Vista Create

မိတ်ဆွေတို့ရေ “ပျင်းရင် ဖျင်းမယ်” ဆိုတဲ့ လူကြီးသူမတွေ ဆုံးမစကားကို ကြားဖူးကြမှာပါ။ မိတ်ဆွေတို့ကို ကျရှုံးမှုဆီသို့ ဦးတည်နေစေတဲ့ အကြီးမားဆုံး ရန်သူကလည်း ပျင်းရိခြင်းပါပဲ။ တစ်စုံတစ်ယောက် မအောင်မြင်ရခြင်းရဲ့ ပထမဆုံးနဲ့ အဖြစ်များလေ့ရှိတဲ့ အကြောင်းကတော့ ပျင်းရိခြင်းပါပဲလို့ ဆိုကြပါတယ်။ အောင်မြင်တဲ့သူတိုင်းက နေရာတစ်ခုရောက်အောင် မပျင်းဘဲ ကြိုးစားအားထုတ်လေ့ ရှိပါတယ်။ ပျင်းရိသူတွေကတော့ ရရှိလာတဲ့ အခွင့်အရေးတွေနဲ့ ဝေးကွာလာပြီး ဘယ်တော့မှ အောင်မြင်မှုနဲ့ ကိုယ်လိုချင်တဲ့ ဘဝပန်းတိုင်တွေဆီကို တတ်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့က ပျင်းရိတတ်တဲ့ အကျင့်လေးရှိရင် မဖြစ်မနေပြင်ပါ။

အချိန်ကို တန်ဖိုးမထားခြင်း

ကျရှုံးမှုဆီသို့ ရန်သူတွေ

Photo : Visa Create

မိတ်ဆွေတို့ကို ကျရှုံးမှုဆီသို့ တွန်းပို့နေတဲ့ ရန်သူတွေ ထဲမှာ အချိန်ကို တန်ဖိုးမထားဘဲ အရာရာကို အချိန်ဆွဲပြီး လုပ်ဆောင်တတ်တဲ့ အကျင့်လည်းပါဝင်ပါတယ်။ ကိစ္စတစ်ခုခုကို အချိန်မဆွဲပဲ လုပ်ဆောင်တတ်ခြင်းက ကွီးတို့ ဘဝရဲ့ တိုးတက်အောင်မြင်မှုကို ရရှိနိုင်ဖို့ အဓိက သော့ချက်တစ်ခုပါပဲ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူသော အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ မိတ်ဆွေတို့ရော အချိန်ကိုလေးစား လိုက်နာခဲ့ပါသလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အချိန်နဲ့ပတ်သတ်ပြီး အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ဆိုးရှိရင်လည်း အမြန်ဆုံး ဖယ်ရှားပါ။

ပြီးဆုံးသည်အထိ လုပ်ဆောင်နိုင်စွမ်းမရှိခြင်း

ကျရှုံးမှုဆီသို့ ရန်သူတွေ

Photo : Colorado Marriage Retreats

ပညာရှိတော်တော်များများက ပြောခဲ့တာ တစ်ခုရှိပါတယ်။ ဒါကတော့ စတင်ဖို့လွယ်သလောက် အဆုံးသတ်ဖို့ ခက်ပါတယ်တဲ့။ ဆိုလိုတာကတော့ ကိုယ်က ပန်းတိုင်တစ်ခုကို ရောက်ချင်ရင် အဆုံးထိ ဆက်လျှောက်ရပါမယ်။ အစပိုင်းမှာ စိတ်အားတတ်ကြွစွာ လုပ်ဆောင်သလောက် နောက်ပိုင်းမှာ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံမှုမရှိဘဲ လွယ်လွယ်ကူကူ လက်လျော့ခြင်းက ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူးတဲ့။ အောင်မြင်မှုဆိုတာ နေ့ချင်းညချင်းဖြစ်မလာနိုင်တာ သတိပြုရပါမယ်။

Comfort Zone ထဲက ရုန်းမထွက်နိုင်ခြင်း

Photo : Vista Create 

အချို့သောလူများရဲ့ အောင်မြင်မှုနဲ့ ဝေးကွာရတဲ့ အကြောင်းကတော့ Comfort Zone က ရုန်းမထွက်နိုင်လို့ပါပဲ။ လူတော်တော်များများက ကိုယ့်အတွက်အဆင်ပြေနေတဲ့ နေရာတစ်ခုကနေ စိန်ခေါ်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ကြိုးစားအားထုတ်မှုမလုပ်ချင်ကြတော့ဘဲ သက်တောင့်သက်သာ နေချင်ကြပါတော့တယ်။ ဒါဟာတကယ်တော့ ကိုယ့်ရဲ့တတ်လမ်းနဲ့ တိုးတက်မှုကို ကိုယ်တိုင်ပိတ်လိုက်တာပါပဲ။ မိတ်ဆွေတို့ရဲ့ ဘဝက ရိုးရှင်းပြီး စိန်ခေါ်မှုတွေ မရှိဘဲ သက်တောင့်သက်သာ ဖြစ်နေပြီး Comfort Zone ထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် မိတ်ဆွေတို့ရောက်ချင်တဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုးတက်အောင်မြင်ချင်ရင်တော့ Comfort Zone ထဲက ရုန်းထွက်လိုက်ပါ။

ဆင်ခြင်ပေးတတ်ခြင်း

Photo : Vista Create

မိတ်ဆွေတို့ဘဝ တိုးတက်အောင်မှုကို လိုချင်ရင် လုံးဝကို တိုက်ထုတ်ပစ်ရမဲ့ အလေ့အကျင့်တွေထဲမှာ ဆင်ခြေပေးခြင်းပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ ပြီးမြောက်အောင် မဆောင်ရွက်နိုင်မှုတွေကို ကိုယ်ကိုယ်တိုင် မသုံးသပ်ပဲ ဆင်ခြင်ပေးနေသရွေ့ကတော့ အောင်မြင်မှုနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။ ဒါကြောင့် ပြီးမြောက်အောင်မြင်မှုမရှိတဲ့အခါ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ဆိုပြီး ဆင်ခြေပေးခြင်းကို အခုအချိန်ကစပြီး ရပ်တန့်ပစ်လိုက်ပါ။ အတိတ်ကကျရှုံးမှုတွေ၊ ပြီးမြောက်အောင်မြင်ခြင်းမရှိတာတွေကို ပြောင်းလဲလို့မရတော့ပါဘူး။ ကိုယ့်ကိုယ်တိုင်သာ ပြောင်းလဲပစ်ရမှာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း

Photo : Linked In

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ ကိစ္စတစ်ခုကို လုပ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အခွင့်အလမ်းနည်းကာ ကျရှုံးမှုဆီကို ဦးတည်သွားနိုင်ပါတယ်။ ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လက်ရှိအနေအထားကို လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်သလို အောင်မြင်တိုးတက်မှုကိုလည်း မရနိုင်ပါဘူး။

အရေးမကြီးတဲ့ အရာများကို အလေးပေးခြင်း

Photo : Power DM

လူတစ်ယောက်က မိမိအမှန်တကယ်လိုချင်တာ သို့မဟုတ် ပိုင်ဆိုင်ချင်တဲ့အရာကို တိတိကျကျ သိရပါမယ်။ ကိုယ်ရယူလိုသော ပန်းတိုင်ရောက်ဖို့အတွက်လည်း ဘယ်အရာတွေက အရေးကြီးတယ်ဆိုတာ သိရပါမယ်။ အရေးကြီးတဲ့အရာများကို ဦးစားမပေးဘဲ အရေးမကြီးတဲ့ အရာတွေကို အလေးပေးတတ်ခြင်းကလည်း အောင်မြင်မှုနဲ့ ဝေးကွာစေကာ ကျရှုံးမှုဆီသို့ ဦးတည်ပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ အရေးကြီးတဲ့အရာများကို လုပ်ဆောင်နေမိလားဆိုတာ ပြန်လည် သုံးသပ်ပါ။

မိတ်ဆွေတို့ရေ ဒီနေ့ခေတ်ဟာ ကြိုးစားမှုများပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ပါ။ ဒီအထဲမှာ ကိုယ်ကိုယ်တိုင်က အောင်မြင်အောင် ကြိုးစားပြီး လူများရဲ့ ရှေ့မှာရောက်နိုင်ဖို့ဆိုရင် ကိုယ့်ကို ကျရှုံးမှုတွေဆီကို ဦးတည်နေစေတဲ့ အလေ့အကျင့်ဆိုးတွေကို ရန်သူလို သဘောထားပြီး အမြန်ဆုံး တိုင်ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။

Featured Photo : Windows report