ယနေ့ခေတ်ဟာ နည်းပညာခေတ်ပါ။ တစ်နေ့ထက်တစ်နေု နည်းပညာများဟာ အရှိန်အဟုန်နဲ့ တိုးတတ်ပြောင်းလဲနေသလို နည်းပညာ အသစ်အဆန်းတွေ ကလည်း တစ်နေ့တစ်ခြား တိုးတတ်မြင့်မားလာပါတယ်။ နည်းပညာများဟာ လူသားတို့အတွက် ဘက်ပေါင်းစုံ ကနေ အကျိုးပြုလျက်ရှိ ပါတယ် ဆိုတာ ကွီးတို့လည်း သိပြီးသား ဖြစ်ပါတယ်။ လူသားတွေကလည်း နည်းပညာများ ကို ပိုမို မြင့်မားသထက် မြင့်မားအောင် ကြံဆောင်လျက်ရှိပါတယ်။ ကွီးတို့ကို ဒီနှစ်အတွက် ထိပ်တန်း နည်းပညာ အချို့ကို လေ့လာမိသလောက် ကွီးတို့ကို မျှဝေပေးချင်ပါတယ်။

(၁) AI

Photo : ITChronicles

ထိပ်တန်း နည်းပညာ များထဲမှာ A I လို့ခေါ်တဲ့ Artificial Intelligence ဟာ ယနေ့ခေတ်မှာ မှာ ရေပန်းအစားဆုံး နည်းပညာထဲက တစ်ခုပါ။ မြန်မာလို ဉာဏ်ရည်တု လို့‌ခေါ်တဲ့ A I ဆိုသည်မှာ လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်ကို စက်ဖြင့်ပုံဖော်ခြင်း၊ အထူးသဖြင့် ကွန်ပြူတာစနစ်ဖြင့် ပုံဖော်ခြင်းကိုရည်ညွှန်း ပါတယ်။ A I မှာ ကျွမ်းကျင်သူစနစ်တွေ၊ အသံမှတ်မိခြင်း၊ စက်ဖြင့် အမြင် အာရုံမှတ်ခြင်းနဲ့ ဘာသာစ ကားဆိုင်ရာ လုပ်ဆောင်ချက် တွေပါဝင်ပါတယ်။ A I သည် အလုပ်များ ပြီးမြောက်စေရန် နဲ့ ပြဿနာများကို ဖြေရှင်းရန် အတွက် ကွန်ပြူတာမှ လိုက်နာနိုင်သည့် ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများအလိုက် ပရိုဂရမ် များကို အသုံးပြုထားပါတယ်။ AI ရဲ့ လုပ်ဆောင်နိုင်မှုတွေက တစ်နေ့တစ်ခြား တိုးတတ်ကောင်းမွန် လာတာကြောင့် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ AI နည်းပညာ၏နမူနာများ ကတော့ Google Maps ၊ Chatbots ၊ Face Detection And Recognition နဲ့ Siri စသည်ဖြင့် အများကြီး ပါဝင်ပါတယ်။

(၂) 3D Printing

Photo : Lera Blog

နောက်ထပ်ဖော်ပြချင်တဲ့ နည်းပညာတစ်ခုကတော့ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရဲ့ အဓိကလမ်းကြောင်းမှာ ပုံစံများကို ပုံဖော်ရန်အတွက် အသုံးပြုနိုင်တဲ့ 3D Printing ပဲဖြစ်ပါတယ်။ ကွီးတို့ရေ ပရင်တာမှ တကယ့်အရာဝတ္ထုကို ပုံနှိပ်ရိုက်ထုတ်ရန် ဘယ်တုန်းကမှ တွေးခဲ့ဖူးမှာ မဟုတ်ပါဘူး။ ယခုအချိန်မှာတော့ ၎င်းက လက်တွေ့ဖြစ်နေပါပြီ။ 3D Printing နည်းပညာက အင်ဂျင်နီယာ ကဏ္ဍများအတွက်သာမက ဇီဝဆေးပညာနှင့် စက်မှုကဏ္ဍများတွင်ပါ တကယ်ကို အသုံးဝင်တဲ့ နည်းပညာတစ်ခုဖြစ်လာပါတယ်။ 3D Printing နဲ့ ဆက်စပ်လျက် တိုးတတ်လာတဲ့ လာတဲ့ အလုပ်အကိုင်များစွာလည်း ရှိပါတယ်။ ဥပမာအားဖြင့် CX Program Manager, 3D Printer Engineer, Emulation Prototyping Engineer နဲ့ Robotics Trainer စသည်တို့ပဲ ဖြစ်ပါတယ်။

(၃) 5G

Photo : Government Technology

ဆက်သွယ်ရေးကဏ္ဍတွင် 3G ကနေ 4G စသည်ဖြင့် တိုးတတ်ပြောင်းလဲလာရာ ယခုခေတ်တွင် 5G အဖြစ်ရောက်ရှိ ခဲ့ပြီ ဖြစ်ပါတယ်။ 5G သည် ဆယ်လူလာဖုန်းကုမ္ပဏီများမှ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းတွင် စတင်ဖြန့်ကျက်အသုံးပြုခဲ့သည့် Broadband ဆယ်လူလာကွန်ရက်များအတွက် ပဉ္စမမျိုးဆက် နည်းပညာစံနှုန်း ဖြစ်ပါတယ်။ ယခုအခါ Verizon၊ Tmobile၊ Apple၊ Nokia Corp၊ QualComm ကဲ့သို့သော တယ်လီကွန်းကုမ္ပဏီတိုင်းများက 5G အပလီကေးရှင်းများ ဖန်တီးရန် လုပ်ဆောင်နေပါတယ်။ 5G ကွန်ရက်များကို ၂၀၂၄ ခုနှစ်တွင် ကမ္ဘာရဲ့ ၄၀ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်မည်ဖြစ်ပြီး မိုဘိုင်းအသွားအလာ ဒေတာအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 5G နည်းပညာကလည်း ထွန်းသစ်စ ထပ်တန်း နည်းပညာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာပါတယ်။

(၄) Quantum Computing

Photo : NKT Photonics

Quantum Computing ဆိုတာကတော့ ကွမ်တမ် မက္ကင်းနစ်ရဲ့ ဖြစ်စဉ်များကို စုစည်း အသုံးချနိုင်သော တွက်ချက်မှု အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကွမ်တမ်တွက်ချက်မှုကို လုပ်ဆောင်သော စက်ပစ္စည်းများကို ကွမ်တမ်ကွန်ပျူတာများဟု ယေဘုယျအားဖြင့် ခေါ်ဆို ကြပါတယ်။ ယခုအခါ Quantum ကွန်ပျူတာများက ပုံမှန်ကွန်ပြူတာများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာပြီး Microsoft၊ AWS၊ Google နှင့် အခြားသော နည်းပညာကုမ္ပဏီများကလည်း Quantum Computing နယ်ပယ်တွင် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရာတွင် ပါဝင်လာကြပါတယ်။ Quantum Computing နည်းပညာသည် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို တားဆီးရာတွင်လည်း ပါ၀င်နေပြီး ဒေတာများကို အလွယ်တကူ မေးမြန်းနိုင်ခြင်း၊ စောင့်ကြည့်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ထို့အပြင် ကွမ်တမ် ကွန်ပျူတာများဖြင့် အက်ပ်လီကေးရှင်းများကို ရှာဖွေသည့်နောက်ထပ်နယ်ပယ်မှာ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ ခရက်ဒစ်အန္တရာယ်ကို စီမံခန့်ခွဲရန်၊ ကြိမ်နှုန်းမြင့်မားသော ကုန်သွယ်မှုနှင့် လိမ်လည်မှုတို့ကို ထောက်လှမ်းရန်အတွက် ဖြစ်ပါတယ်။ လူသားတွေအတွက် အကျိုးပြုတဲ့ ထိပ်တန်း နည်းပညာ တစ်ခုဆိုလည်းမမှားပါဘူး။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဒီနှစ်အတွက် ထိပ်တန်း နည်းပညာ အချို့ပဲ ဖြစ်ပါတယ်။ အခြားသော လူသားတွေ အတွက်အပြုသဘောဆောင်တဲ့ နည်းပညာများလည်း အများကြီးရှိပါသေးတယ်။

Source : Simple Learn

Featured Photo : Teach Magazine