အောင်မြင်မှုကို လိုလားသူတစ်ယောက်အဖို့ နေ့စဥ်ဘဝမှာ မဖြစ်မနေ လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ အသစ် အသစ်သော ဗဟုသုတများ၊ ပညာရပ်များကို လေ့လာသင်ယူနိုင်မှသာလျှင် မိမိ လိုချင်တဲ့ မြင့်မားတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ လေ့လာ သင်ယူခြင်းကို ရပ်တန့်လိုက်ပါက အခုဖော်ပြပေးမယ့် ဆိုးကျိုး (၅) ချက်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။

ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းများ ပျောက်ကွယ်သွားမယ်

man creativity

လေ့လာသင်ယူခြင်းသည် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပိုမိုကောင်းမွန်လာအောင် လှုံ့ဆော်ပေးပါတယ်။ များများ သင်ယူလေ့လာလေ၊ အတွေးသစ် အမြင်သစ်များ ပိုမိုစဥ်းစားနိုင်လေဖြစ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်ဘဝအတွက်သာမက နေ့စဥ်ဘဝအတွက်လည်း အသုံးတည့်လာမှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအား ပိုကောင်းလာစေချင်တယ်ဆိုရင်တော့ နေ့စဥ်ဘဝမှာ လေ့လာသင်ယူခြင်းကို ရပ်တန့်ပစ်လိုက်လို့မရပါဘူး။

ဆုံးဖြတ်ချက်များကို မှန်ကန်စွာ မပြုလုပ်နိုင်တော့ခြင်း

man can't decide

လူတစ်ယောက်နဲ့ တစ်ယောက်သည် ဆုံးဖြတ်ချက်ချပုံခြင်း မတူညီကြပါဘူး။ အချို့ကလည်း သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်တတ်ကြပြီး အချို့ကတော့ ဓမ္မဓိဋ္ဌာန်ကျကျ စဥ်းစားတွေးတောပြီးမှသာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ဆုံးဖြတ်လေ့ရှိပါတယ်။ အချို့ကလည်း ဆုံးဖြတ်ချက်မချခင်မှာ ကိုယ် သိထားတဲ့ အချက်အလက်များက မှန် မမှန်ဆိုတာကို အရင်ဆုံး စုံစမ်းပြီးမှ ဆုံးဖြတ်ချက် ချကြတာဖြစ်ပါတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှန်နိုင်တဲ့ အရည်အချင်းသည် ပြုစုပျိုးထောင်လို့ရပါတယ်။ ဒီလို ပြုစုပျိုးထောင်နိုင်ဖို့ဆိုရင် နေ့စဥ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာများကို သိရှိလေ့လာထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ အသစ်သော အရာများကို မလေ့လာထားဘူးဆိုရင်တော့ ဆုံးဖြတ်ချက်များလည်း မှားယွင်းသွားနိုင်ပါတယ်။​

မိမိဖြစ်ချင်တဲ့ လူသားတစ်ယောက် ဖြစ်လာတော့မှာမဟုတ်ဘူး

လေ့လာ ဆိုးကျိုး

မိမိကိုယ်ကို စိန်မခေါ်ဘဲ သက်သောင့်သက်သာရှိတဲ့ Comfort Zone ထဲမှာပဲ နေထိုင်မယ်ဆိုရင်တော့ တိုးတက်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ တိုးတက်အောင်မြင်ခြင်းသည် Comfort Zone ရဲ့ အပြင်ဘက်မှာသာ မြင်တွေ့ ပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာ လေ့လာ သင်ယူခြင်းကို ယတိပြတ် ရပ်တန့်လိုက်မယ်ဆိုရင်တော့ ဆုတ်ယုတ်မှု ဆိုးကျိုး များကိုသာ ခံစားရမှာဖြစ်ပါတယ်။ လေ့လာသင်ယူခြင်းသည် ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို လှုံ့ဆော်ပေးပြီး စိတ်ခံစားချက်များကိုလည်း ကောင်းမွန်လာစေပါတယ်။

ကွီးတို့ရဲ့  မိမိကိုယ်ကို ယုံကြည်ချက်များ ကျဆင်းလာမယ်

လေ့လာ ဆိုးကျိုး

မိမိကိုယ်ကို ယုံကြည်ချက်များကို မြှင့်တင်ပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်ရာ ပင်ကိုယ်အရည်အချင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် မွမ်းမံနိုင်မယ်ဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်ချက်များလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ဆိုရင်တော့ အမြဲတမ်း လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

အခြားသူများအပေါ် မလွှမ်းမိုးနိုင်တော့ခြင်း

လေ့လာ ဆိုးကျိုး

ယခုနှစ်အတွင်း ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များထဲတွင် Mark Zuckerberg သည် တတိယနေရာမှာ ချိတ်နေပြီး Bill Gates ကတော့ နံပါတ် ၂၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ စီးပွားရေး လောကမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် နယ်ပယ်တစ်ခုခုမှာ အောင်မြင်နေတယ်ဆိုရင် အခြားသူများအပေါ် အလွယ်တကူ လွှမ်းမိုးနိုင်ပါတယ်။ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး သြဇာတိက္ကမ ငြိမ့်ညောင်းတဲ့လူတွေသည် သူတို့ဘဝနှင့် ရင်းပြီး ရရှိထားတဲ့ အတွေ့အကြုံများ၊ အရည်အချင်းများ၊ ဥာဏ်ပညာအမျှော်အမြင်များနှင့် ပြည့်စုံနေရတာဖြစ်ပါတယ်။ သူတို့လိုမျိုး ဖြစ်နိုင်ဖို့ဆိုရင် သင်သည်လည်း စဥ်ဆက်မပြတ် လေ့လာသင်ယူရင်း မိမိကိုယ်ကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Comfort Zone ထဲကနေ ရုန်းမထွက်နိုင်ဘဲ ဝါးလုံးခေါင်းထဲမှာပဲ လသာနေမယ်ဆိုရင်တော့ အခြားသူများအပေါ် လွှမ်းမိုးနိုင်ဖို့ ဝေးစွ ဘဝကြီးက တဖြည်းဖြည်း နိမ့်ကျလာမှာပဲ ဖြစ်ပါတယ်။

Source: Neelraman

Featured Image: Freepik