တစ်စုံတစ်ရာကို စိတ်ဝင်တစား လုပ်ဆောင်တော့မယ်ဆိုရင် မလုပ်နိုင်အောင် နှောင့်ယှက်နေတဲ့ အရာတွေ အများကြီးပဲ ရှိနိုင်ပါတယ်။ အလုပ် ထဲမှာပဲဖြစ်ဖြစ်၊ စာလုပ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ကို အာရုံ လွှင့်ပြားအောင် ဆွဲဆောင်နေတဲ့ အရာတွေ အများကြီးရှိပါတယ်။ မနေ့ညက ကြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကအစ ကြုံတွေ့နေရတဲ့ အချစ်ရေးအချစ်ရာ ပြဿနာများအလယ်၊ စီးပွားရေး လူမှုရေး အရှုပ်အရှင်း အဆုံး အစရှိတဲ့ အတွေးများသည် သင့်ရဲ့ ဦးနှောက်ထဲသို့ ရုတ်တရက် ဝင်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ လုပ်လက်စအရာကိုလည်း အာရုံမစိုက်နိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။

တခါတရံမှာလည်း ဆိုရှယ်မီဒီယာများနှင့် သင့်ရဲ့ စမတ်ဖုန်းက အလုပ် ထဲမှာ အာရုံ ပျံ့လွှင့်နေအောင် အနှောင့်အယှက်ပေးနေမှာပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သာမန်လူတစ်ယောက်သည် ၁၅ မိနစ်မှာ ၅ မိနစ်လောက်က ပြင်ပမှ အနှောင့်အယှက်များကြောင့် အာရုံပျံ့လွှင့်နေကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကွီးတို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အလုပ် ထဲမှာ အာရုံ ပျံ့လွှင့်နေတယ်လို့ ခံစားရတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းများနှင့် တားဆီးနိုင်ပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းကောင်းများသည် လက်တွေ့ကျပြီး အမှန်တကယ် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။

ကိုယ် လုပ်စရာရှိတဲ့အရာများကို စာရင်းပြုစုထားပါ

to do list

မြောက်မြားစွာသော ပရောဂျက်များကို ပြီးမြောက်အောင် စီမံနေရတာကလည်း စိတ်ဖိစီးစရာ ကောင်းလွန်းလှပါတယ်။ ပရောဂျက်တစ်ခုကို အာရုံစိုက်နေတဲ့အချိန်မှာ အခြားသောအလုပ်များကို မေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ များမြှောင်လှတဲ့ အလုပ်ကိစ္စများ၊ လုပ်ငန်းတာဝန်များ အားလုံးကို မမေ့မလျော့ဖို့ရန်အတွက် List တစ်ခု လုပ်ထားသင့်ပါတယ်။ ဘယ်ပရောဂျက်ကတော့ဖြင့် ဘယ်နေ့မှာ နောက်ဆုံး တင်ရမလဲဆိုတဲ့ Deadline ကို အရင်စဥ်းစားလိုက်ပါ။ ထို့နောက် အမြန်ဆုံး အပြီးသတ်ရမယ့် အလုပ်ကို နံပါတ် (၁) နေရာမှာထားပြီး၊ ဒုတိယအရေးအကြီးဆုံး အလုပ်၊ တတိယ အရေးအကြီးဆုံး အလုပ် စသည်ဖြင့် List တစ်ခု ပြုလုပ်ထားပါ။ အလုပ်တစ်ခု ပြီးသွားတာနဲ့ အမှန်ခြစ်လေး ခြစ်ထားကာ အလုပ်တစ်ခု အောင်မြင်စွာ ပြီးမြောက်သွားတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားလိုက်ပါ။

ဖုန်းရဲ့ နိုတီတက်တဲ့အသံတွေကို ပိတ်ထားလိုက်ပါ

man with phone

သူငယ်ချင်း မိတ်ဆွေများထံမှ စာအတိုအထွာများ ၊ ဆိုရှယ်မီဒီယာများထံမှ နိုတီအသံများသည် သင့်ရဲ့ အာရုံကို လွင့်မျောသွားအောင် ပြုလုပ်နေတဲ့ ရန်သူတော်တွေချည်းပဲ ဖြစ်ပါတယ်။​ ဒါ့ကြောင့် အလုပ်လုပ်နေစဥ်မှာ Do Not Disturb ဆိုတဲ့ ခလုတ်ကလေးကိုသာ နှိပ်ထားလိုက်ပါ။ ဒါ့အပြင် ကွန်ပျူတာပေါ်မှာလည်း မလိုလားအပ်တဲ့ Tabs များကို ပိတ်ထားလိုက်ပါ။ သင့်ရဲ့ အချိန်ကို အလဟဿ ကုန်လို့ ကုန်သွားမှန်းမသိအောင် ဖန်တီးနေတဲ့အရာမှန်သမျှကို ကြိုတင်တားဆီးပစ်ရမှာ ဖြစ်ပါတယ်။

ခက်ခဲကြီးမားတဲ့ အလုပ်များကို သေးငယ်သွားအောင် ဖြည်းဖြည်းချင်းစီခွဲကာ လုပ်ကိုင်ပါ

အလုပ် အာရုံ

အလုပ်ကလည်း ခက်ခဲကြီးမားလိုက်တာဆိုတဲ့ အတွေးမျိုး ပြည့်နှက်လေလေ သင်သည် ထိုအလုပ်ကို စတင်လုပ်ဆောင်ဖို့အတွက် တဖြည်းဖြည်းအချိန်ဆွဲနေမှာပဲ ဖြစ်ပါတယ်။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးကို သင့်တစ်ယောက်တည်းအားနဲ့ မ,နိုင်ဖို့ဆို့ရင် ဥာဏ်ကို လွှာသုံးတတ်ဖို့လိုပါလိမ့်မယ်။ ထိုကြီးမားလှတဲ့ ကျောက်ဆောင်ကြီးကို ကျောက်ခဲသေးသေးလေးအဖြစ် ထုခွဲပစ်ကာ သင်ကိုယ်တိုင် ချီမနိုင်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခက်ခဲပြီးများပြားလှတဲ့ အလုပ်တာဝန်ကိုလည်း သေးငယ်ပြီး လွယ်ကူတဲ့ အလုပ်တာဝန်များအဖြစ် ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင် သင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ပိနေတော့မှာမဟုတ်ဘဲ အလုပ်လုပ်ချင်စိတ်လည်း ရှိလာမှာဖြစ်ပါတယ်။ ငါ မလုပ်နိုင်ပါဘူးလေ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အထင်သေးတဲ့စိတ်များ၊ ပျင်းရိကာ အချိန်ဆွဲတတ်တဲ့ စိတ်များလည်း ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်က ဆူညံသံများ မကြားရအောင် နားကြပ်တပ်ထားပါ

အလုပ် အာရုံ

တခါတလေမှာ ပတ်ဝန်းကျင်ရဲ့ ဆူညံသံတွေကလည်း သင့်ကို အလုပ်လုပ်လို့မရအောင် နှောင့်ယှက်နေမှာပဲ ဖြစ်ပါတယ်။ ကိုယ် အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့် ဘေးနားမှာ အတင်းလာပြောနေတာပဲဖြစ်ဖြစ်၊ ဖုန်း အကျယ်ကြီး ထိုင်သုံးနေတာပဲဖြစ်ဖြစ် ထိုအသံတွေကြောင့် အနှောင့်အယှက်ဖြစ်ရတဲ့အခါ နားကြပ်သာ တပ်ထားလိုက်ပါ။ နားကြပ်တပ်ပြီး သီချင်းနားထောင်ခြင်းသည်လည်း သင့်ကို အာရုံမထွေပြားအောင် လုပ်ဆောင်ပေးနိုင်မှာပါ။ ဒါပေမဲ့ သင် နားထောင်တဲ့သီချင်းတွေသည် သင့်ကို စိတ်တည်ငြိမ်စေပြီး အမှန်တကယ် အာရုံစူးစိုက်နိုင်အောင် ကူညီပေးမယ့် သီချင်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ အလုပ်စားပွဲကို ရှင်းလင်းထားပါ

အလုပ် အာရုံ

သင့်ရဲ့ အလုပ်စားပွဲသည် စာအုပ်ပုံနှင့်စာရွက်ပုံ အထပ်လိုက်ကြီးတွေကြောင့် စိတ်ညစ်နေပါသလား။ အလုပ်စားပွဲက သပ်သပ်ရပ်ရပ်ရှိနေရမယ့်အစား စာရေးကိရိယာမျိုးစုံနဲ့ ရှုပ်ပွနေတာမျိုး၊ ဒီကြားထဲမှာမှ ကော်ဖီခွက်တွေ၊ စားစရာမုန့်ပဲသွားရေစာများနှင့် ပြည့်နှက်နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့အလုပ်စားပွဲကို အရင်ဦးဆုံး ရှင်းလင်းပစ်ရမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ မြင်ကွင်းက ရှင်းလင်းနေမှသာလျှင် စိတ်ရှင်းရှင်းနဲ့ အလုပ်ကိစ္စများကို အာရုံစူးစိုက်စွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ဆုချပါ

အလုပ် အာရုံ

စိတ်ဓာတ်ခွန်အား အနည်းငယ်ခန့် တက်ကြွရုံမျှဖြင့် အလုပ်တာဝန်အများအပြားကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ နှစ်ပတ်တစ်ကြိမ် (သို့) တစ်လတစ်ကြိမ်ခန့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ သင့်ရဲ့ အရည်အချင်းက တိုးတက်လာတယ်၊ ပိုပြီး Productive ဖြစ်လာတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဆုချီးမြှင့်လိုက်ပါ။

Source: Discover

Featured Image: Freepik