အောင်မြင်ကြတဲ့ စွန့်ဦးတီထွင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြတဲ့ Bill Gates ၊ Steve Jobs နှင့် Mark Zuckerberg တို့လိုလူတွေသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုကို ရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။ ကွီးတို့အနေနဲ့ သူတို့ရဲ့ အောင်မြင် မှုအတွက် လျှို့ဝှက်ချက်များရှိကောင်းရှိလိမ့်မယ်လို့ ထင်ကြပေမယ့် တကယ်တော့ သူတို့သည် အောင်မြင်မှုကို ဆွတ်ခူးရရှိဖို့အတွက် စွန့်လွှတ် ခဲ့ရတာတွေရှိပါတယ်။ တကယ်တော့ အောင်မြင် မှုကို ရရှိဖို့အတွက် စွန့်လွှတ် ရမယ့်အရာတွေက တစ်ခု၊ နှစ်ခုတည်း မဟုတ်ပါဘူး။ အများအပြားပဲဖြစ်ပါတယ်။

အောင်မြင်မှု ပန်းတိုင်ဆီသို့ လျှောက်လှမ်းရတဲ့ ခရီးသည်ဟာ ပန်းခင်းလမ်းထဲ လျှောက်သွားနေရသလို ဖြောင့်ဖြူးနူးညံ့နေတာမဟုတ်ပါဘူး။ အခက်အခဲ၊ အတားအဆီးများစွာ ပြည့်နှက်နေပြီး စွန့်လွှတ်စွန့်စားရမှာလည်း မနည်းမနောပါပဲ။

အောင်မြင် ဖို့အတွက် ဘာတွေကို စွန့်လွှတ် ရမလဲဆိုတော့…

အိပ်စက်မှု

အောင်မြင် စွန့်လွှတ်

တစ်နေ့လျှင် ၈ နာရီလောက် အိပ်နေကြလူတစ်ယောက်သည် အလုပ်တွေ ပိုလုပ်ပြီး ပိုက်ဆံများများရှာမယ်လို့ စဥ်းစားတဲ့အခါ သူ့ရဲ့ အိပ်ချိန်တွေသည်လည်း အရင်လို ၈ နာရီအပြည့်ရချင်မှ ရတော့မှာပါ။ တစ်ညလျှင် ၆ နာရီလောက်သာ အိပ်ရတဲ့ ညတွလည်း ရှိသလို၊ အချို့ရက်တွေမှာဆိုရင် ၄ နာရီလောက်သည် အိပ်ရတာမျိုးတွေ ရှိပါတယ်။ အောင်မြင်မှုကို ပိုမိုလိုလားပြီး ပိုမိုဆာလောင်နေရင်တော့ ကိုယ့်ရဲ့ အိပ်စက်ချိန်ကို ပိုမို စတေးရလေပါပဲ။ ကိုယ့်အနာဂတ်အတွက် လေ့လာသင်ယူမှုတွေကိုလည်း မရှိ ရှိတဲ့အချိန်တွေကြားထဲက ဖဲ့ပေးကာ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ကျန်းမာရေး

အောင်မြင် စွန့်လွှတ်

မိမိလုပ်ချင်တဲ့အရာများအားလုံးကို စိတ်ပါလက်ပါနှင့် အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ဆိုရင် ကျန်းမာရေးကိုလည်း သေချာဂရုစိုက်ရမှာ ဖြစ်ပါတယ်။ သို့သော် အလုပ်တွေကို အချိန်ပေးနေရတဲ့အခါ အိပ်ချိန်၊ စားချိန်တွေ နည်းလာပြီး ကြာလာတဲ့အခါ ကျန်းမာရေးကိုလည်း ထိလာပါတော့တယ်။ ဒါ့ကြောင့် ကျန်းမာရေးသည်လည်း အောင်မြင်ချင်သူများအတွက် စွန့်လွှတ်ရတဲ့အရာတစ်ခုထဲ ပါဝင်လာခဲ့ပြန်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို အထိအခိုက်မဖြစ်စေဘဲ အောင်မြင်မှုကို ဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ကံကောင်းခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

ပျော်ရွှင်မှုနှင့် ကိုယ်ပိုင်ဘဝ

အောင်မြင် စွန့်လွှတ်

လူငယ်ပီပီ ပါတီပွဲတွေကို နှစ်သက်တာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ ပါတီပွဲတွေမှာပဲ အချိန်ကုန်နေမယ်။ သူငယ်ချင်းတွေနဲ့သာ အပျော်အပါး မက်နေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ တဖြည်းဖြည်း ဝေးကွာသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အပျော်အပါးကိုလည်း စွန့်လွှတ်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝဆိုတာသည်လည်း တဖြည်းဖြည်း ပျောက်ဆုံးလာမှာပဲ ဖြစ်ပါတယ်။

အလုပ်ချိန်သီးသန့်ဆိုတာ မရှိတော့ဘူး

work

သာမန်လူတွေအနေနဲ့ မနက် ၉ နာရီကနေ ၅ နာရီအထိ အလုပ်လုပ်ကြပါတယ်။ အလုပ်ချိန်အတွင်းမှာ အလုပ်လုပ်ကြပြီး အလုပ်ချိန်ပြီးသွားရင်တော့ ပျော်ပျော်ပါးပါးပဲ နေကြတာဖြစ်ပါတယ်။ သို့သော် အောင်မြင်မှုကို လိုလားတယ်ဆိုရင်တော့ အချိန်အကန့်အသတ်မရှိ အလုပ်လုပ်ရတော့မှာပဲ ဖြစ်ပါတယ်။ ကွီးတို့အတွက် အလုပ်ချိန်သီးသန့်ဆိုတာ မရှိတော့ပါဘူး။ အချိန်မရွေး၊ နေရာမရွေး အလုပ်လုပ်ရမှာပဲ ဖြစ်ပါတယ်။ မိမိအတွက် သက်သောင့်သက်သာဖြစ်မှုတွေကို စွန့်လွှတ်ရတော့မှာဖြစ်ပြီး မိမိလုပ်သမျှအရာတိုင်းသည် အောင်မြင်မှုတစ်ခုတည်းကိုသာ အာရုံစူးစိုက်ရတော့မှာပဲ ဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ် ခရီးသွားခြင်း


ရုံးပိတ်ရက်တွေ ခရီးသွားမယ်ဆိုရင်တောင်မှ သင့်အနေနဲ့ စိတ်လွတ်လက်လွတ် သွားရတော့မှာ မဟုတ်ပါဘူး။ ခရီးစဥ်တောက်လျှောက်မှာလည်း အရေးကြီးရင် အရေးကြီးသလို အလုပ်တွေ လုပ်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အောင်မြင်မှုကို လိုလားရင်တော့ ထိုကဲ့သို့သော စွန်လွှတ်မှုများကိုလည်း ပြုလုပ်ရမှာဖြစ်ပြီး မိမိဘဝကို ကျင့်သားရဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ စွန့်လွှတ်မှုများက အောင်မြင်မှုအတွက် ထိုက်တန်တယ်ဆိုရင်တော့ ကွီးတို့လည်း ကြိုးစားရကျိုးနပ်မှာပဲ ဖြစ်ပါတယ်။

Source: Enterpriseleague

Featured Image: Freepick