လှပတဲ့ တောင်တန်းကြီးတွေ၊ ရင်သပ်ရှုမောဖွယ်ကမ်းခြေတွေ စတာတွေက သဘာဝတရားကြီးက ပေးထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုလဒ်တွေပါ။ လှပတဲ့‌တောင်တန်းကြီး များမှာ လူတတ်လို့ရတဲ့ တောင် တွေလည်း ရှိသလို လူတတ်လို့ မရလောက်အောင် မြင့်မားလှတဲ့တောင်တန်းတွေလည်း ရှိပါတယ်။ တောင်ထိပ်ပေါ်ကို ရောက်အောင်တတ်ပြီး အောက်မှာ မြင်ရတဲ့ မြင်ကွင်းတွေက ကွီးတို့ကို ရင်သပ်ရှုမောစေ မှာပါ။ ဒါကြောင့် ကွီးတို့တစ်သတ်တာမှာ တစ်ခါတစ်ခေါက်တော့ သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ အလှပဆုံးသော တောင်များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Matterhorn, Switzerland/Italy

Photo : HostelWorld

သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ အလှပဆုံးသော တောင်များထဲက ပထမဆုံး တစ်ခုကတော့ Matterhorn ပဲ ဖြစ်ပါတယ်။ အဲလ်ပ်တောင်တန်းရှိ အကျော်ကြားဆုံးတောင်များထဲမှ တောင်တစ်ခု လည်းဖြစ်ပါတယ်။ ဒီတောင်က ၁၄,၆၉၂ ပေ (၄,၄၇၈ မီတာ) ရှိပြီး၊ ဆွစ်ဇာလန်နှင့် အီတလီကြားရှိ နယ်နိမိတ်ချင်းထိစပ်နေသော Zermatt ရွာ၏အနောက်တောင်ဘက် ၆ မိုင် အကွာတွင်တည်ရှိပါတယ်။ နှစ်စဉ် လူပေါင်း ၂၀၀၀ ကျော်လောက် ကတောင် အထွတ်အထိပ်သို့ တက်ကြတယ်လို့ဆိုပါတယ်။ အကယ်၍ ကွီးတို့လည်း ဒီတောင်ကို သွားရောက်လည်ပတ်ချင်ပါက နွေရာသီကအကောင်းဆုံးလို့ အကြံပြုထားပါတယ်။

(၂) Denali, USA

Photo : HostelWorld

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Denali သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀,၃၁၀ မြင့်ပြီး မြောက်အမေရိကရှိ အမြင့်ဆုံးတောင်ထွတ်ဖြစ်ပါတယ်။ Denali သည် ဧဝရတ် တောင် နှင့် Aconcagua ပြီးရင် ကမ္ဘာပေါ်တွင် တတိယ အထင်ရှားဆုံး တောင်လည်းဖြစ်ပါတယ်။ သွားရောက်လည်ပတ်မည်ဆိုပါက တိမ်ဖုံးမှုနည်းသွားသော ဆောင်းရာသီတွင် တောင်၏ အကောင်းဆုံးမြင်ကွင်းများကို ရရှိနိုင်ပါတယ်။

(၃) Kirkjufell, Iceland

Photo : HostelWorld

ကမ္ဘာ့ အလှပဆုံးသော တောင်များ ထဲမှာ Iceland ရဲ့ ဆန်းပြားတဲ့ ပုံဆောင်သော Kirkjufell တောင် သို့မဟုတ် “Church Mountain” လည်းတစ်ခု အပါအဝင် ဖြစ်ပါတယ်။ Kirkjufell က Grundarfjörður မြို့အနီး၊ Iceland ရဲ့ Snæfellsnes ကျွန်းဆွယ်၏ မြောက်ဘက်ကမ်းရိုးတန်းရှိ ၄၆၃ မီတာမြင့်သော တောင်ကုန်းတစ်ခု ဖြစ်ပါတယ်။ ဒီတောင်ကို အလှပဆုံးမြင်ကွင်း အဖြစ် အမွှန်းတင်ကြပါတယ်။ လှပတဲ့ရေတံခွန်နဲ့အတူ သူရဲ့ မြင်ကွင်းက တကယ်ကိုရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။

(၄) Table Mountain, South Africa

Photo : HostelWorld

ကမ္ဘာ့အကျော်ကြားဆုံး အထွတ်အထိပ်တစ်ခုဖြစ်သည့် Table Mountain က တောင်အာဖရိကနိုင်ငံ Cape Town မြို့ကို အပေါ်စီးမှ မြင်ရပြီး ထင်ရှားပေါ်လွင်သော အထင်ကရ တောင်ထိပ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် ကေဘယ်လ်ကားနဲ့ ငါးမိနစ်အတွင်း Table Mountain ရဲ့ထိပ်ကို ရောက်ရှိနိုင်ပါတယ်။ ဒီတောကို နွေရာသီ သို့မဟုတ် နေသာသောအချိန်များတွင် သွားရောက် လည်ပတ်ဖို့အကောင်းဆုံးပါပဲ။

(၅) Mount Fuji, Japan

Photo : Web In Travel

နောက်ထပ်ဖော်ပြချင်တဲ့ ကမ္ဘာ့ အလှဆုံး တောင်များ ထဲကတစ်ခုကတော့ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ ဂျပန်နိုင်ငံက Fuji တောင်ပဲဖြစ်ပါတယ်။ ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးတောင်ထွတ် ဖြစ်ပါတယ်။ အမြင့် ၃,၇၇၅ မီတာ ဖြစ်ပြီး နှင်းဖုံးလွှမ်းနေတဲ့ အခါတကယ်ကို လှပပါတယ်။ ဂျပန်ကို အလည်အပတ်ရောက်ခဲ့လျှင် Fuji တောင်ကို မဖြစ်မနေလည်ပတ်ရမဲ့စာရင်းထဲကို ထည့်လိုက်ပါ။

Source : HostelWorld

Featured Photo : Beautiful Mountains