လက်ဝှေ့အားကစားသည် လူနှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အားကစားတစ်မျိုးဖြစ်ပြီး လူကြိုက်များကာ ပေါ်ပြူလာဖြစ်တဲ့ အားကစားတစ်ခုဆိုလည်း မမှားပါဘူး။

လက်ဝှေ့အားကစား ဆော့ကစားဖို့ရန်အတွက် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှု၊ အမောအပန်းဒဏ်ခံနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့လည်း လိုအပ်ပါတယ်။

ကမ္ဘာပေါ်မှာ လက်ဝှေ့ အားကစားသမားများ အများအပြားရှိတဲ့အနက်သမိုင်းတစ်လျှောက်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ လက်ဝှေ့အားကစားသမားများကို လက်ဝှေ့ချစ်သူကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

Joe Louis

Joe Louis သည် ၁၉၃၄ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်ကြားတွင် ယှဉ်ပြိုင်ဆော့ကစားခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို သူ့ပရိသတ်တွေက ဟစ်တလာကို အနိုင်ယူလို့လည်း နာမည်ပြောင်ပေးထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖက်ဆစ်နာဇီဝါဒကို ဆန့်ကျင်သူဖြစ်လို့ပဲဖြစ်ပါတယ်။ သူသည် ပွဲပေါင်း ၆၆ ပွဲ ယှဉ်ပြိုင်တဲ့အခါ ၃ ပွဲရှုံး ၅၂ ပွဲအနိုင်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပါတယ်။

Muhammad Ali

သူသည် အမေရိကန်လက်ဝှေ့ကျော်တစ်ယောက်ဖြစ်ပြီး လက်ဝှေ့ထိုးခြင်းကို အသက် ၁၂ နှစ်ကတည်းက ဆော့ကစားခဲ့တာပါ။ အသက် ၁၈ နှစ်မှ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။ သူသည် လက်ဝှေ့သမားတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်နှင့် စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့အထ္တုပတ္တိ ၂ အုပ် ရေးသားခဲ့ပါသေးတယ်။

Jack Dempsey

သူသည် ပွဲပေါင်း ၆၆ ပွဲ ယှဉ်ပြိုင်ခဲ့တဲ့အနက် ၅၁ ပွဲကို အနိုင်၊ ကျန် ၆ ပွဲကို အရှုံးဖြင့် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ထိုးပုံထိုးဟန်တွေသည် အနည်းငယ်ရန်လိုတဲ့အသွင်ကို ဖော်ဆောင်တာကြောင့် သူ့ပရိသတ်တွေက သူ့ကစားဟန်ကို အလွန်ပင်ကြိုက်နှစ်သက်ကြပါတယ်။

Mike Tyson

သူ့ကို သံမဏိမိုက်ခ် လို့လည်း ပရိသတ်တွေက နာမည်ပြောင်ပေးထားပါတယ်။ သူသည် ပွဲပေါင်း ၅၀ ယှဉ်ပြိုင်ကစားခဲ့ရာ ၆ ပွဲအရှုံး ကျန် ၄၄ ပွဲအနိုင်ဖြင့် ကစားနိုင်ခဲ့ပါတယ်။ Muhammad Ali ပြီးရင် Mike Tyson သည် ဒုတိယနာမည်အကြီးဆုံး လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။

Henry Armstrong

Henry Armstrong သည် ၁၉၃၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အတွင်း နာမည်ကြီးတဲ့ လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူသည် ပွဲပေါင်း ၁၅၀ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ၂၁ ပွဲသာ ရှုံးခဲ့တာပါ။

Willie Pep

သူသည် ကမ္ဘာ့ချန်ပီယံအဖြစ် ၁၉၄၂ တွင် တစ်ကြိမ်၊ ၁၉၅၀ တွင် တစ်ကြိမ် နှစ်ကြိမ် အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ၂၂၉ ပွဲ အနိုင်ရကာ ၁၁ ပွဲကိုသာ အရှုံးနဲ့ ရင်ဆိုင်ရတာဖြစ်ပါတယ်။ သူသည် ၂၀၀၅ ခုနှစ်တုန်းက Featherweight တန်းတွင် နံပါတ် (၁) လက်ဝှေ့သမားအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

Source: Sportsunfold.com

Featured Image: Boxingnews24