ဒီတစ်ခေါက်မှာတော့ ဘောလုံးချစ် ပရိသတ်တွေအတွက် ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား တွေကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး တောင်ပံကစားသမားစာရင်းမှာ ဘယ်သူတွေ ထိပ်ဆုံးကနေ ရပ်တည်နေလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကို အဆုံးထိ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) Vinicius Jr (Real Madrid)

Photo : Forbes

Real Madrid တောင်ပံကစားသမား Vinicius Jr ကတော့ ပြိုင်ဘက်အသင်း နောက်ခံလူတွေအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ ပြင်းထန်တဲ့ အရှိန်အဟုန် ၊ လျင်မြန်ပြီး လိမ်မာပါးနပ်တဲ့ ကစားဟန်တွေကြောင့် နာမည်ကြီးပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

(၂) Bukayo Saka (Arsenal)

Photo : Eurosport

Arsenal တောင်ပံကစားသမား Bukayo Saka ကတော့ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ကလပ်အသင်းမှာတင်မကပဲ နိုင်ငံတကာ စင်မြင့်မှာပါ သူ့ရဲ့ ဘောလုံးအဆင့်အတန်းကို ပြသထားနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူးရရှိ ထားပါတယ်။

(၃) Mo Salah (Liverpool)

Photo : Arabian Business

ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေအကြောင်းပြောတဲ့အခါ Liverpool ကစားသမား Mo Salah ကိုလည်း ထည့်ပြောရမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အီဂျစ်ဘုရင်ကြီးကတော့ လူငယ်ခြေတက် ကစားသမားတွေနဲ့အပြိုင် ခြေစွမ်းကောင်းတွေပြနေဆဲဖြစ်ပြီး တစ်ရာသီအတွင်း ပျမ်းမျှ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် အထက် စွမ်းဆောင်ထားနိုင်သူ ဖြစ်ပါတယ်။

(၄) Lamine Yamal (Barcelona)

Photo : Daily Sabah

Lamine Yamal ကတော့ အသက် ၁၇ ခုနှစ်သာ ရှိသေးပေမယ့် Barcelona အသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမား တစ်ဦးလို့ ပြောရင် မမှားနိုင်ပါဘူး။ La Masia ထွက် ကစားသမားတစ်ဦး ဖြစ်တဲ့ Lamine Yamal ဟာ တောက်ပတဲ့ ခြေစွမ်းတွေနဲ့အတူ ဒီရာသီ Barcelona အသင်းမှာ အသက်အငယ်ဆုံး ပွဲထွက်ကစားတစ်ဦး ဖြစ်လာခဲ့ပြီး ယူရို 2024 ပြိုင်ပွဲမှာလည်း စပိန်အသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားသူ ဖြစ်ပါတယ်။

(၅) Phil Foden (Man City)

Photo : iNews

လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေထဲက နောက်ဆုံးတစ်ဦးကတော့ ပရိသတ်အချစ်တော် Man City ကစားသမား Phil Foden ပါပဲ။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ် ကစားသမား Phil Foden ကတော့ Man City အသင်းမှာ အတောက်ပဆုံး ခြေစွမ်းတွေနဲ့ ‌ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား တစ်ဦးအဖြစ် အကြိမ်ကြိမ် သက်သေပြထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

Source : Radio Times

Featured Photo : GiveMeSport