Drinks International က ကမ္ဘာ တလွှားမှာရှိတဲ့ အကျော်ကြားဆုံး ယမကာ အမှတ်တံဆိပ် စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့ပြီး ထိပ်တန်း ယမကာ ၁၅ ခုစာရင်းထဲမှာ ဗော့ဒ်ကာ၊ ဝီစကီတွေ တော်တော်များများ ပါဝင်ခဲ့သလို ဂျင်ကတော့ တစ်ခုသာ ပါဝင်ခဲ့ပါတယ်။

(၁၅) Jim Beam

Photo : marketing-interactive

ဘော်ဘွန်ကုမ္ပဏီကြီးဖြစ်တဲ့ Jim Beam ဟာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာ ရှိနေခဲ့တာ ရာစုနှစ် ၂ ခုကျော်ပြီဖြစ်ပြီး ထုတ်လုပ်မှုအပိုင်းမှာလည်း အနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။ Jim Beam ကို ပြောင်း၊ ကောက်၊ မုယောတို့ကို အချိုးအစားညီမျှစွာ အသုံးပြုထားပြီး အာခံတွင်းထဲ ဝင်ဝင်ချင်း မူလအရသာဟာ သကြားညိုနဲ့ လိမ္မော်အရသာ ဖြစ်ပါတယ်။

(၁၄) Pitú

Photo : pitubrazil

ဒီစာရင်းထဲမှာ ပါဝင်တဲ့ တစ်ခုတည်းသော cachaça အမှတ်တံဆိပ်ဖြစ်တဲ့ Pitú ဟာ ကြံသကာအခြေခံထုတ်လုပ်ထားတဲ့ ယမကာ ဖြစ်ပါတယ်။ ဒီယမကာကို Caipirinha မှာ အများဆုံး သောက်သုံးကြပြီး အဝင်ကောင်းပြီး ဈေးချိုတာကြောင့် Pitú ဟာ ဘရာဇီးလ်နိုင်ငံရဲ့ ကော့တေးထဲမှာ အလွန်ကောင်းမွန်တဲ့ ဖြည့်စွက်မှုဖြစ်နေတာဖြစ်ပါတယ်။

(၁၃) Captain Morgan

Photo : simplyalcohol

ဒီ ရမ်အရက်ရဲ့ အမှတ်တံဆိပ် နာမည်ဟာ ဒဏ္ဍာရီထဲမှာသာ တည်ရှိတာမဟုတ်ဘဲ အမှန်တော့ ဝေးလ်နိုင်ငံဖွား ဆာ ဟင်နရီ မော်ဂန်ဟာ ကာရေဘီယံပင်လယ်မှာ စပိန်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဘုရင်မကြီးကိုယ်တိုင်ရဲ့ တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး ပင်လယ်ဓားပြအုပ်စုတွေက ဦးဆောင်တဲ့ သင်္ဘောသားအုပ်စုဟာ နောက်ဆုံးမှာတော့ ၎င်းတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဂျမေကာနိုင်ငံက ကျွန်းတစ်ကျွန်းကို ဝယ်ယူဖို့ အသုံးပြုခဲ့ပါတယ်။ ကပ္ပတိန် မော်ဂန်ကို အစွဲပြုပေးထားတဲ့ ဒီ ရမ်အရက်ဟာ ဗနီလာ၊ သကြားညို၊ သစ်သီးခြောက်များ၊ ဝက်သစ်ချနံ့သင်းပျံ့မှုနဲ့အတူ စွဲမက်ဖွယ် ရနံ့ရှိပါတယ်။

(၁၂) Jack Daniel’s

Photo : beveragedaily

ကျော်ကြားတဲ့ ဝီစကီ အမှတ်တံဆိပ် ဖြစ်တဲ့ Jack Daniel’s ဟာ လူသိများကျော်ကြားတဲ့ ယမကာ အမှတ်တံဆိပ်တစ်ခုသာမကဘဲ ကျော်ကြားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ နှစ်စဉ် တန်နက်ဆီ ယမကာချက်စက်ရုံကို လာရောက်လည်ပတ်သူပေါင်း ၃ သိန်းကျော်ရှိပါတယ်။

(၁၁) Johnnie Walker

Photo : luxe.digital

ဆင်ဂယ်မော့တ် ပင်လယ်တစ်ခုထဲမှာ ဂျော်နီ ဝေါ့ကားဟာ ဂုဏ်ယူစရာ blended စကော့ ဝီစကီဖြစ်ပါတယ်။ ဂျော်နီ ဝေါ့ကားဟာ ဆင်ဂယ်မော့ အမျိုးအစားရဲ့ လူကြိုက်များမှု ကြီးထွားလာတာကို တုံ့ပြန်တဲ့အနေနဲ့ ပိုပြီး တသမတ်တည်းဖြစ်မယ့် စကော့ကို ထုတ်လုပ်ဖို့ ကြိုးပမ်းရာမှာ ရောသမမွှေခဲ့ပါတယ်။

(၁၀) Bacardi

Photo : myrecipes

နာမည်က အီတလီနည်းနည်းဆန်ပေမယ့် ထုတ်လုပ်တဲ့နေရာက ပွာတို ရီကန်မှာဖြစ်ပြီး ဒီ ရမ်အရက်ဟာ တကယ်တော့ ကျူးဘားမှာ သန္ဓေတည်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ကမ္ဘာ့အရောင်းရဆုံးရမ်ဖြစ်တဲ့ Bacardi ဟာ Tanduay ပေါ်လာကတည်းက မြုပ်သွားခဲ့တာဖြစ်ပါတယ်။

(၉) Royal Stag

Photo : Pinterest

ကမ္ဘာ လုံးဆိုင်ရာ အဖျော်ယမကာကုမ္ပဏီကြီးဖြစ်တဲ့ Pernod Ricardရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Royal Stag ဝီစကီဟာ ပြည်တွင်းထွက် စပါးစေ့များနဲ့ ပြည်ပက တင်သွင်းလာတဲ့ စကော့ မော့တ်တွေကို ရောစပ်ထားတာဖြစ်ပါတယ်။ ဒီဝီစကီကို တကမ္ဘာလုံး ဖြန့်ချိပြီး နီပေါလ်မှာ ထုတ်လုပ်တဲ့ ဒီ ဝီစကီဟာ အိန္ဒိယမှာ အကြီးမားဆုံး ပရိသတ်တွေကို ရရှိထားပါတယ်။

(၈) Officer’s Choice

Photo : whiskysaga

Officer’s Choice ဟာ စကော့ မော့တ်နဲ့ အိန္ဒိယစပါးစေ့တွေနဲ့ ပေါင်းစပ်ထားတဲ့ အိန္ဒိယ ဝီစကီဖြစ်ပြီး ဒီဝီစကီရဲ့ မိခင်အမှတ်တံဆိပ် Allied Blenders & Distillers ဟာ Officer’s Choice ကို ၁၉၈၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဆယ်စုနှစ်များစွာအကြာမှာ လူကြိုက်များမှု တဖြည်းဖြည်း တိုးတက်လာတာကို မြင်တွေ့ရပါတယ်။

(၇) Imperial Blue

Photo : imperial-blue

Imperial Blue အိန္ဒိယ ဝီစကီဟာ Pernod Ricard ရဲ့ အမှတ်တံဆိပ်တွေထဲမှာ အကြီးမားဆုံး အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၀ လောက်နဲ့ အဝင်ချောမွေ့ပြီး နှစ်သက်ဖွယ်အရသာကြောင့် ကမ္ဘာ တလွှားက လူတွေရဲ့ နှစ်သက်ခြင်းခံခဲ့ရပါတယ်။

(၆) Smirnoff

Photo : luxe.digital

ကမ္ဘာ ပေါ်မှာ ရေပန်းအစားဆုံးဖြစ်တဲ့ Smirnoff ဟာ ၎င်းရဲ့ ချောမွေ့တဲ့အရသာနဲ့ အသွင်အပြင်ကြောင့် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး blind tastings မှာ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ၎င်းရဲ့ အနံ့အရသာမရှိတဲ့ မျိုးကွဲတွေက လူကြိုက်အများဆုံးဖြစ်ပေမယ့်လည်း Smirnoff ဟာ အရသာ ၃၃ မျိုးထဲက တစ်ခုဖြစ်ပြီး Smirnoff Ice malt liquor soda ဟာ ဗော့ဒ်ကာနဲ့ RTD နယ်ပယ် ၂ ခုစလုံးမှာ အစုအဖွဲ့နာမည်တစ်ခုအဖြစ် ပေါင်းစပ်ထားတာဖြစ်ပါတယ်။

(၅) Emperador Brandy

Photo : Yahoo News

ကမ္ဘာတလွှား ဘရန်ဒီ ဈေးကွက်ကို ဦးဆောင်နေတဲ့ Emperador Brandy ဟာ ဖိလစ်ပိုင်မှာ အခြေတည်တာဖြစ်ပါတယ်။ Emperador ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပထမဆုံး ဘရန်ဒီအမျိုးအစားဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်ပဲ လူကြိုက်များခဲ့တာဖြစ်ပါတယ်။

(၄) Tanduay

Photo : brandingforum

Tanduay ဟာ ၄ နှစ်ဆက်တိုက် ကမ္ဘာ့အကျော်ကြားဆုံး ရမ်ဘွဲ့ကို ရရှိထားခဲ့ပြီး ဖိလစ်ပိုင်ရမ်ဟာ ၎င်းရဲ့ ပထမဆုံး ထုတ်လုပ်ရာဒေသ Isla de Tanduay ကို အမည်မှည့်တွင်ထားတာဖြစ်ပါတယ်။

(၃) McDowell’s No.1

Photo : adstocknepal

McDowell’s No.1 ဟာ United Spirits Limited (USL) က ထုတ်လုပ်တဲ့ အိန္ဒိယ ယမကာ အမှတ်တံဆိပ် ဖြစ်ပြီး United Spirits Limited (USL) ရဲ့ အထင်ကရ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ဒီ အမှတ်တံဆိပ်ရဲ့ ဆောင်ပုဒ်ဟာ Mera No.1(ကျွန်ုပ်ရဲ့ နံပါတ် ၁)ဖြစ်ပါတယ်။

(၂) Ginebra San Miguel

Photo : tastehungary

Ginebra San Miguel ဟာ ဒီစာရင်းထဲမှာ ပါဝင်တဲ့ တစ်ခုတည်းသော ဂျင်အမျိုးအစား ယမကာအမှတ်တံဆိပ် ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က မိသားစုပိုင် အရက်ချက်စက်ရုံမှာ ထုတ်လု်ပခဲ့ပါတယ်။ ၁၈၃၄ ခုနှစ်မှာ ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ရာစုနှစ် ၂ ကျော်နီးပါး အောင်မြင်မှုရရှိထားတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

(၁) Jinro

Photo : waca

Jinro ဟာ ကမ္ဘာ ပေါ်က အရောင်းရဆုံး ယမကာ အမှတ်တံဆိပ် ဖြစ်ပြီး နိသောက်သုံးရာမှာရော ကော့တေးအဖြစ်နဲ့ပါ သောက်သုံးကြပါတယ်။ Jinro ဟာ ကိုရီးယားမှာဆိုရင် ဆိုဂျူးလိုမျိုး ပုံစံဖြစ်ပြီး အစိမ်းရောင်ပုလင်းပေါ်က အရက်တံဆိပ်ဟာ ၎င်းရဲ့ အမှတ်အသားဖြစ်ပါတယ်။

Featured Photo : myrecipes