ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျော့ချပြီး ကျစ်လစ်သွယ်လျတဲ့ ဘော်ဒီကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကယ်လိုရီလောင်ကျွမ်းမှု များတဲ့ လေ့ကျင့်ခန်းတွေကို ကစားပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကယ်လိုရီ ရှယ်လောင်ကျွမ်းစေမယ့် အထိရောက်ဆုံး Fat Burnout Workout အစီအစဉ်ကို ပြောပြပေးသွားမှာပါ။ Fat Burnout Workout Plan မှာ ပြင်းထန်တဲ့ Cardio Exercises တွေ ပါသလို Strength-Training Moves တွေလည်း ပါဝင်တဲ့အတွက် အဆီပိုတွေ ဖယ်ရှားရာမှာ ထိရောက်မှုကတော့ ရာနှုန်းပြည့် ရှိစေမှာ အသေအချာပါပဲ။

(၁) Jumping Jacks

Photo : FITPASS

Jumping Jacks လေ့ကျင့်ခန်းက Calves ၊ Quadriceps နဲ့ Shoulders မာဆယ်တွေကို အဓိက ပစ်မှတ်ထားပြီး ကယ်လိုရီ လောင်ကျွမ်းမှု များတဲ့ Full-Body Exercise တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပြည့် လှုပ်ရှားပြီး ကစားရတာကြောင့် သက်လုံစွမ်းအား တိုးတက်စေမှာ ဖြစ်သလို အဆီပိုတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

(၂) Running In Place

Photo : Sworkit

Running In Place လေ့ကျင့်ခန်းကတော့ တစ်နေရာတည်းမှာပဲ ရပ်ပြီးပြေးရတဲ့ ကစားနည်းပါ။ ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ ခြေကျင်းဝတ်နဲ့ ခြေသလုံး ကြွက်သားတွေရဲ့ သန်မာမှုကို တိုးစေပြီး ကယ်လိုရီ လောင်ကျွမ်းမှုလည်း များပါတယ်။

(၃) Box Jumps

Photo : Men’s Health

ပေါက်ကွဲအားပြင်းပြင်းနဲ့ ခုန်ပေါက်ကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Lower Body ကြွက်သား အစိတ်အပိုင်းတွေ အားလုံးနဲ့ Core ကြွက်သားတွေကို ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါတယ်။ ဒူးအမြင့် သို့မဟုတ် ဒူးအမြင့်ထက် အနည်းငယ်နိမ့်တဲ့ ဘောက်စ်တစ်လုံး ရှိရင် ကစားလို့ ရပါပြီ။

(၄) Kettlebell Swings

Photo : Weight Training Guide

Glutes ၊ Hamstrings ၊ Spinal Erectors နဲ့ Upper Back ဘော်ဒီအစိတ်အပိုင်းတွေမှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားကျစ်လစ်သန်မာစေမယ့် အကောင်းဆုံး Kettlebell လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ကယ်လိုရီ လောင်ကျွမ်းမှု များစေသလို ခန္ဓာကိုယ်တစ်ခုလုံးနီးပါးက ကြွက်သားတွေအပေါ် သက်ရောက်မှုရှိတဲ့ Full-Body Workout ဖြစ်ပါတယ်။

(၅) Medicine Ball Slams

Photo : DMoose

Medicine Ball Slams ကတော့ ခွန်အားသုံးပြီး ပြင်းပြင်းထန်ထန် ကစားရတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်တဲ့အတွက် ကယ်လိုရီ လောင်ကျွမ်းမှုကတော့ တော်တော်လေးများပါတယ်။ Upper Body နဲ့ Lower Body ၂ ခုလုံးကို အချိုးညီညီ ထိရောက်မှု ရှိစေတာပါ။ Upper Back ၊ Core Muscles ၊ Triceps ၊ Glutes ၊ Quads နဲ့ Hamstrings ကြွက်သားတွေကို ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါတယ်။

Source : magicpin

Featured Photo : Muscle & Fitness