ကျားဟော်မုန်း လို့ခေါ်တဲ့ Testosterone Level ကျခြင်းက ကျန်းမာရေးပြဿနာမျိုးစုံကို သယ်ဆောင်လာတတ်ပါတယ်။ Testosterone ကျလာရင် လိင်စိတ်ကျဆင်းမယ်။ စိတ်ဓါတ်ကျဆင်းပြီး ကိုယ်အလေးချိန်တက်မယ်။ အရိုးတွေ ပါးပြီး ဆံပင်တွေ ကျွတ်မယ်။ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရပါမယ်။ ဒါကြောင့် ဒီပြဿနာတွေလည်း မဖြစ်ရအောင် Testosterone Level တက်လာစေမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကောင်းကောင်းအိပ်ပါ

Photo : Pexels

နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းက Testosterone Level ပိုတက်စေတယ်ဆိုတာ သိပါသလား။ အကောင်းဆုံးက တစ်ရက်ကို ၇ နာရီနဲ့ ၉ နာရီအကြား အိပ်ပေးဖို့ပါ။ အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို အားသွင်းနေတာ ဖြစ်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့အကျိုးကို ပေးနိုင်ပါတယ်။

(၂) Workout ကစားပါ

Photo : Eat This Not That

Weight မတာ ၊ Squats ၊ Deadlifts နဲ့ Bench Press ကစားတာဟာ Testosterone တက်စေနိုင်ပါတယ်။ အမြဲတမ်းဆက်တိုက် အားကစားလုပ်ရင်တော့လည်း Testosterone Level ကျတတ်ပါတယ်။ အကောင်းဆုံးက တစ်ပတ်ကို ၄ ရက် Workout ကစားတာ ဖြစ်ပါတယ်။ ဒါက ဝိတ်လည်း ကျစေသလို ကျားဟော်မုန်း လည်း ပိုထွက်လာစေနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့ချပါ

Photo : Calgary Counselling Centre

သောကများတာ ၊ စိတ်ပူတာကလည်း ကျားဟော်မုန်း ပမဏကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပူလို့ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ Cortisol Level တက်လာလေလေ ခန္ဓာကိုယ်က Testosterone Level ပိုထုတ်လေလေပါပဲ။ ဒါကြောင့် စိတ်ဖိစီးရမယ့် အခြေအနေတွေ ရှောင်ပါ။ သောကနည်းအောင်နေထိုင်ပါ။

(၄) အရက်ဖြတ်ပါ

Photo : Clean Co

အရက်အလွန်အကျွံ သောက်ခြင်းကလည်း ကျားဟော်မုန်း ထုတ်မှုကို ကျဆင်းစေနိုင်ပါတယ်။ အရက်ဟာ Testosterone Level ကျခြင်းထက် ပိုပြီး ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာပါတယ်။ အနည်းအကျဉ်းသောက်ခြင်းကတော့ ပြဿနာမရှိပါဘူး။ ဒါကြောင့် အရက်ကို တတ်နိုင်သမျှ ရှောင်ပါ။ သောက်ရင်လည်း မလွန်စေပါနဲ့။ ဆေးဖြစ်ရုံပဲ သောက်ပါလို့ အကြံပေးချင်ပါတယ်။

(၅) ဖြည့်စွက်စာ စားပါ

Photo : Fortune

Testosterone Level ကျနေတဲ့သူတွေအတွက် အကောင်းဆုံး Supplement က မဂ္ဂနီဆီယမ်နဲ့ ဇင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်နဲ့ မဂ္ဂနီဆီယမ် မလုံလောက်ရင် ဖြည့်စွက်ဆေးသောက်ပေးဖို့ လိုပါတယ်။ ဆေးသောက်မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အညီသောက်ဖို့တော့ လိုပါတယ်။ နောက်ထပ် Supplement တစ်ခုက ဗိုက်တာမင်ဒီသောက်ပေးပါ။ ဗိုက်တာမင်ဒီ မသောက်လည်း ဖြစ်ပါတယ်။ မနက်စောစော နေဆာလှုံပေးရင် ဖြစ်ပါတယ်။

Source : Healthline

Featured Photo : Peakpx