TRT ဆိုတာ Testosterone Replacement Therapy ကို ခေါ်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း အစားထိုး ကုထုံး လို့ နားလည်လွယ်အောင် ပြောရမှာပါ။ အခြေခံအားဖြင့် Hypogonadism လို့ခေါ်တဲ့ ကျားဟော်မုန်း ထုတ်လုပ်မှုမှာ ပြဿနာရှိနေတဲ့ အမျိုးသားတွေနဲ့ အသက်အရွယ်အရ ၊ စားသောက်နေထိုင်မှု ပုံစံတွေအရ ကျားဟော်မုန်း ကျဆင်းမှု ကြုံနေရတဲ့ အမျိုးသားတွေအတွက် အဓိက ကုသနိုင်တဲ့ ဟော်မုန်းအစားထိုး ကုထုံးတစ်မျိုး ဖြစ်ပါတယ်။

Photo : Jamaica Hospital Medical Center

တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်းဟာ အမျိုးသားတွေအတွက် အလွန်အရေးကြီးတဲ့ ဟော်မုန်းတစ်ခု ဖြစ်ပြီး ကြွက်သားတည်ဆောက်ဖို့ ၊ ခန္ဓာကိုယ် အမွှေးအမျှင်တွေ သန်စွမ်းဖို့ ၊ အရိုးသိပ်သည်းဆ မြင့်မားဖို့ ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ကောင်းမွန်ဖို့ ၊ လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ဖို့စတဲ့ အချက်တွေအတွက် အဓိက လုပ်ဆောင်ပေးပါတယ်။ ကွီးတို့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) အလုံအလောက် မထုတ်လုပ်နိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ ၊ လိင်အင်္ဂါ ကမောက်ကမဖြစ်တာ၊ အလွယ်တကူ ပင်ပန်းနွမ်းနယ်တာ ၊ ကြွက်သားထုကျဆင်းတာတွေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ကျဆင်းခြင်းဟာ အသက်ကြီး အမျိုးသားတွေမှာ ပိုပြီး ဖြစ်နိုင်ခြေရှိပေမယ့် စားသောက်နေထိုင်မှုပုံစံ Lifestyle နဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ငယ်ရွယ်သူ အမျိုးသားတွေမှာပါ ဖြစ်တက်ပါတယ်။ ဒီနောက်ပိုင်းမှာ ကျားဟော်မုန်း ကျဆင်းမှုပြသကို ကုသဖို့အတွက် ရေပန်းစားလာတဲ့ ကုထုံး နည်းတွေထဲကတစ်ခုဟာ Testosterone Replacement Therapy (TRT) ပါ။ Testosterone Replacement Therapy ကုထုံးကို နည်းလမ်း ၅ မျိုးနဲ့ ကုသလေ့ရှိကြပြီး ၎င်းတို့ကတော့ Injections ၊ Topical Gels ၊ Topical Patches ၊ Implants နဲ့ Tablets ဆိုပြီး ကုသမှုပုံစံတွေ ခွဲထားပါတယ်။

Photo : SheCares

Testosterone Replacement Therapy ကုထုံးကို Hypogonadism ပြဿနာ ရှိတဲ့ အမျိုးသားတွေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကျားဟော်မုန်း ကျဆင်းမှု ပြဿနာ ကြုံနေရတဲ့ အရွယ်သုံးပါး အမျိုးသားတိုင်း ကုသမှု ခံယူနိုင်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း အစားထိုး ကုသခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကတော့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်စိတ်နိုးကြားတက်ကြွမှု Libido ပိုမိုကောင်းမွန်လာခြင်း ၊ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏ တိုးမြင့်လာခြင်း ၊ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေခြင်း ၊ ကြွက်သားထုထည်နဲ့ အရိုးသိပ်သည်းဆ တိုးလာခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ မြှင့်တင်ပေးခြင်း စတဲ့ ကောင်းကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ Testosterone Replacement Therapy ခံယူမယ်ဆိုရင်တော့ အရင်ဆုံး ကွီးတို့ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်း ပမဏကို တိုင်းတာဖို့လိုအပ်ပြီး ကုထုံး မခံယူခင်မှာ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

Source : Healthshots

Featured Photo : Dr Ben Medical