ကြယ်တာရာ များရဲ့ အလှအပကို ကြည့်ရှုခံစားချင်တဲ့ ကွီး တို့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာဒေသများရှိပါတယ်။ အခုဖော်ပြပေးမယ့် နေရာဒေသများသို့ ရောက်ရှိသွားတဲ့အခါ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရတာကြောင့် ဘဝရဲ့အနှစ်သာရပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။

Chile နိုင်ငံရှိ Atacama ကန္တရ

လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ ကားများ၊ စက်ရုံများ မရှိတဲ့အတွက်ကြောင့် ကြယ်တာရာ များကို ကြည့်ရှုချင်တဲ့ ကွီး တို့ရဲ့ သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကြယ်ရောင်စုံများ လင်းလက်နေတာကို ညဘက်မှာ မြင်တွေ့ရမှာဖြစ်ပြီး တယ်လီစကုပ်ဖြင့်လည်း အာကာသဟင်းလင်းပြင်ထဲသို့ လေ့လာကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်။ ကမ္ဘာလှည့်ခရီးသွားအချို့လည်း လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

Canary ကျွန်းရှိ Tenerife

ဒီနေရာလေးသည်လည်း ကြယ်တာရာ များ ကြည့်ရှုချင်တဲ့ ကွီး တို့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု ကင်းစင်ဖို့ရန်နှင့် ကြယ်တာရာများ လာရောက်ကြည့်ရှုသူများအတွက် ထိုနေရာတစ်ဝိုက်တွင် လေယာဉ်ပျံ ပျံသန်းမောင်းနှင်ခြင်းကိုလည်း ထိန်းချုပ်ထားပါသေးတယ်။

နယူးဇီလန်နိုင်ငံရှိ Aoraki Mackenzie International Dark Sky Reserve

ဘေးပတ်ပတ်လည်မှာ တောင်တွေ ဝန်းရံလျက်ရှိပြီး Camp ထွက်ချင်သူများအဖို့ ရွေးချယ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဂျပန်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံရှိ အာကာသာယာဉ်မှူးများလည်း လာရောက်လည်ပတ်လေ့ရှိကြပြီး လာရောက်လည်ပတ်သူများအနေနဲ့ တောင်ကမ္ဘာခြမ်းရှိ နဂါးငွေ့တန်းကလက်ဆီကြီးကိုပါ ကြည့်ရှုခံစားနိုင်ပါတယ်။

ကနေဒါနိုင်ငံရှိ Nova Scotia

ကနေဒါနိုင်ငံသို့ အလည်ရောက်ဖြစ်တဲ့အခါ Nova Scotia သို့ သွားရောက်လည်ပတ်ဖို့လည်း မမေ့ပါနဲ့။ ညဘက်ရောက်တဲ့အခါ ကြယ်ရောင်စုံများ လင်းလက်တောက်ပနေတဲ့ ကောင်းကင်ကြီးကို ရင်သပ်ရှုမောစွာ ခံစားရမှာပဲဖြစ်ပါတယ်။

Iceland နိုင်ငံရှိ Northern Lights Tour

Photo: TripSavvy

Northern Lights ခေါ် အော်ရိုရာလေးတွေကတော့ ဘာနဲ့မှကို မလဲနိုင်တဲ့ သဘာဝရဲ့ အလှတရားတစ်ခုပဲ ဖြစ်ပါတယ်။ ကြယ်ရောင်စုံလေးတွေတော့ မြင်တွေ့ရမှာမဟုတ်ပေမယ့် ကြယ်တာရာများထက် ပိုလှတဲ့ အစိမ်းရောင် အလင်းတန်းများ ပြေးလွှားဆော့ကစားနေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Source: Smithsonianmag

Featured Image: Ondeckby.dinga.com.au