သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အမျိုးသားတွေကြားမှာ ရေပန်းစားလာတဲ့ ပစ္စည်းတစ်ခုက Delay Spraysလို့ ခေါ်တဲ့ သုတ်လွှတ်ခြင်းကို ကြန့်ကြာစေတဲ့ ဖြန်းဆေးတစ်မျိုးပါ။ Delay Sprays တွေမှာ Lidocaine သို့မဟုတ် Benzocaine တို့လို ပစ္စည်းတွေပါဝင်ပြီး ၎င်းက လိင်တံ တစ်သျှူးတွေမှာရှိတဲ့ အာရုံကြောတွေကိုယာယီ ထုံထိုင်းသွားစေပြီး လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျှော့ချပေးတာကြောင့် သုတ်လွှတ်ချိန်ကို ကြာစေတာ ဖြစ်ပါတယ်။

Photo : Formen Health

Delay Sprays တွေ အသုံးပြုတဲ့အခါမှာ သုတ်လွှတ်ချိန်ကို ယာယီဆွဲဆန့်ပေးတာကြောင့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားလာစေပြီး သင်ရောသင့် နှစ်ဦးလုံးအတွက် လိင်စိတ်ကျေနပ်မှုကို ကောင်းကောင်း ခံစားရရှိစေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ သုက်လွှတ်မြန်တဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ် များနေတဲ့ အမျိုးသားတွေအနေနဲ့ အဆိုပါ ပြဿနာအပေါ် စိုးရိမ်သောကရောက်တာ သို့မဟုတ် စွမ်းဆောင်ရည် ကောင်းကောင်းမပြနိုင်မှာဆိုးတဲ့ ဖိအားတွေကို လျော့ကျစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အိပ်ရာထက်မှာ အစွမ်းပြနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

Delay Sprays တွေဟာ သောက်သုံးရတဲ့ ဆေးဝါးတွေ သို့မဟုတ် လိင်တံအတွင်းသို့ ထိုးသွင်းရတဲ့ ထိုးဆေးတွေလို မဟုတ်တာကြောင့် ဘေးထွက်ဆိုးကျိုး နည်းပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ အားသာချက် ရှိပါတယ်။

Delay Sprays တွေကို ဘယ်လို အသုံးပြုရမလဲ

Photo : UPGUYS

ပထဆုံးအနေနဲ့ ဆေးပါ အညွှန်းကို သေချာလေး ဖတ်ဖို့လိုပြီး ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လိင်မှုဆိုင်ရာ လှုပ်ရှားမှု မလုပ်ဆောင်မီမှာ Delay Spraysတွေကို လိင်တံပေါ်သို့ တိုက်ရိုက် ဖြန်းနိုင်ပါတယ်။

အာနိသင်ကောင်းကောင်း ပြစေဖို့ ဆေးဖြန်းပြီး အချိန်အနည်းငယ် စောင့်ဆိုင်းပေးရပါမယ်။

ဖြန်းဆေး ပမာဏကို အလွန်အကျွံ အသုံးပြုတာ သို့မဟုတ် ညွှန်းကြားထားတဲ့ ပမဏထက်ပိုပြီး သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။

ဆေးဖြန်းပြီးနောက် လိင်တံ အရေပြားမှာ ယားယံတာ ၊ နီမြန်းတာ တို့လို ဓာတ်မတည့်မှု တစ်စုံတစ်ရာ ခံစားရပါက အသုံးပြုမှုကို ချက်ချင်းရပ်ပြီး နီးစပ်ရာ ကျန်းမာရေး စင်တာ သို့မဟုတ် ဆရာဝန်နဲ့ သွားရောက် ပြသစစ်ဆေး သင့်ပါတယ်။

ကွီးတို့ရော Delay Spraysတွေ သုံးကြည့်ပြီးပြီလား ???

Source : Netmeds.com

Featured Photo : UPGUYS