ရီးယဲလ် မက်ဒရစ်အသင်းက အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အသက်အရွယ်အရ တဖြည်းဖြည်း အကျပိုင်းကို ရောက်လာပြီဖြစ်တဲ့ လူကာ မိုဒရစ် နဲ့ တိုနီ ကရူးစ်တို့ နေရာအတွက် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ပါတယ်။ ဒီ ဆယ်ကျော်သက် ကစားသမားက overrated ဖြစ်လွန်းတာ ရီးယဲလ်အတွက် အင်္ဂလန်ဂျင်းမိသွားပြီ စသဖြင့် ဝေဖန် ပြောဆိုနေကြပေမယ့်လည်း ရီးယဲလ်ကတော့ ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်မိတာ တိုက်စစ်အတွက်ပါ အကျိုးပြုနိုင်တဲ့ တိုက်စစ်မှူးတစ်ဦး ရသွားသလိုတောင် ဖြစ်နေရပါတယ်။

Photo Credit : The Independent

ဘယ်လင်ဟမ်က ရီးယဲလ် ကစားသမားဘဝ ပထမဦးဆုံး ပွဲစဉ်မှာလည်း မန်ယူနိုက်တက်အသင်းဘက်ကို ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါက ခြေစမ်းပွဲသာ ဖြစ်လို့ အားလုံးက သိပ်မှတ်မှတ်ရရ မရှိကြပေမယ့် ဘယ်လင်ဟမ်ကတော့ ရီးယဲလ်အတွက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ် စပိန် လာလီဂါ တာထွက်ကနေ ပွဲစဉ် (၄)အထိ သွင်းဂိုးတွေ ဆက်တိုက် ရယူပေးရင်း သြဂုတ်လ တစ်လတာရဲ့ အကောင်းဆုံး လာလီဂါ ကစားသမားအဖြစ်ပါ ရွေးချယ်ခံခဲ့ရပါသေးတယ်။

Photo Credit : The Real Champs

အသင်းမှာ အားထားရတဲ့ တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ ရီးယဲလ်က အခုဆိုရင် ဘန်ဇီမာနေရာမှာ ဘယ်လင်ဟမ် (သို့) ဘယ်ဇီမာကို ပြန်ရလိုက်သလိုပါပဲ။ လက်ရှိမှာ ဘယ်လင်ဟမ်က လာလီဂါ (၄)ပွဲအတွင်း (၅)ဂိုးအထိ သွင်းယူထားရင်း ဒီရာသီ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့ ရပ်တည်ထားပါတယ်။ တကယ်ဆို မနေ့ညက ဂီတာဖေးနဲ့ ပွဲမှာ ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်ဟာ အရမ်းမကောင်းခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်ရဲ့ လက်ရှိ သွင်းဂိုး luck က လုံးဝ on fire ပါပဲ။

Photo Credit : The Real Champs

ဒါကြောင့် ဒီနွေမှာ ရီးယဲလ်တို့ ကီလီယန် အမ်ဘာပေကို မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်လို ဂိုး luck ရှိတဲ့ ဂိုးသွင်းအားကောင်းမွန်တဲ့ ကစားသမားတစ်ဦးကို ရရှိလိုက်တာက အသင်းအတွက် အရမ်းကို အကျိုးရှိစေခဲ့ပါတယ်။ ဒါ့အပြင် မိုဒရစ် ကရူးစ်တို့အလွန် ဘယ်လင်ဟမ် ကာမာဗင်ဂါ ချူယာမန်နီ ဗယ်လ်ဗာဒီတို့နဲ့ သွေးသစ်လောင်းထားတဲ့ ကွင်းလယ် အစုအဖွဲ့ကလည်း ရီးယဲလ်အတွက် အားရစရာကောင်းနေပါတယ်။

Featured Photo : Eurosport