လိင်မှုကိစ္စဟာ သက်ရှိတိုင်းရဲ့ ဘဝထဲက ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ လုပ်ငန်းဆောင်တာ တစ်ခုပါ။ သို့သော်လည်း ရောဂါပြန့်ပွားစေနိုင်တဲ့ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေတဲ့ ချစ်တင်းနှောမှု ပုံစံတွေကိုတော့ ရှောင်သင့်ပါတယ်။ ချစ်တင်းနှော ခြင်းကနေ ပျော်ရွှင်မှုရမယ့် အစား ကွိုင်တက်သွားနိုင်တဲ့ အန္တရာယ် ရှိတဲ့ ဆက်ဆံမှု ပုံစံတွေ အကြောင်း ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးချင်ပါတယ်။

(၁) အကာအကွယ်မဲ့ ချစ်တင်းနှောခြင်း

Photo : MedicalNewsToday

အကာအကွယ်မဲ့ ချစ်တင်းနှောတာဟာ HIV အပါအဝင် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်ခံရနိုင်ခြေ များစေပါတယ်။ ဒါတင်မကသေးပါဘူး မမျှော်လင့်ပဒ ကိုယ်ဝန်ရနိုင်ခြေလည်း ရှိတာကြောင့် အကာအကွယ်မဲ့ ဆက်ဆံတာဟာ လုံးဝရှောင်သင့်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

(၂) ဆက်ဆံဖော်များခြင်း

Photo : Write Choice

ဆက်ဆံဖော် ပါတနာလေ ရောဂါပိုး ကူးစက်ခံရဖို့ အခွင့်အရေးပိုများလေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှု နောက်ခံရာဇဝင်ကို မသိပါပဲ ၊ ရောဂါရှိမရှိ သေချာမစစ်ဆေးပဲ မတူညီတဲ့ လူများစွာနဲ့ လိင်မှုကိစ္စ ဆက်ယှက်မယ်ဆိုရင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ အခွင့်အရေး အင်မတန် များပါတယ်။

(၃) စအိုနဲ့ ဆက်ဆံခြင်း

Photo : Pharmazeutische Zeitung

စအိုနဲ့ ချစ်တင်းနှော တာဟာ ပုံမှန် လိင်မှုဆိုင်ရာ လှုပ်ရှားတစ်ခုလို့ သတ်မှတ်ထား ကြပါတယ်။ ဒါပေမယ့် စအိုနဲ့ ဆက်ဆံခြင်းကနေတဆင့် HIV နဲ့ အခြားသော STDs ရောဂါတွေ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ အကြောင်းကတော့ စအိုဟာ မိန်းမကိုယ်ထက် ထိရှလွယ်ပြီး အရေပြားဧရိယာ အလွယ်တကူ စုတ်ပြတ်ပျက်စီး နိုင်တာကြောင့် ရောဂါပိုးစက်ခံရဖို့ အလားအလာ ပိုများပါတယ်။

(၄) အခကြေးငွေနဲ့ ဆက်ဆံခြင်း

Photo : Keyser Law Firm

လိင်မှုဆိုင်ရာ ဖျော်ဖြေရေး နေရာတွေမှာ အခကြေးငွေပေးပြီး ဆက်ဆံတာဟာလည်း အန္တရာယ်ရှိတဲ့ ဆက်ဆံမှု ပုံစံတွေထဲက တစ်ခုပါပဲ။ အခကြေးငွေနဲ့ ဆက်ဆံခြင်းဟာ ရောဂါအန္တရာယ်အတွက် အာမခံချက် မရှိပါဘူး။ ဒါကြောင့် HIV အပါအဝင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်တယ် ဆိုတာကို သတိပြုရပါမယ်။

Source : Web MD

Featured Photo : Times of India