အနာဂတ်တွေ မတောက်ပရင် နေပါစေ ၊ ကြည်လင်ဝင်းပတဲ့ အသားအရေလေးတော့ လိုချင်တယ်ဆိုရင် ကွီးတို့အိမ်မှာ Body Scrubs ပုံမှန်တိုက်ပေးဖို့တော့ လိုပါမယ်။ Body Scrubs လို့ပြောလိုက်တာနဲ့ ဈေးကြီးတဲ့ Products တွေကိုပဲ ပြေးမမြင်ပါနဲ့ ကွီးတို့ အိမ်မှာပဲရှိတဲ့ အိမ်သုံးပစ္စည်းတွေကို သုံးပြီး အသားအရေ ကြည်လင်ဝင်းပ နူးညံ့စိုပြေစေမယ့် Homemade Body Scrubs ပြုလုပ်နည်းတွေ ဒီဆောင်းပါးကနေ ပြောပြပေးပါမယ်။

အသားအရေ Glow စေမယ့် ကော်ဖီ + အုန်းဆီ Body Scrubs

Photo : Times Of India

ကော်ဖီမှာ အသားအရေ အတွက်ကောင်းတဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်သလို အုန်းဆီမှာလည်း အသားအရေကို နူးညံစိုပြေစေပြီး အစိုဓာတ်ဖြည့်တင်းပေးတဲ့ ဂုဏ်သတ္တိတွေ ပါပါတယ်။ ကော်ဖီမှုန့်နဲ့ အုန်းဆီကို အချိုးကျ ရောစပ်ထားတဲ့ Body Scrubs ကို ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့ပြီး စိုပြေဝင်းမွတ်တဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

အသားအရေကို ဂျေးချွတ်ပေးပြီး အစိုဓာတ်ဖြည့်ပေးမယ့် သကြား + သံလွင်ဆီ Body Scrubs

Photo : Times Of India

Sensitive Skin သမားတွေအတွက် အရမ်းကောင်းတဲ့ Body Scrubs တစ်မျိုးပါ။ အရေပြားပေါ်က ဆဲလ်သေတွေကို ထိရောက်စွာ ဖယ်ရှားပေးပြီး သံလွင်ဆီက အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးကာ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သကြား ခွက်တစ်ဝက်နဲ့ သံလွင်ဆီ ၂ ဇွန်းခန့်ကို ရောစပ်ပြီး ကွီးတို့ ခန္ဓာကိုယ်ပေါ်မှာ အချိန် ၁၅ မိနစ်ခန့်လောက် ညင်သာစွာ ပွတ်တိုက် ဂျေးချွတ်ပေးရမှာ ဖြစ်ပါတယ်။

အသားအရေ ရောင်ရမ်းမှုတွေကို သက်သာစေမယ့် အုတ်ဂျုံ + ပျားရည် Body Scrubs

Photo : Times Of India

ကွီးတို့ အသားအရေက ယားယံလွယ်တယ် ၊ နီမြန်းရောင်ရမ်းလွယ်တယ်ဆိုရင် အုတ်ဂျုံ + ပျားရည် Body Scrubs ကို သုံးပေးပါ။ အုတ်ဂျုံက အသားအရေ နီးမြန်းရောင်ရမ်းခြင်းတွေ ၊ ယားယံခြင်းတွေကို သက်သာစေပြီး ပျားရည်ကတော့ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးကာ ဘက်တီးရီးယား ပိုးမွှားတွေရဲ့ ရန်ကနေလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အုတ်ဂျုံနဲ့ ပျားရည်တို့ကို ဆတူရောစပ်ပြီး အရေပြားပေါ် ညင်သွာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။

Source : Times Of India

Featured Photo : Brickell Men’s Products