ကွီး တို့အတွက် ခန္ဓာကိုယ်ရှိ အဆီပို များကို ဖယ်ရှားပြီး ကြွက်သားများနဲ့ ကျစ်လျစ်နေစေချင်တယ်ဆိုရင်တော့ အထိရောက်ဆုံးနည်းလမ်းကတော့ Diet လုပ်ခြင်းနှင့် လေ့ကျင့်ခန်း များ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရှိ အဆီပိုများ အထူးသဖြင့် တင်ပါးရှိအဆီပိုများသည် ချေဖျက်ရအခက်ဆုံးပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကွီး တို့အတွက် ထို အဆီပို များကို ဖယ်ရှားဖို့အတွက် မှန်ကန်တဲ့ လေ့ကျင့်ခန်း များနဲ့ သေချာပြုလုပ်မယ်ဆိုရင်တော့ ခက်ခဲတဲ့အရာတစ်ခုမဟုတ်တော့ပါဘူး။

လေ့ကျင့်ခန်း မစခင်မှာ သွေးပူလေ့ကျင့်ခန်းဖြင့် ၁၀ မိနစ်ခန့် အစပြုရမယ့်အချက်ကိုလည်း မေ့မထားသင့်ပါဘူး။ ပြီးရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၁)

Source: Menshealth

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီးနောက် လက်နှစ်ဖက်က ပုခုံးတစ်ဖက်တစ်ချက်စီပေါ်တွင် ယှက်တင်ထားကာ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ပြုလုပ်ထားပါ။

အဆင့် (၂) အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ ဒူးအနည်းငယ် ကွေးပြီး ပုံပါအတိုင်း Squat ထိုင်လိုက်ပါ။

အဆင့် (၃) ထို့နောက် အသက်ရှူထုတ်ပြီး မတ်တပ်ပြန်ရပ်လိုက်ပါ။

အဆင့် (၂) နဲ့ (၃) ကို တစ်လှည့်စီ ပြုလုပ်ပါ။ စုစုပေါင်း ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပါ။ ခါးထောက်ကာ အသင့်အနေအထားပြင်ပါ။

အဆင့် (၂) ညာခြေကို ဘေးသို့ကားလိုက်ပြီး ညာဒူးကို အနည်းငယ် ကွေးညွှတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

အဆင့် (၃) ဘယ်ခြေကို ဘေးသို့ကားလိုက်ပြီး ဘယ်ဒူးကို အနည်းငယ် ကွေးညွှတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

ဘယ်ညာတစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၆ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

Source: Biqbandtraining

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်အနေအထားဖြင့် အသင့်ပြင်ထားပါ။

အဆင့် (၂) ထို့နောက် ညာခြေကို ဘေးသို့ ကားထုတ်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

၁၀ ကြိမ် ပြည့်သွားတဲ့နောက်မှာတော့ ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားကာ နံရံကို မှီပြီး မတ်တပ်ရပ်နေပါ။

အဆင့် (၂) ထို့နောက် ဒူးကို ၉၀ ဒီဂရီဖြစ်သွားအောင် ကွေးညွှတ်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားလိုက်ပါ။ ပြီးရင်တော့ မူလအနေအထားအတိုင်း ပြန်နေလို့ရပါပြီ။

လေ့ကျင့်ခန်း (၅)

Source: Loop-cn

အဆင့် (၁) Resistance Band ကို ပေါင်ရင်းနားမှာ ထားထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားကာ အသင့်အနေအထားပြင်ပါ။

အဆင့် (၂) ထို့နောက် ဒူးအနည်းငယ်ကွေးကာ ဂဏန်းသွားပုံစံလိုမျိုး ဘေးတိုက် လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်။

ဘယ်ဘက်ကို ခြေလှမ်း ၁၀ လှမ်း၊ ညာဘက်ကို ခြေလှမ်း ၁၀ လှမ်းပြုလုပ်ရပါမယ်။ တစ်ကျော့ပြည့်သွားပြီဆိုရင်တော့ နောက်ထပ် ၂ ကျော့ ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် ခုံတန်းရှည်လေးတစ်ခု လိုအပ်ပါလိမ့်မယ်။

အဆင့် (၁) ညာခြေကို ခုံပေါ်မှာ တင်ထားကာ အသင့်ပြင်ပါ။

အဆင့် (၂) ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး ခုံပေါ်သို့ တက်လိုက်ပါ။ ဘယ်ခြေကိုတော့ လေထဲမှာသာ မြှောက်ထားလိုက်ပါ။

အဆင့် (၃) ဘယ်ခြေထောက် ပြန်ချပါ။

စုစုပေါင်း ၁၅ ကြိမ် ပြုလုပ်ရပါမယ်။

ညာခြေပြီးသွားပြီဆိုရင်တော့ ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ၁၅ ကြိမ် ပြုလုပ်ပါ။ ထိုအဆင့်အထိ ပြီးသွားပြီဆိုရင်တော့ တစ်ကျော့ ပြီးသွားပါပြီ။ နောက်ထပ် ၂ ကျော့ ဆက်လက်ပြုလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၇)

Source: Flab Fix

အဆင့် (၁) ကြမ်းပြင်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေပါ။

အဆင့် (၂) ဘယ်ခြေကို အပေါ်သို့ မြှောက်ကာ ဆန့်တန်းလိုက်ပါ။ ၁၀ ကြိမ် ပြုလုပ်ပါ။

ထို့နောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ ညာခြေကိုလည်း ထိုနည်းအတိုင်း ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၈)

Source: Menshealth

အဆင့် (၁) ဒူးနှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားလိုက်ပါ။

အဆင့် (၂) ပုံမှန် Squat ထိုင်နေကျအတိုင်း ထိုင်ချလိုက်ပါ။

အဆင့် (၃) ပြီးရင်တော့ အပေါ်သို့ ခုန်လိုက်ပါ။

အဆင့် (၂) နဲ့ (၃) ကို တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအားလုံး ပြီးသွားတဲ့နောက်မှာတော့ အကြောလျော့လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ဆက်လက်ပြုလုပ်ပေးပြီးတဲ့နောက်မှာတော့ အနားယူလို့ရပါပြီ။

Source: Healthline

Featured Image Source: Mensjournal