လေ့ကျင့်ခန်း ပြုလုပ်တဲ့ ကွီး တို့အနေနဲ့ အားကစားကို သက်သောင့်သက်သာနဲ့ ပြုလုပ်နိုင်ဖို့ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ အားကစားဝတ်စုံများလည်း လိုအပ်သလို သက်သောင့်သက်သာ စီးနိုင်မယ့် အားကစားဖိနပ် များလည်း လိုအပ်ပါတယ်။

ကွီး တို့အနေနဲ့ အားကစားဖိနပ် များကို ရွေးချယ်ဝယ်ယူတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ ရှိပါတယ်။ ထိုအချက်များကတော့ ဖိနပ်နဲ့ ကိုယ်နဲ့သည် တစ်သားတည်း ဖြစ်မဖြစ်၊ ကိုယ့်ရဲ့ ဖက်ရှင်နဲ့ လိုက်ဖက်မှု ရှိ မရှိ စတဲ့အချက်များအပြင် စီးနင်းတဲ့အခါမှာလည်း အရမ်းကြီး ကျပ်လွန်းနေတာမျိုး (သို့) ချောင်လွန်းနေတာမျိုးဖြစ်မဖြစ်ဘဲ ကိုယ့်ခြေထောက်နဲ့ ကွက်တိကျနေဖို့လည်း လိုပါသေးတယ်။

ကွီး တို့အတွက် ဈေးကွက်ထဲမှာလည်း ရွေးချယ်ဝယ်ယူနိုင်တဲ့ အားကစားဖိနပ် ဘရန်းအမျိုးမျိုးရှိပါတယ်။ ထိုအထဲကမှ အရည်အသွေးကောင်းပြီး လူကြိုက်များတဲ့ အားကစားဖိနပ်တံဆိပ်များကို ဝေမျှပေးလိုက်ရပါတယ်။

Nike

Photo: Nike

ဒီဇိုင်းပိုင်းပဲ ယှဉ်မလား၊ ဒါမှမဟုတ် သက်သောင့်သက်သာရှိ မရှိ အပိုင်းပဲ ယှဉ်မလား။ Nike ကတော့ ပထမနေရာမှာ ဗိုလ်စွဲနေပါတယ်။ ဒီတံဆိပ်သည် နှစ်နာရီကြာခန့် မာရသွန်ပြေးနေတဲ့ အပြေးသမားများတောင် ခြေထောက်မနာဘဲ သက်သောင့်သက်သာနဲ့ ပြေးနိုင်ဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Adidas

Photo: Adidas

Nike နဲ့ အပြိုင် နာမည်ကြီးတာကတော့ Adidas ပဲဖြစ်ပါတယ်။ Adidas ရဲ့ အမာခံဖန်တွေကတော့ ဖိနပ်ရဲ့ ဒီဇိုင်းကို ကြိုက်နှစ်သက်ကြပြီး အားကစားပြုလုပ်တဲ့အခါမှာလည်း ဖက်ရှင်ကျတဲ့အပြင် သက်သောင့်သက်သာလည်းဖြစ်လို့ နှစ်သက်ကြပါတယ်။

Asics

Photo: Runnersworld

ဂျပန်ဘရန်းတစ်မျိုးဖြစ်ပြီး လတ်တလောမှာ လူကြိုက်များနေပါတယ်။ ဖိနပ်ရဲ့ ဒီဇိုင်းကို ထုတ်လုပ်တဲ့အခါ အရောင်အတွဲအစပ်ကို လိုက်ဖက်အောင် သေသေချာချာ တွဲစပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။

Saucony

Photo: Runnersworld

Saucony ကလည်း ကြည့်လိုက်ရင်တော့ စီးရတာ လေးလေးပင်ပင် ရှိလိမ့်မယ်လို့ အထင်မြင်လွဲနိုင်ပါတယ်။ ကွီးတို့အနေနနဲ့ အမြင်နဲ့ ဆုံးဖြတ်ရင်တော့ မှားသွားပါလိမ့်မယ်။ သေသေချာချာ စမ်းဝတ်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ အင်မတန်စီးလို့ ကောင်းပါတယ်။

Brooks

Photo: Runningshoesguru

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ Brooks တံဆိပ်သည်လည်း ခေသူတော့မဟုတ်ပါဘူး။ သူသည် ၂၀၀၁ ခုနှစ်ကစပြီး တီထွင်ထုတ်လုပ်မှုကို ပြန်လည်ဆန်းသစ်လိုက်တဲ့အတွက်ကြောင့် ထိုအချိန်ကစပြီး Hit ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

New Balance

Photo: Alumniofny

New Balance ဆိုရင်လည်း အားကစားလောကထဲမှာ မသိသူမရှိပါဘူး။ သူ့ရဲ့အားကစားဖိနပ်တွေက စီးရတာ သက်သောင့်သက်သာရှိပြီး ပေါ့ပါးတဲ့အတွက်ကြောင့် အားကစားလုပ်နေသူတစ်ယောက်အနေနဲ့ စွမ်းအင်အပြည့်နဲ့ အားကစားလုပ်နိုင်မှာဖြစ်ပါတယ်။

Hoka One One

Photo: Believeintherun

ဒီဖိနပ်ကတော့ ၂၀၀၉ ခုနှစ်ကမှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အခြားသော နာမည်ကြီးဘရန်းများနှင့်အပြိုင် ထုတ်လုပ်နိုင်တာကတော့ အံ့မခန်းပါပဲ။ ဒီဇိုင်းပိုင်းကို အသားပေးချင်တဲ့ ကွီးတို့ကတော့ ဒီတံဆိပ်အစား အခြားတံဆိပ်များကို ရွေးချယ်သင့်ပါတယ်။ သို့သော် သက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး စီးချင်တယ်ဆိုရင်တော့ Hoka One One သည်လည်း ရွေးချယ်သင့်တဲ့ ဘရန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

On

Photo: Wipo

သပ်ရပ်ခန့်ညားတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာကတော့ On ပဲဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံထုတ် ဘရန်းတစ်မျိုးဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းကာလာအနေအထားသည် အခြားသော ဘရန်းများနှင့် မတူဘဲ ကွဲထွက်နေတာကို သိသိသာသာမြင်တွေ့ရမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတာကတော့ ယခုနှစ်အတွင်းမှာ လူကြိုက်များနေတဲ့ အားကစားဖိနပ်တံဆိပ်တွေပဲ ဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ အားကစား ပြုလုပ်မယ်ဆိုရင် အခုဖော်ပြသွားတဲ့ အားကစားဖိနပ် ဘရန်းတွေထဲက မိမိနှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Source: Fashionbeans

Featured Image: Threadcurve