Gym မှာ အကြမ်းပတမ်း Training လုပ်ကြပြီဆိုရင် Dumbbells တွေက အထိရောက်ဆုံး Training Tool တွေထဲက တစ်ခုပါပဲ။ ကြွက်သားတက်ဖို့နဲ့ ဘော်ဒီကြံ့ခိုင်အောင် ပုံသွင်းရေးမှာ Dumbbells တွေ မပါလို့ မဖြစ်ပါဘူး။ အခုတစ်ခေါက်ကတော့ ကွီးတို့အိမ်မှာ Dumbbell တုံး နှစ်လုံးလောက်ရှိရင် လုပ်လို့ရမယ့် Workout တွေအကြောင်း ဖြစ်ပါတယ်။

(၁) Deadlift

Photo: mensfitnessmagazine

တင်ပါး ၊ တံကောက် ၊ ပေါင် ၊ ခါးနဲ့ လက်မောင်းလက်ဖျံ Muscle တွေကို အလုပ်ပေးပြီး တစ်ကိုယ်လုံးကို ထိတဲ့ Deadlift ကစားနည်းကိုလည်း Dumbbell နှစ်တုံးရှိရုံနဲ့ ရပါတယ်။ မတ်မတ်ရပ်လျက်သားအနေအထားနဲ့ Dumbbells တွေကို ကိုယ်ဘေးမှာ ချထားပြီး လက်ကို ဆန့်ထားရတာပါ။ ပြီးရင်တော့ ရင်ဘတ်ကို ထိန်းထားရင်း Dumbbells တွေကို မြေပြင်ပေါ် ဖြည်းဖြည်းချင်း နှိမ့်ချရင်း တင်ပါးကို နှိမ့်ချရမှာ ဖြစ်ပါတယ်။ Dumbbells တွေ အနှိမ့်အတင်လုပ်ချိန်မှာ ဖြည်းဖြည်းချင်း သွားပြီး တင်ပါးတွေကို ထိန်းညှစ်ရင်းကနေ အထိုင်/အထ လုပ်ရမှာပါ။ Deadlift လုပ်နည်းကို YouTube တွေပေါ်မှာလည်း ရှာပြီး ဗွီဒီယိုအတိုင်း လိုက်လုပ်နိုင်ပါတယ်။

(၂) Dumbbell Push-Up

Photo: mensfitnessmagazine

Dumbbell တုံးနဲ့ ဒိုက်ထိုးတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခါးကျောရိုးမကြီး ၊ လက်မောင်း နဲ့ ပခုံးဆက်ကြွက်သားတွေ အလုပ်ပေးပါတယ်။ ပုံမှန် ဒိုက်ထိုးတဲ့ အနေအထားအတိုင်း လက်တွေကို ပခုံးအကျယ်နဲ့အညီ ချဲထားပြီး Dumbbell တုံးနှစ်တုံးကို ကိုင်ထားရမှာ ဖြစ်ပါတယ်။ Dumbbell တုံးတွေပေါ် လက်ထောက်ပြီး Push-Up လုပ်ရမှာပါ။ လက်ကောက်ဝတ်တွေကို ထိန်းထားဖို့တော့ လိုပါတယ်။ ဂရုမစိုက်ရင်တော့ လက်ချော်ပြီး လက်ကောက်ဝတ် လည်သွားတာတွေ ဖြစ်နိုင်ပါတယ်။

(၃) Windscreen Wipers

Photo: mensfitnessmagazine

ဒါက ခါးကျောရိုးမကြီးတွေ ၊ လက်မောင်း ၊ ရင်အုံဆက်တွေနဲ့ နံရိုးအောက် ကြွက်သား ၊ ဝမ်းဗိုက် Belly သားတွေကိုပါ သန်မာကြံ့ခိုင်စေလို့ ဖြစ်ပါတယ်။ အနေအထားက ပက်လက်လှန် Dumbbells တွေကို ထောင်ပြီး လက်နှစ်ဖက် ပူးထားရမှာပါ။ ခြေထောက်ကလည်းမြှောက်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် လက်က ထိန်းထားတဲ့ အနေအထားကနေ ခြေထောက်တွေကို ကားလေကာမှန် လှုပ်ရှားမှုလိုမျိုး ယိမ်းရင်းယမ်းရမှာ ဖြစ်ပါတယ်။

(၄) Thruster

Photo: mensfitnessmagazine

Thruster Workout လုပ်တာက လွယ်ပါတယ်။ ဒီလေ့ကျင့်ခန်းက မတ်တပ်ရပ် ၊ Dumbbell တုံးနှစ်ခုကို တံတောင်ထောင်ရင်း ကိုင်ထားရမှာပါ။ ပြီးရင် Squat စတိုင် ထိုင်ပြီး မတ်တပ်ထရပ်ချိန်မှာ Dumbbells တုံးတွေ ကိုင်ထားတဲ့ လက်တွေကို လေထဲ မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထိုင်ထလုပ်သွားရင်းနဲ့ ပခုံးဆက် ၊ တံကောက် ၊ လက်ပြင် ၊ ကျောရိုးမကြီးနဲ့ လက်မောင်း Triceps ကြွက်သားတွေကို အလုပ်ပေးရမှာပါ။

Featured Photo: solidhomegym