ရုပ်ရှင်ဇာတ်ကားအမျိုးအစားများ အများအပြားရှိတဲ့အနက် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုသာ ကြည့်ရှုချင်တယ်ဆိုတဲ့ ကွီး တို့အတွက် အမိုက်စား Horror Movie ဇာတ်ကားတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

ကွီး တို့အားလုံး အခုဖော်ပြပေးမယ့် Horror Movie ဇာတ်ကားများနှင့်အတူ လိုက်ပါစီးမျောရင်း အကြိုက်ဆုံး ဇာတ်ကားတစ်ကားကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

The Night House

Beth ဆိုတဲ့ အမျိုးသမီးသည် သူ့ခင်ပွန်း သေဆုံးမှုကြောင့် ဝမ်းနည်းကြေကွဲနေရတာဖြစ်ပြီး သူ(မ)ခင်ပွန်းက သူ(မ)အတွက် ဆောက်လုပ်ပေးထားတဲ့ ရေကန်ဘေးနားရှိအိမ်ငယ်လေးမှာ တစ်ဦးတည်းကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ခင်ပွန်းကို လွမ်းဆွတ်သတိရနေတဲ့ အမျိုးသမီးထံသို့ တစ်ရက်မှာတော့ အိပ်မက်ဆိုးတွေ တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့ပါတယ်။ တစ်စုံတစ်ရာက သူ(မ)ကို ခြောက်လှန့်နေသလို အမြဲတမ်း ခံစားနေရပါတယ်။ သူ(မ)ကို ခြောက်လှန့်နေတဲ့အရာက ဘာများဖြစ်မလဲ။

Source: KinoCheck.com

Relic

ဒီဇာတ်ကားကတော့ ၂၀၂၀ က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Box Office မှာ ဒေါ်လာ ၂.၂ သန်း ဝင်ငွေရရှိခဲ့တဲ့ဇာတ်ကားတစ်ကေားဖြစ်ပါတယ်။

Kay နဲ့ သူ(မ)ရဲ့သမီးဖြစ်သူ Sam သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော Kay ရဲ့အမေနေထိုင်ရာ အိမ်အိုကြီးသို့ အမေကို ပြုစုဖို့ရန်ဆိုပြီး ရောက်ရှိလာခဲ့ပါတယ်။ ရောက်ရှိပြီး ရက်အနည်းငယ်အကြာမှာပဲ ထိုအိမ်ကြီးသည် တစ်ခုခုပြောင်းလဲနေသလို ခံစားလာခဲ့ကြရပါတယ်။ တစ်စုံတစ်ရာကလည်း အဘွားအိုကြီးကို အရင်ကနဲ့မတူအောင် ပြုစားနေတယ်လို့လည်း သူတို့တွေ ခံစားခဲ့ကြရပါတယ်။ ဘယ်အရာဖြစ်မလဲ။

Source: SF Cinema

Get Out

ဒီဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box Office မှာ ဒေါ်လာ ၂၅၅.၄ သန်း ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Chris လို့ အမည်ရတဲ့ အာဖရိကန် အမေရိကန်လူငယ်တစ်ယောက်သည် သူ့ရည်းစားရဲ့မိဘတွေဆီသို့ ပိတ်ရက်မှာ အလည်သွားခဲ့ပါတယ်။ အရာအားလုံးသည် အစပိုင်းမှာတော့ ပုံမှန်လိုပါပဲ။ သို့သော် Chris တစ်ယောက်သည် နောက်ဆုံးမှာတော့ ထူးဆန်းတဲ့အရာများနှင့် ရင်ဆိုင်ခဲ့ရပါတော့တယ်။

Source: Movieclips Indie

Train To Busan

ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး သူတို့ပြည်တွင်းမှာသာမက ပြည်ပမှာပါ တော်တော်လေး လူကြိုက်များခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။

Source: Movieclips Indie

Seok-woo နဲ့ သူ့သမီးသည် သူ့အမျိုးသမီးရှိရာသို့ ရထားစီးပြီး ခရီးထွက်လာခဲ့ကြပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းရမယ့်ခရီးသည် ဇွန်ဘီတွေကြောင့် အသက်အန္တရာယ်များကြားထဲမှ ကြောက်စရာကောင်းသော ခရီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတော့တယ်။

A Quiet Place

ဒီဇာတ်ကားကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box Office မှာ ဒေါ်လာ ၃၄၁ သန်း ဝင်ငွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။

Source: Paramount Pictures

ကမ္ဘာပေါ်ရှိ လူသားများအားလုံးနီးပါးသည် အသံတစ်စုံတစ်ရာကြားလျှင် လူသားများကို သတ်ပစ်လေ့ရှိတဲ့ သတ္တဝါကြီး လက်ချက်ဖြင့် အသက်ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ မိသားစုတစ်စုသည် ထိုသတ္တဝါဆိုးကြီး အန္တရာယ်မှ လွတ်မြောက်ဖို့ရန်အတွက် စကားလုံးဝ မပြောဘဲ ကိုယ်ဟန်အမူအရာဖြင့်သာ ဆက်သွယ်ကြတာဖြစ်ပါတယ်။ သူတို့မိသားစုအားလုံး ထိုသတ္တဝါကြီး အန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလား။

The Babadook

Sam ဆိုတဲ့ ကောင်ကလေးသည် သူ့အိမ်မှာ မကောင်းဆိုးဝါးကြီးရှိတယ်ဆိုတဲ့ အတွေးနဲ့ ကြောက်ရွံ့အားငယ်စိတ် ဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ Sam ရဲ့ အပြုအမူများကို သူ့ရဲ့အမေက သတိထားမိလာတဲ့နောက်မှာတော့ ဘာဆက်ဖြစ်မလဲ…

Source: Movieclips Trailers

အခုတင်ဆက်ပေးသွားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားများကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလပ်ရက်လေးမှာ သည်းထိတ်ရင်ဖိုဇာတ်ကားများကြည့်ရင်း စိတ်လှုပ်ရှားမှုများကို ကိုယ်တိုင်ဖန်တီးယူလိုက်ပါ။

Featured Image: The Roku Channel