ကွီးတို့ ရေ Workout လုပ်နေရင်း ရေသောက်သင့်ပါတယ်။ ရေသောက်ရမယ်ဆိုတာ အားလုံးသိကြပေမယ့် တစ်ခါတစ်ရံမှာ ဒွိဟဖြစ်နေတတ်ပါတယ်။ ရေလုံလုံလောက်လောက်သောက်တာက ကွီးတို့ရဲ့ ကျန်းမာရေးအတွက် အရေးကြီးသလို Workout လုပ်ချိန်မှာလည်း ရေဓာတ်ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်းလုပ်ရင် ကြွက်တက်တာ၊ နာကျင်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ အပူဒဏ်ကို ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီနှင့် လုပ်ပြီးနောက် ရေအလုံအလောက် မသောက်ပါက ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကွီး တို့ Workout လုပ်နေစဉ်အတွင်းသာ မက Workout မလုပ်ခင်နဲ့ လုပ်ပြီးနောက် ရေ ကို ဘယ်လောက်သောက်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Workout မလုပ်ခင် ရေဘယ်လောက်သောက်ရမလဲ

Photo : Healthline

Workout မစခင် ရေ သောက်ဖို့ အရေးကြီးပါတယ်။ နောက်ဆုံးအကြိမ် Workout လုပ်တုန်းက ကွီးတို့ ချွေးဘယ်လောက်ထွက်လဲ စဉ်းစားကြည့်ပါ။ အများကြီးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကွီး တို့ Workout မလုပ်ခင် ရေဓာတ်ပြန်လည် ဖြည့်တင်းဖို့လိုပါလိမ့်မယ်။ ဒါဆို Workout မလုပ်ခင် ရေဘယ်လောက်သောက်သင့်လဲ။ လေ့ကျင့်ခန်းမစတင်မီ ၂ နာရီအလိုတွင် ရေ ၁၇ အောင်စမှ ၂၀ အောင်စအထိ သောက်ရန် American Council on Exercise က အကြံပြုထားပါတယ်။ ဆိုလိုသည်မှာ Workout မလုပ်ခင် ရေ ၂ မှ ၃ ခွက်ခန့် သောက်ပါ။

(၂) Workout လုပ်နေစဉ်မှာ ရေဘယ်လောက်သောက်ရမလဲ

Photo : Men’s Health

ကွီးတို့ Workout လုပ်နေချိန်မှာ ရေဓာတ်က အရေးကြီးဆုံးပါ။ ကွီး တို့ရဲ့ ချွေးမှတစ်ဆင့် အရည်များနှင့် Electrolytes များ ဆုံးရှုံးနေသော ကြောင့် လေ့ကျင့်ခန်းလုပ် နေစဉ်တွင် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် လိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ၁၀ မိနစ်မှ မိနစ် ၂၀ တိုင်း အရည် ၇ အောင်စမှ ၁၀ အောင်စ သောက်ရန် American Council on Exercise မှ အကြံပြုထားပါတယ်။ ဒါဟာ သင် လေ့ကျင့်ခန်းလုပ်ချိန်မှာ ရေ ၁ ခွက်ခန့်ပါပဲ။ ဒါကြောင့် ကွီးတို့ Workout လုပ်တဲ့အခါ ရေ ပုလင်းကို အမြဲဆောင်ထားဖို့ မမေ့ပါနဲ့။

(၃) Workout လုပ်ပြီးရင် ရေဘယ်လောက်သောက်မလဲ

Photo : The Onion

လေ့ကျင့်ခန်းလုပ်ပြီးရင် ကွီး တို့ ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ထိန်းထားသင့်ပါတယ်။ ဤအချိန်သည် ခန္ဓာကိုယ်မှ အရည်များကို အထိရောက်ဆုံး စုပ်ယူနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်တိုင်းအတွက် အရည် ၁၆ အောင်စကနေ ၂၄ အောင်စ သောက်ဖို့ အမေရိကန် လေ့ကျင့်ခန်းကောင်စီက အကြံပြုထားပါတယ်။ ဥပမာအားဖြင့် လေ့ကျင့်ခန်းလုပ်နေစဉ် ၁ ပေါင်ကျသွားပါက လေ့ကျင့်ခန်းပြီးပါက ရေ ၂ ခွက်ခန့် သောက်သင့်ပါတယ်။

Source : Fitness 19

Featured Photo : Lifesavvy