လူတိုင်းမှာ ခရက်ရှ် မရှိဘူးဆိုရင်တောင် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိစမြဲပါပဲ။ ခရက်ရှ်လေးကို ခရက်ရှ်အဆင့်ကနေ တက်ပြီး ချစ်သူရည်းစားအဖြစ် ပိုင်ဆိုင်သူတွေလည်း ရှိသလို ခရက်ရှ် အဆင့်မှာပဲ ကျေနပ် နေသူတွေလည်း ရှိကြပါတယ်။ ကွီးတို့ရော ကိုယ့်ရဲ့ ခရက်ရှ်လေးကို ခရက်ရှ် အဆင့်မှာပဲ ကျေနပ် လိုက်တော့မှာလား။ ချစ်သူ ရည်းစားအဖြစ် အဆင့်မတက်ချင်ဘူးလား။

ခရက်ရှ်လေးကို ချစ်သူရည်းစားအဖြစ် အဆင့်တက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။

ပလေးဘွိုင်း မလုပ်ပါနဲ့

ဆော်ကြည်သလိုလို ကောင်မလေးတွေ ဝိုင်းဝိုင်းလည်သလိုလို ဟန်ဆောင်မနေပါနဲ့။ ပလေးဘွိုင်းပုံစံကို မိန်းကလေးတွေက မနှစ်သက်ဘဲ လက်ရှောင်ကြပါတယ်။ ကွီးတို့လည်း ပလေးဘွိုင်းပုံစံဖမ်းပြီး ခရက်ရှ်လေး ကြည်လာအောင် ကြိုးစားချင်တယ်ဆိုရင်တော့ ထိုနည်းလမ်းကို မေ့ပစ်လိုက်ပါ။ အစကတည်းက စိတ်တောင်မကူးပါနဲ့။ ကောင်မလေးတွေက အသည်းခွဲခံရမှာ ကြောက်လို့ ပလေးဘွိုင်းဆို ကြောက်ကြပါတယ်။

သူ(မ)အတွက် အဆင်သင့်ရှိနေပေးပါ

အရင်ဦးဆုံး ရင်းနှီးမှုတွေ ဖလှယ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခရက်ရှ်လေးနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားပါ။ ရင်းနှီးကျွမ်းဝင်မှုကနေ တဖြည်းဖြည်း အဆင့်တက်လို့ရမှာပဲဖြစ်ပါတယ်။ တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်ကာ အဆင့်တက်ပြီးတဲ့နောက်မှာတော့ သူ(မ)အတွက် ဘာပဲဖြစ်ဖြစ် အဆင်သင့်ရှိနေကြောင်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

နှစ်ယောက်သား အကြိုက်တူတဲ့ အရာတွေက ဘာဖြစ်မလဲ

သူ့အကြိုက်က ဘာတွေလဲ၊ ကိုယ့်အကြိုက်နဲ့ရော ထပ်တူကျရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့ပါပဲ။ အကြိုက်ချင်း တူတာတွေရှိရင် အထူးတလည်လုပ်ပြီး ပြောပြသင့်ပါတယ်။ ပြီးရင် စိတ်ဝင်စားတဲ့ အကြောင်းအရာများကို အတူတူ ဆွေးနွေးနိုင်ပါတယ်။ ထိုမှတဆင့် ရင်းနှီးကျွမ်းဝင်မှုတွေကို တဖြည်းဖြည်း တိုးလာအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ရည်းစားဟောင်းအကြောင်း မပြောပါနဲ့

Photo: Timesofindia.indiatimes

ရည်းစားဟောင်းနဲ့ ဘယ်လောက်ထိ ချစ်ခဲ့ကြတာ၊ ရည်းစားဟောင်းကို ဘယ်လောက်ထိတောင် အလိုလိုက်ကာ အလျော့ပေးခဲ့တာ စသည်ဖြင့် အမှတ်ရချင်ဇောနဲ့ လျှောက်မပြောပါနဲ့။ ဘယ်သူကမှ ကွီးတို့နဲ့ ကွီးတို့ ရည်းစားဟောင်းအကြောင်းကို စိတ်ဝင်တစားနဲ့ နားထောင်ပေးချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီ Topic ကို ရှောင်ပြီး တခြား အကြောင်းအရာတွေကိုသာ ပြောသင့်ပါတယ်။ အခန့်မသင့်ရင် ရည်းစားဟောင်း မကောင်းကြောင်းတွေကို ပြောတဲ့ယောကျာ်းတစ်ယောက်အဖြစ် အထင်သေးခံရပြီး ဝေးဝေးပြေးသွားပါလိမ့်မယ်။

Friend Zone ထဲမှာ အပိတ်မခံပါနဲ့

Photo: Chicagotribune

ခင်မင်ရင်းနှီးမှုကို အစပြုပြီးတဲ့နောက်မှာ ကိုယ်က သူ(မ)ကို စိတ်ဝင်စားနေကြောင်းကို မြန်မြန် ဖော်ပြဖို့ လိုအပ်ပါတယ်။ ဒါမှသာ တဆင့်ပြီး တဆင့် အဆင့်တက်နိုင်မှာပါ။ နို့မဟုတ်ရင် Friend Zone ထဲမှာပဲ ပိတ်မိပြီး ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ အခက်ကြုံနေရပါလိမ့်မယ်။ Friend Zone ထဲမှာ ပိတ်မိသွားသူတွေလည်း အများကြီးပဲ ရှိတာမို့ သူတို့တွေကို စံနမူနာယူသင့်ပါတယ်။ ကွီးတို့လည်း Friend Zone ထဲမှာ မပိတ်မိအောင် ကြိုးစားရင်း ကိုယ် ကြိတ်ခရက်ရှ်နေတဲ့ ကောင်မလေးနဲ့ မြန်မြန် အဆင့်တက်နိုင်ကြပါစေ။

Source: Hackspirit

Featured Image: Freepik