ကွီးတို့က စွန့်စွန့်စားစား ခရီးသွားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ သူလား ? ဒါဆိုရင်တော့ ခရီးသွားချိန်အတွင်းမှာ စမ်းကြည့်သင့်တဲ့ စိတ်လှုပ်ရှားစရာ Activities တွေ အများကြီး ရှိပါတယ်။ အချို့အရာတွေက တော်ရုံသတ္တိ ရှိရုံနဲ့တော့ မရနိုင်ပါဘူး။ စိန်ခေါ်မှုအပြည့်နဲ့ စွန့်စားခန်း ဖွင့်ချင်တယ်ဆိုရင်တော့ ခရီးသွားချိန်မှာ အခုပြောပြမယ့် အရာတွေကို Try ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။

(၁) ဘန်ဂျီခုန်ခြင်း (Bungee Jumping)

Photo : Fodors Travel Guide

Bungee Jumping ကို အမြင့်ကြောက်တဲ့သူတွေလည်း တစ်ခါလောက်တော့ စမ်းကြည့်သင့်ပါတယ်။ ဘန်ဂျီခုန်တယ် (Bungee Jumping) ဆိုတာ ခန္ဓာကိုယ်မှာ မြဲမြံတဲ့ မျှော့ကြိုးနဲ့ချည်နှောင်ပြီး အမြင့်တစ်နေရာကနေ ခုန်ချရတာပါ။ စွန့်စားခန်း ဖွင့်ရတာ ကြိုက်ပါတယ်ဆိုတဲ့ ခရီးသွား တွေတောင် မုန်းတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Try ကြည့်ပါ။ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးနိုင်ပါလိမ့်မယ်။

(၂) ရေငုပ်ခြင်း (Scuba Diving)

Photo : Fodors Travel Guide

ပင်လယ်ရေ မျက်နှာပြင်အောက်မှာ လူတိုင်းတွေ့မြင်နိုင်ဖို့ မလွယ်တဲ့ ထူးခြားတဲ့ ရေအောက်ကမ္ဘာကြီးတစ်ခု ရှိနေပါတယ်။ ဒီလို အံ့ဩဖွယ်မြင်ကွင်းကို ဘဝမှာတစ်ကြိမ် တစ်ခါလောက် မြင်ဖူးချင်တယ် ဆိုရင်တော့ Scuba Diving လုပ်ကြည့်ပါ။ ထူးခြားတဲ့ ငါးမျိုးစိတ်တွေ ၊ ပင်လယ်ရေနေ သတ္တဝါတွေနဲ့ လှပတဲ့ သန္တာကျောက်တန်းတွေနဲ့ အံ့ဖွယ် ရေအောက်ကမ္ဘာရဲ့ သဘာဝ အလှတရားတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) လေထီးခုန်ခြင်း (Sky Diving)

Photo : Fodors Travel Guide

စွန့်စားခန်း ဖွင့်ရတာကြိုက်တဲ့ ခရီးသွား တွေကတော့ Sky Diving ကို သေချာပေါက် စမ်းကြည့်သင့်ပါတယ်။ ပျှမ်းမျှ အမြင့်ပေ ၁ သောင်း ဝန်းကျင်နေ လေဟုန်စီးပြီး လေထီးခုန်ရတဲ့ ဖီလင်က ဒူးတုန်စရာကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အဲဒီကြောက်စိတ်တွေကို ကျော်လွှားနိုင်သွားတာနဲ့ အံ့ဩစရာကောင်းလောက်တဲ့ စွန်းစားမှု အတွေ့အကြုံအသစ်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

(၄) တောတွင်း ဇစ်လိုင်းစီးခြင်း (Zip Lining)

Photo : Fodors Travel Guide

သဘာဝ တောတွင်းအရသာကိုလည်း ခံစားချင်တယ် ၊ စွန့်စားခန်း လည်းဖွင့်ချင်တယ်ဆိုရင် တောတွင်း ဇစ်လိုင်းစီးကြည့်ဖို့ အကြံပေးချင်ပါတယ်။ စိမ်းစိုနေတဲ့ တောအုပ်ကြီးရဲ့ အပေါ်ကနေ ဖြတ်ပြီး ဇစ်လိုင်းစီးရတဲ့ ခံစားချက်က ဘာနဲ့မှ မတူသလို တော်တော်လေးလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကွီးတို့ မစမ်းဖူးသေးရင်တော့ တစ်ကြိမ်လောက် တောတွင်း ဇစ်လိုင်းစီးခြင်းကို စမ်းကြည့်လိုက်ပါ။ တစ်ကိုယ်တည်းဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ဖြစ်စေ Try လို့ ရပါတယ်။

Source : Fodors Travel Guide

Featured Photo : Market Research Intellect