ခါးနာခြင်း က ကမ္ဘာပေါ်မှာ ရှိတဲ့ လူသန်းပေါင်း ၅၄၀ ခန့်က ဖြစ်ပွားနေတဲ့ အဖြစ်များဆုံး ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ တိုးတက်ဖွံဖြိုးလာတဲ့ ခေတ်စနစ်နဲ့ လူနေမှုကြောင့် ခါးနာခြင်း အဖြစ်များလာကြပါတယ်။ များသောအားဖြင့် အရွယ်ရောက်ပြီး သူတွေမှာအဖြစ်များတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီးသူများဟာ ဥပမာအားဖြင့် Computer ရှေ့မှာအချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ရခြင်း၊ ကားကို ခရီးဝေးမောင်းနှင်ရခြင်း တို့ ကြောင့် ခါးနာခြင်းဝေဒနာကို ပိုခံစားရလေ့ရှိပါတယ်။ ခါးနာခြင်း ကို အကိုက်အခဲပျောက်ဆေးများ သောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကုထုံးများက ယာယီသက်သာစေသော်လည်းပဲ ရေရှည်ခါးနာခြင်းကို သက်သာပျောက်ကင်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ခါးနာခြင်း ကို ဘာအကူကိရိယာမှ မလိုအပ်တဲ့ သက်သာစေမယ့် ရိုးရှင်းတဲ့ လေ့ကျင့်ခန်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Core Strength ခန္ဓာကိုယ် ကျောရိုးကြွက်သားများ သန်မာအောင် လေ့ကျင့်ခြင်း

Photo : www.self.com

ခါးနာခြင်း ကို သက်သာစေမယ့် ရိုးရှင်းတဲ့ လေကျင့်ခန်း တစ်ခုကတော့ ခန္ဓာကိုယ် ကျောရိုး ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ ၁။ ခန္ဓာကိုယ်ကို ပက်လက်အနေအထားဖြင့် လှဲလျောင်းပါ။ ၂။ ခြေထောက်များကို မြှောက်ပြီး ရင်ဘတ်ဆီသို့ ကွေးပါ။ ၃။ ထိုကွေးထားသော ခြေထောက်ကို ကြမ်းပြင်ပေါ်သိုဖြေးဖြေးချင်း ပြန်ချပါ။ ၄။ ချထားသောခြေထောက်များကို မြှောက်ပြီး ရင်ဘတ်ဆီသို တစ်ဖန်ပြန်ကွေးပါ။ထပ်ခါထပ်ခါ လုပ်ပါ။ ၅။ ၁၀ကြိမ်ဖြင့် စတင်ပြီး အကြိမ် ၂၀ ထိတဖြည်းဖြည်း တိုးသွားပါ။ ၆။ တစ်နေ့လျှင် ၁၀ကြိမ် သိုမဟုတ် အကြိမ်၂၀ ကို ၃ ခါလုပ်ပေးပါ။ ဒီ လေ့ကျင့်ခန်း က ကျောအောက်က ကျောရိုးကြွက်သားများ ကြံခိုင်မှုကိုတည်ဆောက်ပေးပါတယ်။

(၂) Glute tightening lifts တင်ပါး / ပေါင် နှင့် ခြေသလုံး ကြွက်သားမျာ ကြွက်သားများတောင့်တင်းခြင်းကို သက်သာစေသည့်လေ့ကျင့်ခန်းများ

Photo : Men’s Journal

၁။ပထမဆုံး အနေနဲ့ ပက်လက်လှဲလျောင်းလိုက်ပါ။ ၂။ ဒူးများကို ကြမ်းပြင်နဲ့ ထောင့်မှန်ကျသည် အထိကွေးထားပါ။ ၃။ ထိုနောက် တင်ပါးများကို ကြမ်းပြင်မှကြွပြီး ခန္ဓာကိုယ်သည် ကြမ်းပြင်နဲ့ တြိဂံ အနေအထားသိုရောက်ပါစေ။ ၄။ တင်ပါးကြွထားတဲ့ အနေအထားနဲ့ စက္ကန့် ၂၀ လောက်ထားပါ။ ၅။ စက္ကန့် ၃၀ အထိ တဖြည်းဖြည်းတိုးသွားပေးပါ ၆။ တစ်နေ့ကို စက္ကန့် ၃၀ ကြာ ၃ ခါလုပ်ပေးပါ။ ဤနည်းလမ်းက ထောက်ကန်လှုပ်ရှားမှု ကြွက်သားများ တောင့်တင်းခြင်းကို လျော့နည်းသက်သာစေ ပြီး ခါးနာခြင်း ကို သက်သာစေမယ့် ရိုးရှင်းတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

(၃) Cobra Strength ကျောရိုး သန်မာစေသောလေ့ကျင့်ခန်း

Photo : Men’s Health

၁။ ပထမဆုံး အနေနဲ့ မှောက်လျက် လှဲလျောင်းပါ။ ၂။ လက်ဖဝါးများကို ကြမ်းပြင်ပေါ်သို ထောက်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို မြှောက်ထားပါ။ ၃။ တတ်နိုင်သမျှ ကျောပြင်ကို ဆန့်ထားပါ။ ၄။ ထိုအတိုင်း စက္ကန့် ၂၀ ခန့်ထားပါ။ ၅ ကြိမ်ခန့်ပြုလုပ်ပေးပါ။ ဤအကြောဆန့် လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၄ ရက်မှ ၅ ရက်ထိ ပြုလုပ်ပေးခြင်းဖြင့် ကျောရိုးနှင့် ခန္ဓာကိုယ်၏ အဓိက ကြွက်သားများကို သန်မာကြံ့ခိုင်စေပါတယ်။ အထက်ပါ ဖော်ပြပါ နည်းလမ်းလေးများက ခါးနာခြင်း ကို သက်သာစေမယ့် ရိုးရှင်းတဲ့ လေကျင့်ခန်း လေးတွေ ဖြစ်တာကြောင့် ခါးနာတတ်တဲ့ကွီးတို ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Education World

Featured Photo : Medical News Today