ပျော်ရွှင်တဲ့ ချစ်သူရည်းစား စုံတွဲတွေ အများစုကတော့ သူတိုရဲ့ ရေရှည်ဆက်ဆံရေးကို အဆင်ပြေပြေ ထိန်းထားနိုင် ကြပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦးကြားက အနိမ့်အမြင့် အတက်အကျတွေကို ဘယ်လိုအတူတူ ကျော်ဖြတ်ရမလဲဆိုတာကို သိကြပါတယ်။ ဒီတစ်ခေါက်မှာက ကွီးတို့အတွက် Relationships တွေမှာ ပျော်ရွှင်မှုရှိဖို့ဆိုရင် ဘာတွေလိုအပ်လဲဆိုတာကို ပြောပြပေးမှာပါ။

(၁) အချင်းချင်း ပွင့်လင်းမှု ရှိပါ

Photo : Loving at Your Best Marriage and Couples

ချစ်သူစုံတွဲတွေကြားမှာ အချင်းချင်းပွင့်လင်းမှုရှိဖို့ကလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ ကိုယ့်ခံစားချက်ကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်အောင်ထုတ်ဖော်ပြောဆိုလိုက်တာက အခြေအနေတွေ ပိုဆိုးမသွားအောင် လုပ်နိုင်ပါတယ်။ ပုံမှန်အချိန်တွေမှာလည်း ပွင့်လင်းမှုရှိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုပျော်စရာကောင်းစေပါတယ်။ ဒီအတွက် ကွီးတို့ဘက်က ကိုယ့်ချစ်သူနဲ့စကားပြောတဲ့အခါ တက်တက်ကြွကြွနဲ့ စိတ်ဝင်တစားနားထောင်ပေးဖို့ လိုအပ်သလို ကိုယ်ဘက်ကနားမလည်ခဲ့ရင်လည်း ဆိုလိုချင်တာကို ရှင်းလင်းအောင်မေးဖို့ လိုပါလိမ့်မယ်။

(၂) ပေးထားတဲ့ ကတိတွေတည်နိုင်အောင် ကြိုးစားပါ

Photo : Loving at Your Best Marriage and Couples

အချိန်တော်တော်ကြာကြာ လက်တွဲခဲ့ကြတဲ့ ဆက်ဆံရေးတွေမှာ ကတိတည်ဖို့ကလည်း အရေးကြီးပါတယ်။ ကတိကဝတ်ဆိုတာမှာ ခက်ခဲတဲ့အရာတွေကို အတူတူလုပ်ဆောင်ဖို့ ဆန္ဒရှိတာ၊ နှစ်ယောက်ရဲ့ အနာဂတ်အတွက် ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်တာတွေ ပါပါတယ်။ ပျော်ရွှင်နေတဲ့ဆက်ဆံရေးတစ်ခုရဲ့ အဓိကအချက်က ချစ်သူတွေဟာ အချင်းချင်းစိတ်ချယုံကြည်မှုရှိကြပြီး ပြောထားတဲ့အတိုင်း လိုက်နာကြတာကြောင့်လို့ ဆိုပါတယ်။

(၃) တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ နားထောင်ပေးပါ

Photo : Loving at Your Best Marriage and Couples

တစ်ခါတစ်ရံမှာ ငြင်းခုံစကားများကြရင်း တစ်ဖက်ကပြောတာကို နားထောင်ချင်စိတ်မရှိတဲ့အခါ အခြေအနေတွေက ရှေ့မတိုးနောက်မဆုတ် ဖြစ်တတ်ကြမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားထောင်ပေးပြီး တစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်ယောက်က နားလည်အောင်ကြိုးစားတာဟာ ကွီးတိုရဲ့ ကိုယ်ပိုင်အယူအဆတွေကို ပြောင်းလဲပစ်တာ ဒါမှမဟုတ် မှားတယ်လို့ ဝန်ခံလိုက်ဖို့လို့ မဆိုလိုပါဘူး၊ ဒါက ကိုယ့်ရဲ့လက်တွဲဖော်ရဲ့ ခံစားချက်နဲ့ သူ့ကို ဂရုစိုက်ကြောင်းပြသရုံပါပဲ။ ဘယ်လောက်ပဲ လက်တွဲခဲ့တာကြာကြာ ကိုယ့်လက်တွဲဖော်ကို သူ့ဘက်ကနေဝင်ပြီး စာနာကြည့်ပေးတာက တစ်ယောက်နဲ့ တစ်ယောက်ကြားက ပြဿနာတော်တော်များများကို ပြေလည်သွားစေနိုင်ပါတယ်။

(၄) ယုံကြည်မှု တည်ဆောက်ပါ

Photo : Loving at Your Best Marriage and Couples

ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရဲ့ အရေးကြီးဆုံး လိုအပ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ်။ ဒါက ချစ်သူရည်းစားတွေကြားမှာရှိသင့်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ပျော်ရွှင်တဲ့ဆက်ဆံရေးတွေမှာ ကိုယ့်ချစ်သူကို ကိုယ်နဲ့အတူမရှိတဲ့အခါတွေမှာလည်း ကွီးတိုအနေနဲ့ ဘယ်တော့မှ မစိုးရိမ်သင့်ပါဘူး။ ယုံကြည်မှုရှိတယ်ဆိုတာ ကိုယ့်ချစ်သူနဲ့ အတူရှိရတာ လုံခြုံတယ်လို့ ခံစားရတာ၊ ကိုယ့်ကို ထိခိုက်နာကျင်အောင်မလုပ်ဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့် အခြားသူတစ်ယောက်အားကိုးတာကို ဆိုလိုပါတယ်။ ဒါကြောင့် ယုံကြည်မှုဆိုတာ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

Source : Loving at Your Best Marriage and Couples

Featured Photo : Hello Prenup