ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားတဲ့ အပြောင်းအရွှေ့တစ်ခုဟာ ဒီရက်ပိုင်းထဲမှာပဲ ဖြစ်ပေါ်လာပါတော့မယ်။ ဒါကတော့ ချယ်လ်ဆီး အသင်းရဲ့ အပြောင်းအရွှေ့ဖြစ်ပြီး သူတို့အသင်းဆီကို ရာသီဝက် (၆)လအငှားနဲ့ ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ဂျာအို ဖီးလစ် ကို အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူတော့မယ့် Surprise Transfer ပဲ ဖြစ်ပါတယ်။

Photo Credit: Football365

တကယ်တော့ ချယ်လ်ဆီးနဲ့ အသက်လက်တီကို အသင်းတို့ကြားမှာ ဆမူ အိုမိုရိုဒီယန်နဲ့ ကော်နာ ဂယ်လက်ဂါတို့ရဲ့ အပြန်အလှန် အပြောင်းအရွှေ့တွေ ဖြစ်ပေါ်ဖို့ နီးစပ်ခဲ့ပြီးမှ ချယ်လ်ဆီးက တိုက်စစ်ကစားသမားလေး အိုမိုရိုဒီယန်ကို မခေါ်ယူတော့ဖို့ ဆုံးဖြတ်လိုက်ရာကနေ အပြောင်းအရွှေ့က ရှုပ်ထွေးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဂယ်လက်ဂါ အပြောင်းအရွှေ့ကိုပါ သွားပြီး သက်ရောက်ခဲ့ရသလို အပြီးသတ်နိုင်ဖို့အတွက်ပါ ကြန့်ကြာသွားခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒီလိုနဲ့ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ကြရာမှာတော့ ချယ်လ်ဆီးက အိုမိုရိုဒီယန်အစား သူတို့အသင်းမှာ အငှားနဲ့ လာကစားခဲ့ဖူးတဲ့ ဂျာအို ဖီးလစ် ကိုပဲ ပြောင်းလဲ ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ အသက်လက်တီကိုနဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ဆန္ဒမရှိတော့တဲ့ ဂျာအို ဖီးလစ်ကလည်း ဘာစီလိုနာအသင်းဆီကနေ အပြီးသတ် ကမ်းလှမ်းမှု မရသည့်တိုင် ချယ်လ်ဆီးက သူ့ကို ခေါ်ယူမယ့် ကိစ္စကိုလည်း လက်ခံသွားခဲ့ပြီး ချယ်လ်ဆီး ဆီပြန်လည် ပြောင်းရွှေ့ဖို့ကို သဘောတူညီခဲ့ပါတယ်။

Photo Credit: Football Transfer

ဂျာအို ဖီးလစ် ဆီကနေ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့တဲ့ ချယ်လ်ဆီးက အသက်လက်တီကိုနဲ့ပါ သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းရင်းနဲ့ အခုတော့ ဒီအပြောင်းအရွှေ့က အလုံးစုံ သဘောတူညီချက်နဲ့ Here We Go ပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် ဂျာအို ဖီးလစ်ကို ချယ်လ်ဆီး ဂျာစီနဲ့ ထပ်မံ မြင်တွေ့သွားရတော့မှာဖြစ်ပြီး ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာအနေနဲ့ကလည်း အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆင် ၊ မူဒရစ် ၊ နက်တို ၊ ပါလ်မာ ၊ စတားလင်း ၊ မာဒူအက်ကေး ၊ ဂီယူနဲ့ အခု ဂျာအို ဖီးလစ်တို့ကို တိုက်စစ်မှာ ဘယ်လို နေရာပေးမလဲဆိုတာ ခေါင်းစား ရပါတော့မယ်။

Featured Photo: Chelsea Focus Youtube