ကမ္ဘာပေါ်တွင် အားကစားမျိုးစုံရှိပြီး အားကစားပွဲများ ကြည့်ရှု့ရတာ နှစ်သက်သူများ၊ အားကစား ဆော့ကစားရတာ နှစ်သက်သူများလည်း အများအပြားရှိကြပါတယ်။ ကစားသမားများသည်လည်း သူ့ပရိသတ်နှင့် သူရှိပြီး အချို့ကလည်း ကစားသမားများရဲ့ ကျွမ်းကျင်မှုစွမ်းရည်အလိုက် အားပေးကြတာလည်းရှိသလို အချို့ကလည်း သူတို့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် အားပေးကြပါတယ်။ အားကစား ဆော့ကစားရာမှာ တော်လည်းတော်ပြီး ချောမော ခန့်ညား တဲ့ အားကစားသမား များသည်လည်း မရေမတွက်နိုင်အောင် အများအပြားရှိကြပါတယ်။

ချောမော ခန့်ညား တဲ့ ကမ္ဘာတစ်လွှားရှိ အတော်ဆုံး အားကစားသမား များကတော့ …

(၁၀) Bobby Brown

Photo: Stuff.co.nz

၁၉၉၁ ခုနှစ်မှာ မွေးဖွားတဲ့ အာမေနီကန်နိုင်ငံသား အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည် Freestyle စကိတ်အားကစားသမားဖြစ်ပြီး ကမ္ဘာ့အခန့်ညားဆုံး အားကစားသမားတွေထဲမှာ နံပါတ် (၁၀) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

(၉) Olivier Giroud

Photo: Sempre Milan

သူကတော့ ပြင်သစ် နိုင်ငံဘောလုံးအသင်းရဲ့ ဘောလုံးကစားသမား ဖြစ်ပါတယ်။ သူသည် အင်္ဂလန်ပရီးမီယားလိဂ်ဘောလုံးပွဲစဉ်မှာလည်း အာဆင်နယ်အသင်းမှ ဝင်ရောက်ဆော့ကစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်တဲ့ ဘောလုံးစွမ်းရည်ကြောင့်လည်း လူသိများကျော်ကြားပါတယ်။ သူကတော့ နံပါတ် (၉) အခန့်ညားဆုံး အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။

(၈) Nathan Barhtolomay

Photo: Bleacher Report

နံပါတ် (၈) နေရာမှာ ရပ်တည်နေတဲ့ ကမ္ဘာ့ ချောမော ခန့်ညား ဆုံး အားကစားသမား ကတော့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nathan Barhtolomay ပါ။ သူကတော့ စုံတွဲစကိတ်အားကစားသမားတစ်ယောက် ဖြစ်ပါတယ်။

(၇) Eric Decker

Photo: Usmagazine

အမေရိကန်လူမျိုး ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တီဗွီရှိုးအစီအစဉ်လည်း ရှိပါသေးတယ်။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မေးရိုးက သူ့ကို ပိုမိုခန့်ညားနေအောင် ကူညီပေးတာပဲဖြစ်ပါတယ်။

(၆) J. J. Redick

Photo: Sportskeeda

ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောသမား တစ်ယောက်ဖြစ်တဲ့ J. J. Redick ကတော့ အခုဆိုရင် အသက် ၃၈ နှစ်ရှိပြီဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ခန့်ညားနေဆဲပဲဖြစ်ပါတယ်။ သူကတော့ နံပါတ် (၆) နေရာမှာ ရပ်တည်နေပါတယ်။

(၅) Fabio Fognini

Photo: Tennis World

သူကတော့ ပြိုင်ပွဲပေါင်းများစွာမှာ အနိုင်ယူဆော့ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်အကျော်အမော်တစ်ယောက် ဖြစ်ပါတယ်။ သူ့အသက်ကတော့ အခုဆိုရင် ၃၅ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။

(၄) Ignazio Abate

Photo: Sempre Milan

၁၉၈၆ ခုနှစ်မှာ ဖွားမြင်ပြီး အီတလီနိုင်ငံမှာ မွေးဖွားတဲ့ ဘောလုံးအားကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူသည် သူ့ရဲ့လျှပ်တပြက်ဆန်တဲ့ လျင်မြန်သော ဆော့ကစားမှုကြောင့် နာမည်ကြီးပါတယ်။

(၃) Michael Frolik

Photo: The Hockey Writers

အသက် ၃၄ နှစ်ရှီပြီဖြစ်တဲ့ Michael Frolik ကတော့ ဟော်ကီအားကစားသမားတစ်ယောက် ဖြစ်ပါတယ်။ Czech Republic နိုင်ငံကို ကိုယ်စားပြုကာ ဆော့ကစားသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ကမ္ဘာ့အခန့်ညားဆုံး နံပါတ် (၃) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

(၂) Rafael Nadal

Photo: Sporting News

သူသည် ၂၀၀၈ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲတုန်းက ရွှေတံဆိပ်ဆုကို ဆွတ်ခူပေးနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူပါ။ စပိန်နိုင်ငံမှ တင်းနစ်အားကစားသမားတစ်ယောက်ဖြစ်ပြိး အခန့်ညားဆုံး နံပါတ် (၂) နေရာမှာ ရပ်တည်နေပါတယ်။

(၁) Cristiano Ronaldo

အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ဘောလုံးလောကမှာ ဒိတ်ဒိတ်ကြဲ နာမည်ကြီးတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကြေးအမြင့်ဆုံး အားကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အခန့်ညားဆုံး နံပါတ် (၁) အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Source: Sportsbrowser

Featured Image: Lolwot