ခန္ဓာကိုယ် အောက်ပိုင်းမာဆယ်တွေ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီကိုရဖို့ဆိုရင် ခြေသလုံးမာဆယ်တွေကို မေ့ထားလို့ မရပါဘူး။ ခြေသလုံး ကြွက်သားတွေ ကြီးထွားသန်မာလာဖို့ Gym မှာ စက်တွေနဲ့ ကစားမှ မဟုတ်ပါဘူး။ ပြေးတာ ၊ ကြိုးခုန်တာတို့လို ရိုးရှင်းလွယ်ကူတဲ့ Cardio လေ့ကျင့်ခန်းတွေနဲ့လည်း လေ့ကျင့်ကစားပေးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ခြေသလုံးကြွက်သားတွေ ကြီးထွားသန်မာလာအောင် ကစားလို့ရတဲ့ ရိုးရှင်းတဲ့ ကစားနည်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Jumping Jack

Single-Leg Calf Raise

Jumping Jack လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အလုပ်လုပ်စေရုံသာမကပဲ ခုန်ပြီးကစားရတဲ့အတွက် ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကို ကျစ်လစ်သန်မာလာစေနိုင်ပါတယ်။ ခန္ဓာကိုယ် ဘော်ဒီဝိတ်ကိုပဲ သုံးပြီး ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် လေ့ကျင့်ခန်း ကိရိယာတွေ ဘာမှမလိုပဲ ကွီးတို့ အိမ်မှာ လွယ်လွယ်ကူကူ ဆော့ကစားလို့ ရပါတယ်။

(၂) Single-Leg Calf Raise

Photo : Men’s Journal

Single-Leg Calf Raise ကတော့ Block တုံးတစ်ခုပေါ်မှာ ခြေဖျားတစ်ဖက်ကို တင်ထားပြီး ခြေဖနောင့်ကို မြှင့်ကာ ခြေသလုံး ကြွက်သားတွေ ဆန့်ထွက်လာအောင် ကစားရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ မြင်သာအောင် ပြောရရင် ခြေဖျားထောက်တဲ့ ပုံစံအတိုင်းပါပဲ။ ဒီလေ့ကျင့်ခန်းက ခြေသလုံးကြွက်သားတွေကို ကျစ်လစ်သန်မာလာစေဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။

(၃) Hole Calf Raise

Photo : Men’s Journal

Single-Leg Calf Raise ကစားနည်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Hole Calf Raise က ခြေဖျားနှစ်ဖက်လုံးကို စုံရပ်ထောက် ထားရမှာဖြစ်ပြီး ဘော်ဒီဝိတ်ကို ဟန်ချက်ထိန်းရမှာပါ။ ခြေသလုံး ၊ ပေါင်နဲ့ တင်ပါးဆုံးကြွက်သားတွေအပြင် ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၄) Tiptoe Walk

Photo : Men’s Journal

ခြေသလုံး ကြွက်သားတွေ ကြီးထွားသန်မာလာစေမယ့် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကစားနည်းကတော့ခြေဖျားထောက် လမ်းလျှောက်တဲ့ ပုံစံကစားရမှာ ဖြစ်ပါတယ်။

(၅) Jumping Calf Raise

Photo : Men’s Journal

Jumping Calf Raise လေ့ကျင့်ခန်း ကတော့ ခုန်ပြီး ခြေထောက်ပြန်အကျမှာ ခြေဖျားနဲ့ ဟန်ချက်ကို ထိန်းထားစေခြင်းဖြင့် ခြေသလုံး ကြွက်သားတွေကို အလုပ်လုပ်စေပါတယ်။ ခြေသလုံးအပြင် ဝမ်းဗိုက်ကြွက်သားတွေကိုပါ ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခြေသလုံးကြွက်သားတွေ ကြီးထွားသန်မာလာစေဖို့အတွက် ဘော်ဒီဝိတ်ကိုပဲ သုံးပြီး ကစားနိုင်တဲ့ အရိုးရှင်းဆုံး ကစားနည်းတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း တစ်ခုစီကို ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။

Source : Men’s Journal

Featured Photo : Man of Many