ဝီစကီ၊ ဘီယာ၊ ရမ်၊ ဝိုင် စသည့်အဖျော်ယမကာများနဲ့ အခြားသော ဖျော်ရည်များ ၊သစ်သီးများနဲ့ နည်းမျိုးစုံ ပုံစံမျိုးစုံ ရောစပ်ထားတဲ့ ကော့လ်တေး မျိုးစုံကို တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ မျိုးစုံသော ကော့လ်တေးများသည် မတူညီသော အရသာနှင့် အသွင်အပြင်မျိုးစုံကို ပေးစွမ်းနိုင်ပါတယ်။ တစ်ခါတစ်လေကျရင် ကော့လ်တေးအမျိုးအစားတွေ များတာကြောင့် ဘာကို ရွေးချယ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ ကွီးတို့အတွက် ဘားတွေရောက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် ကော့လ်တေးများ ဖော်ပြပေးချင်ပါတယ်။

(၁) Pina Colada

Photo : Sweetly Stevia

ကွီးတို့ မြည်းစမ်းကြည့်ဖို့ ဖော်ပြပေးချင်တဲ့ ဂန္တဝင် ကော့လ်တေးများ ထဲက တစ်ခုကတော့ ရမ်အဓိက ပါဝင်တဲ့ Pina Colada ကော့လ်တေးပဲဖြစ်ပါတယ်။ ဒီ ကော့လ်တေးကို အဖြူရောင်ရမ်၊ နာနတ်သီးဖျော်ရည်၊ အုန်းသီးခရင်မ် စသည်တို့နဲ့ ရောစပ်ထားတာကြောင့် ချိုမြိန်ပြီး ပြီးပြည့်စုံတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။

(၂) Mojito

Photo : Cultura Colectiva

နောက်ထပ်ဖော်ပြချင်တဲ့ ကော့လ်တေးကတော့ ကွီးတို့သိပြီးသားဖြစ်တဲ့ Mojito ပဲဖြစ်ပါတယ်။ Mojito က ကျူးဘားနိုင်ငံမှ ဆင်းသက်လာသော ရမ်အခြေခံ ကော့လ်တေးဖြစ်ပြီး ထိုအချိန်မှကာ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ကော့လ်တေးများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ဒီကော့လ်တေးက လန်းဆန်းစေပြီး ချိုမြိန်ပြီး အရသာရှိကာ ပူအိုက်သောနေ့ရက်များတွင် သောက်သုံးရန် အကောင်းဆုံးဖြစ်ပါတယ်။

(၃) Manhattan

Photo : Restaurant Clicks

မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် ကော့လ်တေးများ ကို ပြောရမယ်ဆိုရင် ဝီစကီ နဲ့ ဖျော်စပ်ထားတဲ့ Manhattan ကော့လ်တေးပါ။ ၁၈၀၀ နှစ်လယ်ပိုင်းများအတွင်း တစ်ချိန်ချိန်တွင် ဖန်တီးခဲ့သည်ဟု ယုံကြည်ရတဲ့ Manhattan ကော့လ်တေးဟာ ဒီစာရင်းမှာ လုံးဝကိုမပါမဖြစ်တဲ့ ကော့လ်တေး ပဲဖြစ်ပါတယ်။ အရောင်ကလည်း ဆွဲဆောင်မှုရှိတဲ့ အနီရောင်ဖြစ်ပြီး ထူးခြားတဲ့ အရသာကိုပေးစွမ်းပါတယ်။

(၄) Martini

Photo : Restaurant Clicks

ကွီးတို့အတွက် ဖော်ပြချင်တဲ့ ကော့လ်တေး နောက်တစ်ခုကတော့ Martini ပဲဖြစ်ပါတယ်။ ဗော်ကာ သို့မဟုတ် ဂျင် တစ်ခုခုကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Martini ကော့လ်တေးကတော့ ချောမွေ့ပြီး ထူးခြားသောအရသာကို ပေးစွမ်းပါတယ်။

(၅) Old Fashioned

Photo : HoYoLAB

Old Fashioned ကော့လ်တေးကတော့ ဘား သမားတိုင်းသိထားသင့်တဲ့ ကော့လ်တေးပါပဲ။ ကမ္ဘာပေါ်တွင်ရှေးအကျဆုံး ကော့လ်တေးဖျော်စပ်နည်းထဲမှ တစ်ခုဟုယူဆရတဲ့ ကော့လ်တေးလည်းဖြစ်ပါတယ်။ လုပ်ရတာ ရိုးရှင်းလွယ်ကူပြီး အရသာရှိပြီး လန်းဆန်းမှုကိုပေးစွမ်းပါတယ်။

(၆) Mimosa

Photo : Simply Receipts

၁၉၂၅ ခုနှစ်တွင် ပထမဆုံးဖန်တီးခဲ့သော ဂန္တဝင် Mimosa ကော့လ်တေးက ရိုးရှင်းသော်လည်း အရသာရှိပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်များပါတယ်။ ရှန်ပိန်ကို လတ်ဆတ်သောလိမ္မော်ဖျော်ရည်နှင့် ပေါင်းစပ်ထားသည့် Mimosa ကော့လ်တေးကို ၎င်းရဲ့အရသာရှိပြီး လန်းဆန်းစေသည့် ဂုဏ်သတ္တိများကြောင့် လူသိများပါတယ်။ ပါဝင်ပစ္စည်း နှစ်မျိုးကိုသာ အသုံးပြုထားသောကြောင့် အရိုးရှင်းဆုံးနှင့် အထင်ရှားဆုံး ကော့တေးဖြစ်ပါတယ်။ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဘားတွေရောက်ရင် ကွီးတို့ မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် ကော့လ်တေးများ ပဲဖြစ်ပါတယ်။ ကော့လ်တေး တစ်မျိုးစီကို မတူညီတဲ့အရသာနဲ့ ထူးခြားမှုတစ်ခုစီ ပေးစွမ်းတာကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်သုံးဆောင်မြည်းစမ်းကြည့်ပါ။

Source : Restaurant Clicks

Featured Photo : Houston Chronicle