ဘဝမှာ ဂိမ်းဆော့ မှာလား ငါနဲ့ ပြတ် မလားလို့ တစ်ခါလောက်တော့ အမေးခံဖူး ကြပါလိမ့်မယ်။ ဒီလို အမေးခံရရင် သေချာပါတယ်၊ အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းတစ်မျိုးမျိုးကို ဆော့နေရလို့ပဲ ဖြစ်ပါလိမ့်မယ်။ ပျင်းဖို့ ကောင်းတဲ့ ဂိမ်းကိုတော့ ဘယ်သူကမှ အချိန်ပေးပြီး ချစ်သူ ရည်းစားရဲ့ အငြိုငြင်ခံကာ ဆော့ကစားကြမှာ မဟုတ်ပါဘူး။

ကွီးတို့ရော ဘယ်အသက်အရွယ် အပိုင်းအခြားလောက်က ဘယ်လို ဂိမ်းဆော့ လို့ ငါနဲ့ ပြတ် မလားလို့ မေးခံထိဖူးပါသလဲ။

အခုဖော်ပြမယ့် ဂိမ်းတွေကို ဆော့ကစားမယ်ဆိုရင်လည်း ဂိမ်းဆော့ မှာလား ငါနဲ့ ပြတ် မလားလို့ မေးခံရမှာဆိုတော့ အခြေအနေကြည့်ပြီး လှုပ်ရှားကြပေါ့ ဘရို။

PUBG

PUBG မိုဘိုင်းလ်ဂိမ်းကဆိုရင် ကွီးတို့ တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ မိုဘိုင်းလ်ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Android မှာသာမက iOS သမားတွေလည်း ပျော်ပျော်ကြီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ခဏလောက်ပဲ ဆော့ပါမယ်လေလို့ တွေးထားပေမယ့် တစ်ခါဆော့မိလိုက်တာနဲ့ ဂိမ်းထဲက မထွက်ချင်အောင် ဖမ်းစားထားမှာပဲ ဖြစ်ပါတယ်။

Critical Ops

အပစ်အခတ်၊ အတိုက်အခတ် ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီဂိမ်းကလည်း ကွီးတို့ကို စိတ်မပျက်စေရပါဘူး။ ဂိမ်းထဲမှာ မြေပုံပေါင်း မြောက်မြားစွာ ပါရှိပြီး၊ လက်နက်မျိုးစုံ၊ အဝတ်အစားမျိုးစုံကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ မိမိကြိုက်နှစ်သက်ရာ အဖွဲ့ကို ကိုယ်တိုင် ရွေးချယ်နိုင်ပြီး လူဆိုးတွေကို အတူတူ နှိမ်နင်းလို့ရပါတယ်။ အခြားသော သူငယ်ချင်းများကိုလည်း Invite လုပ်ကာ အတူတူ ဆော့ကစားလို့ရပါသေးတယ်။

Vainglory

အမိုက်စား Graphic တွေကို ကွာလတီကောင်းကောင်းနဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ Vainglory က ကွီးတို့ကို အသင့်စောင့်ကြိုနေပါတယ်။ ဖရီး ဆော့ကစားလို့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ကွီးတို့က ကြိုက်တဲ့ အဖွဲ့နဲ့ ဝင် Join ကာ အတူတူ ဆော့ကစားလို့ ရပါတယ်။ ဂိမ်းက ဆော့လို့ ကောင်းလွန်းလို့ ထမင်းမေ့ ဟင်းမေ့နဲ့ ကိုယ့်ရဲ့ စကီလေးပါ မေ့သွားလို့ စိတ်ကောက်ခံနေရရင် တာဝန်မယူဘူးနော်။

Call of Duty: Mobile

Source: Call of Duty

Call of Duty ဂိမ်းသည်လည်း Android သမားများအတွက်ရော iOS သမားများပါ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဘော်ဒါတွေ တပျော်တပါးကြီးနဲ့ ဆော့ကစားချင်တယ် ဆိုရင်တော့ Multiplayer Modes နဲ့ ဆော့ကစားနိုင်ပါတယ်။ ကွီးတို့ကို ဂိမ်းထဲကနေ အာရုံမခွာနိုင်အောင် ဖမ်းစားထားမယ့် ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။

Hearthstone

Hearthstone သည် အခြားဂိမ်းတွေနဲ့ အမျိုးအစားချင်း မတူပေမယ့် ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကတ်ပေါင်များစွာကို စုဆောင်းရမှာဖြစ်ပြီး ကွီးတို့က စစ်ပွဲနဲ့ ပတ်သက်တဲ့ ဂိမ်းတွေကို စိတ်မဝင်စားရင်တောင်မှ ဒီဂိမ်းကို ဆော့ကြည့်ပြီးတာနဲ့ ဂိမ်းထဲကတောင် ထွက်ချင်တော့မှာမဟုတ်ပါဘူး။

ကွီးတို့ရော ဘယ်လို ဂိမ်းတွေကို သက်စွန့်ဆံဖျား ဆော့ကစားရင်း ချစ်သူလေးရဲ့ အငြိုငြင်ကို ခံရပါသလဲ။

Source: Phreesite

Featured Image: Telemediaonline