အကောင်းစား Laptops တွေနဲ့မှ ဂိမ်း ကစား ချင်တယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ မော်ဒယ် အကောင်းစား လက်ပ်တော့တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလက်ပ်တော့ အကောင်းစားတွေနဲ့ ဂိမ်းဆော့ပြီးသွားတဲ့အခါ အခြားလက်ပ်တော့တွေကို ယောင်လို့တောင် လှည့်ကြည့်ချင်တော့မှာ မဟုတ်ပါဘူး။

(၁) Lenovo Legion Pro 7i (Gen8)

Photo : YouTube

ဒီမော်ဒယ် အမျိုးအစားကတော့ ဂိမ်း လက်ပ်တော့တွေထဲမှာ ယေဘုယျ အကောင်းဆုံး လက်ပ်တော့လို့ ပြောနိုင်ပါတယ်။ သူ့ကို ဝယ်ယူ သင့်တဲ့ အကြောင်းအရင်းကတော့ CPU စွမ်းဆောင်ရည်က မြင့်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

(၂) Gigabyte G5 (2023)

Photo : Trustedreviews

Gigabyte G5 (2023) မော်ဒယ် အမျိုးအစားမှာတော့ ဒီဇိုင်းက မိမိုက်နေပြီး သူ့ရဲ့ စခရင်မ်ကလည်း ကြည်တောက်ရှင်း အမျိုးအစားပဲဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း မြင့်ပြီး Storage ကို Upgrade လုပ်ချင်တဲ့ ကွီးတို့အတွက်လည်း အလွယ်တကူ Upgrade ပြုလုပ်နိုင်တာကတော့ သူ့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

(၃) Razer Blade 15

Photo : Razer

Razer Blade 15 ကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ဘက္ထရီကြောင့်ပဲဖြစ်ပါတယ်။ အားသွင်းဖို့ မေ့တတ်တဲ့ ကွီးတို့အတွက် ဂိမ်းဆော့နေရင်းနဲ့ တမေ့တမောကြီး ဂိမ်းဆော့လို့ရအောင် စွမ်းဆောင်ပေးမယ့် လက်ပ်တော့ အမျိုးအစားပဲဖြစ်ပါတယ်။

(၄) Asus ROG Zephyrus G14

Photo : Notebookcheck

အနေတော် စခရင်မ်လေးနဲ့ ဂိမ်းဆော့ချင်တဲ့ ကွီးတို့အတွက်တော့ Asus ROG Zephyrus G14 မော်ဒယ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ စခရင်မ် ၁၄ လက်မရှိတော့ မသေး မကြီး၊ အနေတော်လေးဆိုတော့ ဂိမ်းကစားချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

(၅) Asus ROG Strix Scar 17 (2023)

Photo : Gadgetmatch

Asus ရဲ့ ROG Strix Scar 17 (2023) အမျိုးအစားကတော့ ၁၇ လက်မ အရွယ်အစားရှိပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ လက်ပ်တော့ အလေးချိန်ကလည်း အရမ်း မလေးပါဘူး။ သူ့ရဲ့ ကိုယ်ထည်ကလည်း တောင့်တောင့်တင်းတင်းလေးဆိုတော့ အကြမ်းလည်း ခံတာကြောင့် ဂိမ်းကစားချင်တဲ့ ကွီးတို့အတွက်ကြောင့် အသည်းစွဲပါပဲ။

(၆) Acer Predator Helios 16

Photo : Me.pcmag.com

Acer အမျိုးအစားကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ၁၆ လက်မ အရွယ်အစားရှိတဲ့ Acer Predator Helios 16 မော်ဒယ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ Mini LED စခရင်မ်ကလည်း လှပပြီး ဂိမ်းဆော့တဲ့အခါ အမိုက်စား ဖီလင် အတွေ့အကြုံမျိုးကို ခံစားရစေမှာဖြစ်ပါတယ်။

ဂိမ်းချစ်သူ ကွီးတို့ရော အခုဖော်ပြသွားတဲ့ Laptops တွေထဲက ဘယ်လက်ပ်တော့ အမျိုးအစားတွေနဲ့ ဂိမ်း ကစား ချင်ပါသလဲ။

Source : Pcgamer

Featured Photo : Herzindagi