ကွီးတို့က ကိုယ့်ကိုယ်ကို ဂိမ်း ချစ်သူ အစစ် တစ်ယောက်လို့ ကြွေးကြော်နေပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းတွေ အကုန်လုံးကို ဆော့ဖူးမှ ဂိမ်း ချစ်သူ အစစ် တစ်ယောက်လို့ ခေါ်တွင်နိုင်မှာပါ။

(၁) Genshin Impact

အက်ရှင် ဂိမ်းတွေကိုမှ ကာရိုက်တာ မျိုးစုံ ပါဝင်ပြီး ကွီးတို့ ကြိုက်နှစ်သက်ရာ ကာရိုက်တာကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ Android နဲ့ iOS တင် မကပါဘူး။ PlayStation 4 & 5 နဲ့ Windows တွေနဲ့ပါ ဆော့ကစား နိုင်ပါသေးတယ်။ ဆုတံဆိပ်တွေ အများကြီးလည်း ဆွတ်ခူးထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၂) Coin Master

Coin Master ဂိမ်းထဲမှာ ကွီးတို့ ကြိုက်တာ လုပ်လို့ရပါတယ်။ ကိုယ်ပိုင်ရွာ၊ ကိုယ်ပိုင် အင်ပါယာတစ်ခု ထူထောင်ပြီး ကိုယ့်ရွာသားများနဲ့အချင်းချင်း မိတ်ဖွဲ့နိုင်ပါတယ်။ ဂိမ်းထဲမှာလည်း စလော့ဂိမ်း ပုံစံမျိုးလေးတွေ ပါဝင်ပြီး ကွီးတို့ရဲ့ ပိုက်ဆံနဲ့ စွမ်းအင်ပမာဏတွေကိုလည်း လယ်ဗယ်ပိုမြှင့်လာအောင်၊ ပိုမို များပြားလာအောင် ဖန်တီးဆော့ကစား နိုင်ပါတယ်။

(၃) Honkai: Star Rail

ဒီဂိမ်းကဆိုရင် The Game Award for Best Mobile Game ဆုကိုတောင် ရရှိထားတဲ့ အတွက်ကြောင့် ဘယ်လောက်ထိ ကောင်းသလဲဆိုတာကိုတော့ အထူးတလည် ညွှန်းနေစရာတော့ လိုမယ် မထင်ပါဘူး။ miHoYo ဆိုတဲ့ Developer နဲ့ Cognosphere. Ltd တို့ ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေအပြင် iOS နှင့် PlayStation 5 ၊ Microsoft Windows တို့မှာပါ ဆော့ကစားနိုင်ပါတယ်။

(၄) Pokémon Go

လူကြိုက်များတဲ့ မိုဘိုင်းလ်ဂိမ်းတွေထဲမှာ Pokémon Go ကလည်း တစ်ခု အပါအဝင်ပါပဲ။ တကယ့် ကမ္ဘာ အစစ်အမှန်ထဲမှာ လျှောက်သွားရင် ပိုကီမွန် အကောင်လေးတွေကို ဖမ်းယူရတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ မျက်စိ လျင်ဖို့ လိုတဲ့ ဂိမ်း တစ်ခုဆိုလည်း မမှားပါဘူး။ ဂိမ်းလည်း ဆော့ဖြစ် လေ့ကျင့်ခန်းလည်း လုပ်ဖြစ်တာပေါ့။

(၅) Bright Memory

ဒီဂိမ်းကတော့ FYQD Personal Studio က Develop လုပ်ကာ ထုတ်ထားတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ကွီးတို့က ကိုယ်တိုင်ပစ်ကာ ဆော့ကစားနေရတဲ့ မြင်ကွင်းမျိုးကို ဖန်တီးပေးကာ ဆော့ကစားနိုင်အောင် ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။​ ဒီဂိမ်းက ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ယခုထိတိုင် Updates တွေကလည်း တစ်ခုပြီးတစ်ခု ရှိနေတာကြောင့် ပျင်းစရာ မကောင်းပါဘူး။

(၆) Laya’s Horizon

Laya’s Horizon ကိုတော့ iOS ဂိမ်းတွေမှာသာမက Android ဂိမ်းတွေမှာလည်း ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် Netflix ဂိမ်းမှာလည်း ဆော့ကစားနိုင်ပါတယ်။ ကောင်းကင် တစ်ခွင်မှာ လေဟုန်စီးပြီး စွန့်စွန့်စားစား ဂိမ်းမျိုးကို ဆော့ကစားချင်တယ် ဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်သင့်ပါတယ်။ ဒီလို ဂိမ်း မျိုးကို တစ်ခါမှ မဆော့ဖူးရင်တော့ ကွီးတို့က ခေတ် နောက်ကျနေတာ အသေအချာပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်နှစ်မျိုးလောက်ကို ဆော့ဖူးပါသလဲ။​

Source: Polygon

Featured Image: Mobilesyrup