ဖုန်းနဲ့ပဲ ဂိမ်းကစားရတာ ကြိုက်တဲ့ ကွီးတွေရှိပါသလား။ ဒီနောက်ပိုင်းမှာ မိုဘိုင်းလ်ဂိမ်း တော်တော်များများကလည်း နည်းပညာနဲ့ Graphics ပိုင်းများ အဆင့်မြင့်လာပြီး လူများကို ချက်ချင်းပဲကစားချင်အောင် ဆွဲဆောင်လျက် ရှိပါတယ်။ ခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်မြင့် iOS နဲ့ Android ဖုန်းတော်တော်များများက မိုဘိုင်းလ်ဂိမ်းတွေကို အခက်အခဲမရှိ ကစားလို့ရပါတယ်။ ဒါမှမဟုတ် ကွီးတို့က ဂိမ်း ဆော့ဖို့အတွက် ရွေးချယ်ချင်တယ်ဆိုရင်တော့ ဆော့ဖို့ အကောင်းဆုံးသော စမတ်ဖုန်း များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) OnePlus 10 Pro

Photo : 91 mobile.com

အခု ပထမဆုံးဖော်ပြချင်တဲ့ OnePlus 10 Pro ကတော့ Android တွေအတွက် ဂိမ်း ဆော့ဖို့ အကောင်းဆုံးသော စမတ်ဖုန်း တစ်ခုပါ။ သူရဲ့မျက်နှာပြင်အကျယ်က ၆.၇ လက်မ ရှိပါတယ်။ RAM က‌တော့ 8GB နဲ့ 12GB ဆိုပြီး ရှိပါတယ်။ Storage အနေနဲ့လည်း 128GB နဲ့ 256GB ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ အလေးချိန်က ၇ အောင်စ သာရှိတာကြောင့် တော်တော်ပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။ ဘက်ထရီသက်တမ်းကလည်း ၁၂ နာရီခန့် ရှိတာကြောင့် ဂိမ်းဆော့ရတာ ကြိုက်တဲ့ကွီးတို့ အကြိုက်တွေ့စေမှာပါ။

(၂) iPhone 13 Pro Max

Photo : Note Book Check

ဖုန်းနဲ့လည်း ဂိမ်းကစားချင်တယ်၊ ဒါပေမဲ့ iOS မှ iOS ဆိုတဲ့ ကွီးတို့အတွက် အများကြီးမစဉ်းစားပါနဲ့။ iPhone 13 Pro Max သာရွေးချယ်လိုက်ပါ။ တကယ်ကို ရုပ်ထွက်အားကောင်းတဲ့ ရောင်စုံ Display က ဖုန်းနဲ့ ဂိမ်းကစားတဲ့ ကွီးတို့ တကယ်အကြိုက်တွေ့စေမှာပါ။ သူရဲ့မျက်နှာပြင်အကျယ်ကလည်း ၆.၇ လက်မရှိပါတယ်။ RAM ကတော့ 6GB ပါရှိပါတယ်။ Storage အနေနဲ့လည်း 128GB၊ 256GB၊ 512GB နဲ့ 1TB စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ သူ့ရဲ့ အလေးချိန်ကတော့ ၈.၅ အောင်စရှိပြီး ဘက်ထရီသက်တမ်းက ၁၂ နာရီကျော်ခံပါတယ်။

(၃) Asus ROG Phone 6 Pro

Photo : ROG Phone 6 Pro

နောက်ထပ် ဖော်ပြချင်တဲ့ ဂိမ်း ဆော့ဖို့ အတွက် အကောင်းဆုံး စမတ်ဖုန်း တစ်ခုကတော့ Asus ROG Phone 6 Pro ပဲဖြစ်ပါတယ်။ သူရဲ့ မျက်နှာပြင်အကျယ်က ၆.၈ လက်မရှိပါတယ်။ RAM ကတော့ 18GB ပါရှိပါတယ်။ Storage အနေနဲ့ကတော့ 512 GB တစ်မျိုးသာရှိပါတယ်။ အလေးချိန်ကတော့ ၈.၄ အောင်စရှိပါတယ်။ ဘတ်ထရီသက်တမ်းက ၁၅ နာရီကျော်လောက် ခံတဲ့အတွက် တကယ်ကိုအားကောင်းတဲ့ ဘက်ထရီသက်တမ်း ပါရှိတဲ့ အတွက် အချိန်ကြာကြာ ဂိမ်းကစားတတ်တဲ့ ကွီးတို့အတွက် အဆင်ပြေတာပေါ့။

(၄) Samsung Galaxy S22 Plus

Photo : Dimprice

Samsung ချစ်သူ ကွီးတို့အတွက် ဂိမ်း ကစားဖို့ စမတ်ဖုန်း ရွေးချယ်မယ်ဆိုရင် Samsung Galaxy S22 Plus ကို ရွေးချယ်လိုက်ပါ။ မျက်နှာပြင်အကျယ်က ၆.၆ လက်မရှိပါပြီး RAM ကတော့ 8GB ပါရှိပါတယ်။ Storage အနေနဲ့တော့ 128GB နဲ့ 256GB စသည်ဖြင့်ရွေးချယ်နိုင်ပါတယ်။ အလေးချိန်ကတော့ ၆.၉ အောင်စသာ ရှိတာကြောင့် တကယ်ကို ပေါ့ပါးပါတယ်။ သူရဲ့ ဘက်ထရီ သက်တမ်းကတော့ ၁၀ နာရီနီးပါးခံပါတယ်။

(၅) Black Shark 5 Pro

Photo : Shoppe Phillippines

နောက်ထပ်ဖော်ပြချင်တဲ့ စမတ်ဖုန်းကတော့ Black Shark 5 Pro ပဲဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်အကျယ်ကလည်း အခြားဖုန်းများနဲ့နီးတူ ၆.၇ လက်မရှိပါတယ်။ RAM ကတော့ 8GB၊ 12GB၊ 16GB ပါရှိပါတယ်။ Storage အနေနဲ့တော့ 128GB နဲ့ 256GB ကွီးတို့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ သူရဲ့ အလေးချိန်ကတော့ ၇.၈ အောင်စ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကတော့ ၁၁ နာရီခံပြီး အားသွင်းတဲ့နေရာမှာလည်း မြန်ဆန်တဲ့ အတွက် ရွေးချယ်စရာကောင်းတဲ့ စမတ်ဖုန်းတစ်ခုလည်း ဖြစ်ပါတယ်။

ကွီးတို့‌ရေ အခုဖော်ပြပေးလိုက်တာကတော့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပြီး ဒီနှစ်အတွက် ဂိမ်း ဆော့ဖို့ အကောင်းဆုံးသော ဖုန်း တွေလည်း ဖြစ်ပါတယ်။ ဖုန်းနဲ့ ဂိမ်းကစားတတ်တဲ့ ကွီးတို့ ရွေးချယ်ဝယ်ယူရာမှာ လွယ်ကူစေဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။ ကွီးတို့ အကြိုက်နဲ့လည်း ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်။

Source : Tom’s Guide

Featuredn Photo : Digital Trend