နည်းပညာများသည် တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ အီလက်ထရောနစ် လူသုံးပစ္စည်းများသည်လည်း တဖြည်းဖြည်း မော်ဒယ်မြင့်လာကြပါတယ်။ ဂိမ်း ဝါသနာအိုးများသည်လည်း ယခင်က တီဗွီဂိမ်းများ ၊ ဗွီဒီယိုဂိမ်းများသာ ဆော့ကစားခဲ့ကြပေမယ့် ယခုအခါမှာတော့ Laptop ဖြင့် ဂိမ်းဆော့ရတာကို ပိုမိုခုံမင်လာကြပါတယ်။

ရွေးချယ်စရာ လက်ပ်တော့အမျိုးအစားများ၊ မော်ဒယ်ဘရန်းများ အများအပြားရှိတဲ့အနက် ဂိမ်း ဝါသနာအိုး ကွီးတို့အတွက် ဂိမ်းဆော့လို့အကောင်းဆုံး Laptop လေးများကို စုစည်းဖော်ပြ ပေးလိုက်ရပါတယ်။

Asus Rog Zephyrus G15

Photo: The Verge

၁၅ လက်မရှိတဲ့ ဂိမ်း Laptop တစ်မျိုးဖြစ်ပြီး သူ့ရဲ့အလေးချိန်ကတော့ ၄ ပေါင်ခန့် လေးပါလိမ့်မယ်။ စပီကာကလည်း ၆ ခုတောင်ပါတာဆိုတော့ ဂိမ်းဆော့ရတဲ့သူတွေအတွက် အမိုက်စား အတွေ့အကြုံကို ခံစားရစေမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀ ကျော်ခန့် ပေးဝယ်ရမှာဖြစ်ပါတယ်။

Asus Rog Zephyrus G14

Photo: Rock Paper Shotgun

ကွီးတို့အနေနဲ့ စောစောက G15 ထက် ပိုမိုပေါ့ပါးပြီး ပိုမိုသေးငယ်တဲ့လက်ပ်တော့မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ G14 ကို ရွေးချယ်နိုင်ပါတယ်။ Display သည် ၁၄ လက်မခန့်ရှိပြီး အမိုက်စား Keybard နှင့် Touchpad တို့ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၅၀ ကုန်ကျမှာဖြစ်ပါတယ်။

Razer Blade 17

Photo: Razer

ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလေးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၃၀၀ ပေးချေရမှာပါ။

Lenovo Legion 5 Pro

Photo: Notebookcheck

Lenovo အမျိုးအစားတွေထဲက ဝယ်ယူချင်တယ်ဆိုရင် Legion 5 Pro လေးကို ရွေးချယ်နိုင်ပါတယ်။ Screen ကတော့ ၁၆ : ၁၀ ဆိုတော့ ဂိမ်းလက်ပ်တော့တွေထဲမှာ ရှာမှာရှား ဒီဇိုင်းတစ်မျိုးပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၈၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

MSI GE76 Raider

Photo: Rock Paper Shotgun

ဒီလက်ပ်တော့လေးကတော့ ဒေါ်လာ ၂၅၀၀ ဝန်းကျင်ပေးဝယ်ရမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့သူများအတွက် Performance အမိုက်စားနဲ့ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

ASUS Rog Strix G15 Advantage Edition

Photo: IGN SEA

ဒီအမျိုးအစားကတော့ ဒေါ်လာ ၁၇၀၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဘက္ထရီသက်တမ်းကလည်း ၉ နာရီနဲ့ ၁၆ မိနစ်ခန့် ခံတာဆိုတော့ မီးပျက်တဲ့အချိန်မှာလည်း စိတ်ကြိုက်ဂိမ်းဆော့နိုင်ပါသေးတယ်။

Razer Blade 14

Photo: Hardwarezone

သူ့မှာတော့ Ryzen 9 5900HX CPU နှင့် RTX 3080 GPU တို့ ပါဝင်တဲ့အပြင် ကီးဘုတ်ကလည်း ရောင်စုံလေးတွေဆိုတော့ ဂိမ်းဆော့ရတဲ့သူတွေအဖို့ အကြိုက်တွေ့ကြမှာအမှန်ပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၈၀၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

MSI GS76 Stealth

Photo: MSI

နောက်ထပ်အမျိုးအစားလေးကတော့ ၁၇ လက်မ အရွယ်အစားရှိတဲ့ MSI GS76 Stealth ပဲဖြစ်ပါတယ်။ အမိုက်စား စွမ်းဆောင်ရည်အပြင် ရောင်စုံကီးဘုတ်လေးလည်း ပါတာဆိုတော့ အမိုက်စား ခံစားချက်ကို ခံစားရစေမှာပါ။ ဂိမ်းလက်ပ်တော့လောကထဲမှာလည်း ပြိုင်စံရှားလက်ပ်တော့တစ်လုံးအဖြစ် သတ်မှတ်ထားခြင်းခံထားရတဲ့ လက်ပ်တော့တစ်လုံးပါ။

ကွီးတို့ရော ဂိမ်းဆော့ဖို့အတွက် ဘယ်လို လက်ပ်တော့အမျိုးအစားကို ဝယ်ယူထားကြပါသလဲ။

Source: Theverge

Featured Image: Rog.asus