ခေါင်းစဉ်ကို ကြည့်ပြီး ကွီးတို့ နည်းနည်းလေးများ အူကြောင်ကြောင် ဖြစ်သွားလေမလား။ ဂိုးသမားတစ်ဦးက ဂိုးသွင်းတယ် ဆိုမှတော့ ကိုယ့်ဂိုးကိုများ သွင်းနေလားလို့ ထင်ကြမှာ သေချာပါတယ်။ ဒီဘက်ခေတ်မှာလည်း ဂိုးသမားတွေ ဂိုးသွင်းတယ်ဆိုတာ ရှိတော့ရှိတယ် ရှားတယ် ဆိုသလို ဖြစ်နေပြီ ဆိုတော့လေ။ ဒါပေမယ့် ကျွန်တော် အခု ဖော်ပြပေးသွားမယ့် ဂိုးသမားကြီးကတော့ ကစားသမားဘဝအတွင်းမှာ (၁၃၁)ဂိုးအထိတောင် သွင်းယူခဲ့တာပါ။ သူ့နာမည်ကတော့ ရိုဂျာရီယို ဆန်နီ။

Photo Credit : Just Keepers

လက်ရှိမှာ အသက် (၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဂိုးသမားကြီးကတော့ ကစားသမားဘဝအတွင်း တိုက်စစ်မှူးတစ်ဦးရဲ့ ဂိုးသွင်းနှုန်းလောက်အထိ ဂိုးတွေကို အံ့မခန်း သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကစားသမားဘဝရဲ့ အချိန်အများစုကို ဘရာဇီးလ် ကလပ် ဆော်ပေါ်လိုအသင်းမှာပဲ ဖြတ်သန်းခဲ့တဲ့ ဂိုးသမားကြီး ဆန်နီက ဆော်ပေါ်လိုမှာ ပင်နယ်တီ နဲ့ ဖရီးကစ် ကန်သွင်းသူအဖြစ် တရားဝင် တာဝန်ယူထားရင်း အဲ့ဒီ အလွတ် တည်ကန်ဘောတွေကနေ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Soccerzz

ကစားသမားဘဝ (၂၅)နှစ်ကာလအတွင်း ဆော်ပေါ်လိုအသင်းမှာ ပါဝင်ကစားရင်း ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ရတဲ့ ဂိုးသမား ဆန်နီဟာ ၂၀၀၅ခုနှစ်တုန်းက ဖီဖာကမ္ဘာ့ကလပ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရရင်း ပေးဂိုးမရှိ (1-0) နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါသေးတယ်။ အဲ့ဒီပြိုင်ပွဲမှာပဲ ဆန်နီက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။ ဆန်နီက ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့လည်း စုစုပေါင်း (၁၇)ပွဲအထိ ပါဝင်ကစားခဲ့ဖူးပါသေးတယ်။

Photo Credit : Goal

အသက်(၄၀)အရွယ် ၂၀၁၅ခုနှစ်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ဂိုးသမားကြီး ဆန်နီက (၂)နှစ်အကြာမှာပဲ နည်းပြနယ်ပယ်ထဲ ဝင်ရောက်လာပြီး ဆော်ပေါ်လို နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ပါတယ်။ ဆော်ပေါ်လိုကနေ ခရူဇီယို ဖလာမင်ဂို အစရှိတဲ့ ဘရာဇီးလ် ကလပ်တွေကို တောက်လျှောက် ကိုင်တွယ်ခဲ့ပြီး ၂၀၂၁မှာ ဆော်ပေါ်လိုကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ ဆော်ပေါ်လို အပြန်ခရီးကလည်း မအောင်မြင်ခဲ့ပဲ ဒုတိယအကြိမ် ထုတ်ပယ်ခံခဲ့ရပါတယ်။

Featured Photo : These Football Times