ဟာရီ မက်ဂွိုင်းယား မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ၂၀၀၉-၂၀၂၀ ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပွဲကစားခွင့်တွေ ဆုံးရှုံးလာရတဲ့ ခံစစ်မှူးတွေထဲ မားကို့စ် ရိုဟိုလည်း တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

လက်စတာကနေ ပေါင်သန်း(၈၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ မက်ဂွိုင်းယား ခေါ် ဂေါင်းကြီးဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ (၅၅)ပွဲ (အဲ့ဒီတစ်ရာသီလုံးမှာ ယူနိုက်တက်အတွက် ပွဲအရေအတွက် အများဆုံး ပမာဏ) ကစားခဲ့ရသလို ရာသီဝက်မှာပဲ အသင်းခေါင်းဆောင်အဖြစ်ပါ လွဲပြောင်း တာဝန်ပေးခံခဲ့ရပါတယ်။ အဲ့ဒီကတည်းက ဂေါင်းရီးဟာ အသင်းမှာ silly mistakes တွေ လုပ်ဆောင်တတ်လာပြီး သူ့ကို ခေါ်ယူခဲ့တဲ့ ဆိုးလ်ရှားကလည်း သူ့ကို ခေါ်ယူခဲ့စဉ်တုန်းက အသုံးပြုခဲ့ရတဲ့ မနည်းမနော ပြောင်းရွှေ့ကြေးကြောင့် အမှားတွေ များနေတာတောင် တောက်လျှောက် အသုံးပြုခဲ့ပါတယ်။

Photo Credit : Daily Mail

အဲ့ဒီအချိန်မှာ ယူရိုပါလိဂ်တို့ ပြည်တွင်း ရှုံးထွက်ပွဲတို့သာ ကစားခွင့်ရတဲ့ ရိုဟိုက ဒီအခြေအနေကို ပေါက်ကွဲခဲ့ပြီး နည်းပြ ဆိုးလ်ရှားနဲ့ပါ စကားများခဲ့ရပါတယ်။ “၂၀၁၉ခုနှစ်တုန်းက ကျွန်တော် ယူရိုပါလိဂ်မှာ ကစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီအချိန်က ယူနိုက်တက် နည်းပြနဲ့ ပတ်သက်ပြီး ဒေါသထွက်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းရဲ့ လူစာရင်းမှာ ကျွန်တော့်အစား မက်ဂွိုင်းယားကို နေရာပေးနေခဲ့လို့ပါ။ အခုတော့ လီဆန်ဒရိုက သူ့နေရာကို ရယူနိုင်လိုက်တာ အရမ်းကောင်းတယ်။ တစ်နေ့တော့ ကျွန်တော် အိုလေရဲ့ ရုံးခန်းထဲကို သွားပြီး ကျွန်တော့်ကို အခြား အသင်းတစ်သင်းဆီ ထွက်ခွာခွင့်ပြုမလား ဒါမှမဟုတ် အသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ ထည့်ပေးမလားလို့ မေးလိုက်တယ်။”

Photo Credit : Channels Television

“ဒါပေမယ့် သူက မက်ဂွိုင်းယားအတွက် ဈေးကြီးပေးပြီး ခေါ်ထားရလို့ ကစားခွင့် ပေးကိုပေးရလိမ့်မယ်ဆိုပြီး ပြောလာတယ်။ မက်ဂွိုင်းယားက အမှားတွေ အကြီးကြီးကို လုပ်ထားတယ်လို့လည်း ကျွန်တော် အိုလေကို ပြောထားခဲ့ပြီးသားပါ။ ကျွန်တော်လည်း စိတ်မထိန်းနိုင်လို့။ ဟာ ခွေးမသားရယ် ဒီအမှားကောင်က အပတ်တိုင်း အမှားကြီးတွေ လုပ်လွန်းလို့ ငါ့ကိုပဲ ကစားခွင့်ပေးပါလို့ ပြောမိခဲ့သေးတယ်” လို့ ရိုဟိုက TyC Sports နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Tribuna