ဂေါ့ဖ်ရိုက်ခြင်းသည် ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ အားကစားအများအပြားထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဂေါ့ဖ်ကစားခြင်းကြောင့် စိတ်အပန်းပြေစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ ကမ္ဘာပေါ်တွင် ဂေါ့ဖ် အားကစားသမား အကျော်အမော်များလည်း အများအပြားရှိကြပါတယ်။

သင်သည် ဂေါ့ဖ်ရိုက်ရတာ ဝါသနာပါတဲ့ ကွီးတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကမ္ဘာ့အကျော်ကြားဆုံး ဂေ့ါဖ် အားကစားသမား တွေကို သိပြီးလောက်မှာဖြစ်ပါတယ်။

Phil Mickelson

Photo: The Guardian

ကမ္ဘာ့အတော်ဆုံး နံပါတ် (၇) နေရာမှာ ရပ်တည်နေတဲ့ အားကစားသမားကတော့ Phil Mickelson ပဲဖြစ်ပါတယ်။ သူ့နာမည်ပြောင်ကတော့ Lefty ဖြစ်ပါတယ်။ သူသည် ညာသန်တစ်ယောက်ဖြစ်ပေမယ့် သူ ငယ်ငယ်တုန်းက သူ့အဖေ ဂေါ့ဖ်ရိုက်စဉ်ကာ သူ့အဖေအတိုင်း ဘယ်နဲ့ရိုက်ရာကနေ သူသည်လည်း ထိုကဲ့သို့ ရိုက်တတ်သွားတာဖြစ်ပါတယ်။

Gene Sarazen

Photo: Florida

သူကတော့ ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၃၀ ပြည့်နှစ်တွေမှာ နံပါတ် (၁) နေရာ ရခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့နာမည်ကတော့ ဂေါ့ဖ်လောကမှာ ယနေ့ထိတိုင် နာမည်ကြီးနေဆဲပဲဖြစ်ပါတယ်။

Gary Player

Photo: 2oceansvibe

နံပါတ် (၈) နေရာမှာ ရပ်တည်နေသူကတော့ Gary Player ဖြစ်ပါတယ်။ သူကတော့ မေဂျာ ချန်ပီယံရှစ်ပြိုင်ပွဲများတွင် ၉ ကြိမ်တိုင်တိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။

Tom Watson

Photo: Linksmagazine

နောက်ထပ်နာမည်ကြီးသူတစ်ယောက်ကတော့ Thomas Sturges Watson ဖြစ်ပါတယ်။ သူ့ကို Tom Watson လို့လည်း လူသိများပါတယ်။ သူသည်လည်း ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အတော်ဆုံး အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Ben Hogan

Photo: Golf

နောက်ထပ် ပရော်ဖက်ရှင်နယ်ကျကျ ဆော့ကစားနိုင်သူကတော့ Ben Hogan ပဲဖြစ်ပါတယ်။ သူသည် ၁၉၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ သို့သော် သူ့နာမည်ကတော့ ယနေ့ထိတိုင် ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

Jack Nicklaus

Photo: Caknowledge

သူ့နာမည်အပြည့်အစုံကတော့ Jack William Nicklaus ဖြစ်ပါတယ်။ သူ့နာမည်ပြောင်ကတော့ The Golden Bear ပါ။ သူသည် အနားမယူခင်တုန်းကဆိုလျှင် ပြိုင်ပွဲပေါင်းအမြောက်အမြားမှာ ယှဉ်ပြိုင်ခဲ့ပြီး ၁၁၇ ပွဲ အနိုင်ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Tiger Woods

Photo: Lifestyleasia

သူကတော့ နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ နာမည်ကြီး ဂေါ့ဖ် အားကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အတော်ဆုံး ဂေါ့ဖ် အားကစားသမား အဖြစ် ယနေ့ထိတိုင် သတ်မှတ်ထားခြင်းခံရတာ ဖြစ်ပါတယ်။

Source: Athlonsports

Featured Image: CNBC