ချယ်လ်ဆီး အသင်းက ဒီနွေမှာ အသင်းက ကစားသမားတွေကို တသီတသန်းကြီး ရောင်းထုတ်သွားရဖို့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တော့ဒ်ဘိုလေ လက်ထက်မှာ ကစားသမားသစ်တွေကို တပုံကြီး ခေါ်ထားခဲ့တာမို့ FFP စည်းမျဉ်းနဲ့ လွတ်ကင်းရအောင် အထွက်တွေ ရှယ်လုပ်ဆောင်ရပါတော့မယ်။ အဲ့ဒီလို လုပ်ဆောင်ရင်း FFP rule နဲ့ အဆင်ပြေသွားပြီဆိုရင်လည်း အသင်းအတွက် အားဖြည့်မှုတွေကိုလည်း ပြန်လည် လုပ်ဆောင်ရပါမယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ ဟာဗက်ဇ် မေဆန်မောင့်တို့က ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဆီနဲ့ ကန်တေ ဇီယက်ရှ် မန်ဒီ နဲ့ ကူလီလလီတို့ကို ဆော်ဒီ ကလပ်အသင်းတွေဆီ လက်လွတ်ခဲ့တဲ့ ချယ်လ်ဆီးဟာ ဒီကစားသမားတွေ ပြီးသွားရင်တောင် နောက်ထပ် ကစားသမားတွေကို ထပ်မံ ရှင်းထုတ်ရဖို့ ရှိနေတာကြောင့် သူတို့နေရာအတွက် ပြန်လည် ဖြည့်တင်းဖို့က မဖြစ်မနေ လိုအပ်နေပါတယ်။ ဒီရက်ပိုင်းထဲမှာတော့ ချယ်လ်ဆီး က ဇန်နဝါရီကတည်းက ခေါ်ယူထားတဲ့ အန်ကွန်ကူရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် ထုတ်ပြန်ထားသလို တိုက်စစ်ပိုင်းအတွက်ကိုပဲ နီကိုလပ်စ် ဂျက်ဆန်ဆိုသူ ဆီနီဂေါ လက်ရွေးစင် striker တစ်ဦးကိုပါ ခေါ်ယူလိုက်ပါတယ်။

Photo Credit : We Ain’t Got No Histroy

အသက် (၂၂)နှစ်အရွယ်ရှိ ဗီလာရီးယဲလ် တိုက်စစ်ကစားသမား ဂျက်ဆန်ဟာ ၂၀၁၉ခုနှစ်ကတည်းက ဆီနီဂေါ လူငယ် အကယ်ဒမီဆီကနေမှ ဗီလာရီးယဲလ်အသင်းဆီ စတင် ရောက်ရှိလာခဲ့တာဖြစ်ပြီး (၂)နှစ်အကြာလောက်မှသာ ဗီလာရီးယဲလ် အသင်းကြီးအတွက် ကစားခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗီလာရီးယဲလ်အတွက် ပြိုင်ပွဲစုံ(၃၈)ပွဲမှာ (၁၃)ဂိုးသွင်း (၅)ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ဂျက်ဆန်ဟာ အခုဆိုရင်တော့ ချယ်လ်ဆီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဘောလုံးရပ်ဝန်းမှာ ပြောင်းလဲ ကျင်လည်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sporting News

ချယ်လ်ဆီး ဆီနီဂေါ ကြယ်ပွင့်လေး ဂျက်ဆန်ကို သူရဲ့စာချုပ်လျော်ကြေး ယူရို (၃၅)သန်းကိုမှ (၂)သန်း ပိုပေးပြီး စုစုပေါင်း ယူရို (၃၇)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး စာချုပ်ကိုလည်း ၂၀၃၁ခုနှစ်အထိ သက်တမ်းရှိမယ့် (၈)နှစ်စာချုပ်တောင် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးက အာဖရိက ကစားသမားတွေရဲ့ အောင်မြေလို ဖြစ်နေတာကြောင့် ဂျက်ဆန်က ဒီဒီယာ ဒရော့ဘာ နောက်ပိုင်း ချယ်လ်ဆီး တိုက်စစ်အတွက် အားထားရတဲ့ အာဖရိက striker တစ်ဦး ဖြစ်လာမလားဆိုတာ…

Featured Photo : Youtube