ကွီးတို့ရေ နိုင်ငံအပြင်ဘက်ကို ခရီးသွားဖို့ ရည်ရွယ်ထားရင် ခေတ်မှီ မိုးမျှော်တိုက်များနဲ့ ပြည့်နေတဲ့ မြို့ကြီးများကနေ အေးချမ်းတဲ့ ဝါးတောများရှိရာ ကျေးလက်ဒေသများ၊ နီယွန်မီးဝိုင်းများနဲ့ တောက်ပတဲ့ များကနေ သာယာသောဘုရားကျောင်းများအထိ ရသခံစားမျိုးစုံရှိရာ၊ လူတွေက အလွန်ယဉ်ကျေးကြပြီး ကမ္ဘာပေါ်မှာ အထိရောက်ဆုံး အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်ရှိတဲ့ ဂျပန်နိုင်ငံကို တစ်ခါလောက်တော့ အလည်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဂျပန်နိုင်ငံ ရဲ့ လည်ပတ်လို့ အကောင်းဆုံးသော နေရာများ ကို ဝေမျှပေးချင်ပါတယ်။

ဂျပန်နိုင်ငံမှာ ခေတ်မှီဖွံဖြိုးတိုးတတ်လှတဲ့ တိုကျိုနှင့် ကျိုတို စသည်တို့အပြင် သမိုင်းဝင် ရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေသောနေရာများ နဲ့ ပိုမို တိတ်ဆိတ်သော ကျေးလက်ဒေသအချို့ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

၁။ Kyoto ကျိုတို

Photo : Kansai Travel Guide

ရှေးဟောင်းမြို့တော် ကျိုတိုမှာ Fushimi Inari ဘုရားကျောင်းက ဂျပန်နိုင်ငံ တွင် သွားရောက်လည်ပတ် ရန် အကောင်းဆုံးသော နေရာများ ထဲမှ တစ်ခုဖြစ်ပါတယ်။ Fushimi Inari နတ်ကွန်းရဲ့ အနီရောင် တိုရီ တံခါးတွေကို ဖြတ်လျှောက်ပါ။ Emi နှင့် ဂျပန်ရိုးရာဟင်းလျာချက်ပြုတ်ရန် လေ့လာပါ။ Kibune ရွာကို ရထားစီးပြီး ချိုင့်ဝှမ်းကို ဖြတ်ပြီး လှပတဲ့ Kurama-dera ဘုရားကျောင်းဆီ လမ်းလျှောက်ပါ။ အနည်းဆုံး ၃ ညအိပ် ၅ ညအိပ်ရင် ပိုကောင်းပါတယ်။

၂။ Tokyo တိုကျို

Photo : Japan Travel

Tokyo တိုကျို ကတော့ ကွီးတို့ သိပြီးသားဖြစ်တဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ မြို့တော်ပါ။ ကျိုတိုသည် ရိုးရာဂျပန်၏ဗဟိုချက်ဖြစ်လျှင် တိုကျိုသည် ဂျပန်ရဲ့ အလွန်ခေတ်မီသော အပိုင်းဖြစ်ပါမယ်။ တိုကျိုမှာ မိုးမျှော်တိုက်များ၊ ဆူညံသောကစားဝိုင်းများ၊ လူသွားလူလာများသော လမ်းကူးများ၊ ရူးသွပ်သော လူငယ်ဖက်ရှင်များနှင့် မယုံနိုင်လောက်အောင် အရသာရှိသော စားသောက်ဆိုင်များစွာကို ဤနေရာတွင် တွေ့ရပါမယ်။ Shinjuku ရှိ အခမဲ့ Tokyo Metropolitan Government Building မှ ညကောင်းကင်ယံကို ငေးကြည့်နိုင်သလို နာမည်ကြီး Shibuya Crossing ကိုဖြတ်ပြီး လမ်းလျှောက်ပါ။

၃။ Takayama

Photo : TOHOKU x TOKYO (JAPAN)

Takayama က Japan Alps အစွန်းရှိ အလွန်လှပသော မြို့ငယ်လေးဖြစ်ပြီး ဂျပန်နိုင်ငံ တွင် လည်ပတ်ရန် အကောင်းဆုံးသော နေရာများ ထဲမှ တစ်ခုဖြစ်ပါတယ်။ ရိုးရာသစ်သားအိမ်များ၊ ရောင်စုံနတ်ကွန်းများ၊ သပ်သပ်ရပ်ရပ် ပုံစံသစ်ပင်များနှင့် မြစ်ပေါ်ရှိ အနီရောင်တောက်တောက် တံတားများဖြင့် ပြည့်နေသော သမိုင်းဝင်စင်တာကို လှည့်လည်ကြည့်ရှုရတာကို နှစ်သက်ပါလိမ့်မယ်။

၄။ Hakone

Photo : Tokyo Weekender

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနေရာတွေထဲက တစ်ခုဖြစ်တဲ့ Hakone မှာ Ashi Lake ရှိပါတယ်။ Hakone ရှိ Ashi ရေကန်ထဲက ဂျပန်ရဲ့ အထင်ကရ ဖူဂျီတောင်ကို လှမ်းကြည့်နိုင်ပါတယ်။ တိမ်ထူထပ်သောနေ့တွင် လာရောက်လည်ပတ်ကြပြီး Ashi ရေကန်အထက် တိမ်တိုက်များမှ ထွက်လာသည့် ဖူဂျီတောင်ကို ကြည့်ရတာ မှော်ဆန်လှပါတယ်။

၅။ Kanazawa

Photo : Audley Travel

နိုင်ငံ၏အလှဆုံးဥယျာဉ်များ၊ ရင်သပ်ရှုမောဖွယ်ရဲတိုက်တစ်ခုနှင့် စူးစမ်းလေ့လာရန် အနုပညာပြတိုက် များစွာလည်း ရှိပါသည်။ လက်ရာမြောက်သော Gyokusen-en Gardens တွင် ရိုးရာလက်ဖက်ရည်ပွဲတော်ကို ခံစားလိုက်ပါ။

၆။ Nikko

Photo : Japan Objects

Nikko သည် တိုကျိုမြို့မြောက်ဘက် နာရီအနည်းငယ်အကွာ တောင်တန်းများရှိ ဘုရားကျောင်းနှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်ပြီး အေးမြသော အပန်းဖြေစခန်းတစ်ခုလည်း ဖြစ်ပါတယ်။

၇။ Koyasan

Photo : All about Japan

ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့ကို ခံစားရန်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးနေရာများထဲက တစ်ခုဖြစ်တဲ့ Koyasan ရှိ Okunoin သစ်တောသင်္ချိုင်းကို လေ့လာနိုင်ပါတယ်။

၈။ Tsumago

Photo : Japan City Tour

Kiso ချိုင့်ဝှမ်းရှိ Tsumago ရွာသည် ဂျပန်နိုင်ငံတွင် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ထားသော ရိုးရာတောင်ရွာရှုခင်း အဖြစ် လေ့လာနိုင်ပါတယ်။

၉။ Hiroshima ဟီရိုရှီးမား

Photo : Business Insider

ဒုတိယကမ္ဘစစ် အဏုမြူဗုံး ကြဲခံရတဲ့ မြို့ဖြစ်ပါတယ်။ ဟီရိုရှီးမား ရဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပြတိုက်ကို ဝင်ရောက်လေ့လာနိုင်ပြီး ပန်းခြံတွင် အဏုမြူဗုံး ကြဲချခံခဲ့ရသော ဒုက္ခသည်များအား ဂါရဝပြုနိုင်ပါတယ်။

ကွီးတို့ရေ ဂျပန်နိုင်ငံ ရဲ့ လည်ပတ်လို့ အကောင်းဆုံးသော နေရာများ၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာများ လည်း အများအပြားရှိပါသေးတယ်။ ကွီးတို့ ဂျပန်ကို လည်ပတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် အထက်ပါဖော်ပြထားတဲ့နေရာလေးတွေကိုလည်း ကွီးတို့ ခရီးစဉ်အတွင်းထည့်သွင်းလိုက်ပါ။

Source : Never Ending Voyage

Featured Photo : Theplanetd