ဂျပန်ရိုးရာအရက်တွေကို သောက်သုံးရတာ နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး ဂျပန် ဆာကေး များအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ဂျပန် ဆာကေး များသည် မျိုးဆက်တစ်ဆက်ကနေ နောက်တစ်ဆက်ကို လက်ဆင့်ကမ်းကာ ဖော်စပ်ထားတဲ့ အယ်လ်ကိုဟောတစ်ခုဖြစ်ပါတယ်။ ရိုးရာပွဲတော်များ၊ အခမ်းအနားများ ကျင်းပတဲ့အခါမှာလည်း ဂျပန် ဆာကေး ဖြင့် တရိုတသေ ပူဇော်တဲ့ ဓလေ့မျိုးလည်း ရှိပါတယ်။

ဂျပန် ဆာကေး ကို ဖော်စပ်တဲ့နေရာမှာ အဓိက အကျဆုံးအချက်ကတော့ ရေ ပဲဖြစ်ပါတယ်။ ဖော်စပ်ရာတွင် အသုံးပြုတဲ့ ရေထဲတွင် ကျန်းမာရေးနှင့် ညီညွှတ်တဲ့ သတ္တုဓာတ်များ များပြားစွာ ပါဝင်တဲ့အတွက်ကြောင့်လည်း နာမည်ကြီးရခြင်း ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဂျပန်ရိုးရာအရက်တွေထဲကမှ အကောင်းတကာ့ အကောင်းဆုံးကို နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

Hakkaisan Tokubetsu Junmai

Photo: Sakelicious

ယေဘုယျ ခြုံငုံကြည့်မယ်ဆိုရင် အင်မတန်မှ ထူးကဲကောင်းမွန်တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူ့အရသာထဲမှာတော့ ဗနီလာ၊ ဆန်ကိတ်နှင့် ဆေးဖက်ဝင်အနံ့အရသာများ ပါဝင်နေအောင် ဖော်စပ်ထားတာ ဖြစ်ပါတယ်။

Shichida Junmai

Photo: DC SAKE CO

ဆာကေးပုလင်းပေါ်မှာ Junmai ဆိုတဲ့ စာတန်းလေး မြင်တွေ့ရမယ်ဆိုရင်တော့ ထိုဆာကေးသည် ဆန်၊ ရေ၊ တဆေးနှင့် Koji (ဆန်ဆေးရေတစ်မျိုး) တို့ကိုသာ အဓိကထား အသုံးပြုကာ ဖော်စပ်ထားခြင်းကို ဆိုလိုတာပါ။ သင်သည် ဝိုင်နီ (သို့) ဝီစကီ တို့ကို နှစ်သက်မယ်ဆိုရင်တော့ ဒီဆာကေးကိုလည်း ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။

Dewazakura Cherry Bouquet Oka Ginjo

Photo: DC SAKE CO

တကယ်လို့ သင်သည် ဆာကေးကို အခုမှ စမ်းသောက်ကြည့်မယ့် Beginner ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာ သိပ်မပြင်းတဲ့အထဲမှာ ပါပါတယ်။

Nanbu Bijin “Southern Beauty”

Photo: The Japanese Bar

တောင်ပိုင်းရဲ့ အလှအပလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ဆာကေးတစ်မျိုး ဖြစ်ပါတယ်။ သရက်သီး၊ နာနတ်သီး၊ ပင်မှည့်သီးတို့ရဲ့ အနံ့အရသာကို အသုံးပြုကာ ဖော်စပ်ထားတဲ့ ဆာကေးဖြစ်တာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

Kurosawa Junmai Kimoto

Photo: Tippsy Sake

ဒီဆာကေးကတော့ ရှေးဟောင်း အရက်ချက်နည်းကို အသုံးပြုကာ အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အညီ မှီဝဲပါက ခန္ဓာကိုယ်ရှိ မလိုလားအပ်တဲ့ ဘက်တီးရီးယားများကို ချေဖျက်ပေးတယ်လို့လည်း နာမည်ကြီးပါတယ်။

Kikusui Perfect Snow

Photo: Kikusui-sake

ဆန်းသစ်တဲ့အရသာကို နှစ်သက်တဲ့ ကွီးတို့ကတော့ ဒီဆာကေးကို ရွေးချယ်နိုင်ပါတယ်။ ပုလင်းရဲ့ ထုတ်ပိုးမှုကလည်း သစ်လွင်တောက်ပနေစေပြီး ကော့တေးများ ဖော်စပ်ရာတွင်လည်း အသုံးပြုနိုင်ပါသေးတယ်။

Yuki no Bosha “Cabin in the Snow”

Photo: K&L Wine Merchants

ဝိုင်ဖြူ ကြိုက်နှစ်သက်သူများကတော့ ဒီဆာကေးအရသာကို ကြိုက်ကြမယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။ တစ်ငုံလောက် မြည်းစမ်းကြည့်ရုံနဲ့တင် ယစ်မူးသွားစေမယ့် ဆာကေးတစ်မျိုးပါ။

Ama No To Tokubetsu Junmai

Photo: Fulamingo

ဂျပန်နိုင်ငံမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ Junmai အမျိုးအစားတွေထဲကမှ အပျော့စားလေးကို မြည်းစမ်းသောက်သုံးချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကိုသာ ရွေးချယ်လိုက်ပါ။ တကယ်လို့ ခပ်ပူပူလေး သောက်သုံးချင်တယ်ဆိုရင်တော့ မိုက်ခရိုဝေ့ဖ်ထဲ အပူပေးကာ ထည့်သောက်နိုင်ပါသေးတယ်။

Source: Liquor

Featured Image: Mensjournal