ဘောလုံးသမိုင်းတစ်လျှောက် ငယ်ငယ်ရွယ်ရွယ်နဲ့ Ballon d’Or ဆု ရရှိထားတဲ့ ကျန်ရှိနေသေးတဲ့ ကစားသမားတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။

(၁) Cristiano Ronaldo

Photo : 90min

ပေါ်တူဂီလက်ရွေးစင် Cristiano Ronaldo ကတော့ ကစားသမား ဘဝတစ်လျှောက် Ballon d’Or ဆု ၅ ခု ရရှိထားပါတယ်။ ဒီထဲကမှ ပထမဆုံး အကြိမ် Ballon d’Or ဆုကိုတော့ ၂၀၀၈ ခုနှစ် သူ့အသက် ၂၃ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

(၂) Eusebio

Photo : 90min

ပေါ်တူဂီ ကစားသမားကြီး Eusebio ကတော့ ၁၉၆၅ ခုနှစ်နောက်ပိုင်း Ballon d’Or ဆုရရှိခဲ့တဲ့ ပထမဆုံး လူမည်းကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဘင်ဖီကာအသင်း ကစားသမားဘဝ အသက် ၂၃ နှစ်အရွယ်မှာပဲ Ballon d’Or ဆုကို ရရှိခဲ့တာ ဖြစ်ပြီး ၁၉၆၅ ဘောလုံးရာသီမှာ ဘင်ဖီကာအသင်း အတွက် ပွဲပေါင်း ၃၆ ပွဲမှာ သွင်းဂိုး ၄၈ ဂိုးအထိ ခြေစွမ်းပြ သွင်းယူပေးနိုင်ခဲ့ပါတယ်။

(၃) Marco van Basten

Photo : 90min

နယ်သာလန်တိုက်စစ်မှူး Marco van Basten ကတော့ အီတလီဘီလူးကြီး အေစီမီလန်အသင်းမှာ တောက်ပခဲ့တဲ့ အကောင်းဆုံး ထိပ်တန်း တိုက်စစ် ကစားသမားကြီးတစ်ဦး ဖြစ်ပါတယ်။ Marco van Basten ဟာ အေစီမီလန် ကစားသမားဘဝမှာ ဆုဖလားပေါင်း ၁၁ ခုနဲ့ Ballon d’Or ဆု ၃ ကြိမ် ရရှိထားပြီး ပထမဆုံး Ballon d’Or ဆုကိုတော့ ၁၉၈၈ ခုနှစ် အသက် ၂၄ နှစ်အရွယ်မှာ ဆွန်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

(၄) Johan Cruyff

Photo : 90min

၂၀ ရာစု ဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ Johan Cruyff ကတော့ ၁၉၇၁ ခုနှစ်မှာ Ballon d’Or ဆုကို Ajax အသင်းနဲ့အတူ ဆွတ်ခူးရရှိ ခဲ့ပါတယ်။ မှတ်မှတ်တရရ Johan Cruyff ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့မတိုင်မီ ၄ လခန့်အလိုမှာ Ballon d’Or ဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနှစ်မှာပဲ Ajax အသင်းနဲ့ ဥရောပဖလားကိုလည်း ကိုင်မြောက် နိုင်ခဲ့ပါတယ်။

Source : 90min

Featured Photo : FC Barcelona