စကော့တလန် လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်မှာ ပါဝင်ကစားခွင့် ရရှိထားသူ စကော့ မက် တွမ်မီနေးဟာ မနေ့ညက စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အတွင်းမှာပါ သွင်းဂိုးတွေ သွင်းယူထားနိုင်ခဲ့တာကြောင့် international break ကာလအတွင်းမှာ စကော့တလန်အတွက် သူ သွင်းယူထားနိုင်တဲ့ ဂိုးအရေအတွက်က (၄)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : Twitter

ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ကက်စီမဲရိုး အဲရစ်ဆင်တို့လို မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာကြတဲ့ ကွင်းလယ် ကစားသမားသစ်တွေကြောင့် အသင်းအတွက် မယ်မယ်ရရ ကစားခွင့်တောင် မရှိတော့တဲ့ တွမ်မီနေးဟာ စကော့အသင်းရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်ရဲ့ ကစားသမားစာရင်းမှာ ရွေးချယ်ခံရပေမယ့် ဆိုက်ပရပ်စ်နဲ့ ကစားခဲ့ရတဲ့ စကော့တလန် ရဲ့ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာတော့ လူစားဝင်အဖြစ်သာ ကစားခဲ့ရပြီး သူ ကစားခွင့် ရရှိခဲ့တဲ့ (၂၄)မိနစ်တာ အချိန်လေးအတွင်းမှာပဲ အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို စွမ်းဆောင်ရည်တွေကြောင့် တွမ်မီနေးဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယမြောက် ယူရိုခြေစစ်ပွဲမှာ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ရွေးချယ်ခံလာရပြီး ပွဲအစ (၇)မိနစ်မှာပဲ စကော့ အသင်းခေါင်းဆောင် ရောဘတ်ဆန်ရဲ့ ပေးပို့မှုကနေ အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပွဲစပြီး(၆)မိနစ်အကြာမှာပဲ နောက်ထပ် သွင်းဂိုးတစ်ဂိုး ထပ်မံ ရယူနိုင်ခဲ့ပြီး စပိန်ကို သူရဲ့ဂိုးတွေနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Football FanCast

လက်ရှိအချိန်မှာတော့ တွမ်မီနေးဟာ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း စကော့တလန် အတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီးခဲ့ ဖြစ်ပေမယ့်လည်း သူရဲ့ကလပ်အသင်း ယူနိုက်တက်က ကက်စီမဲရိုး ပွဲပယ် ဆာဘစ်ဇာ ဒဏ်ရာရနဲ့ အဲရစ်ဆင် ဒဏ်ရာကနေ ပြန်ကောင်းခါစ အနေအထားတွေ ဖြစ်နေတာမို့ သူရဲ့တွဲဖက်ဟောင်းကြီး ဖရက်ဒ်နဲ့အတူ ယူနိုက်တက် ကွင်းလယ်ကို ပူးတွဲ တာဝန်ယူသွားရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာလည်း တွမ်မီနေးဆီကနေ ဘယ်လို ကောင်းမွန်တဲ့ performances တွေ ပြသသွားဦးမလဲဆိုတာ…

Featured Photo : Twitter