ဝီစကီ Whisky မှာ Scotch စကော့ တွေက အကောင်းဆုံးလို့ ပြောစမှတ်ပြုကြပါတယ်။ Scotch တွေထဲမှာမှ အရက်ချက်စက်ရုံတစ်ခုတည်းမှာတင် တစ်ကြိမ်တည်း ပေါင်းခံချက်လုပ် သိုလှောင်တဲ့ Single Malt နဲ့ တခြား စက်ရုံတွေက လာတဲ့ Single Malt တွေကိုပါ ရောစပ်ထားတဲ့ Blended ဆိုပြီး နှစ်မျိုး ထွက်ပါတယ်။ ဒီတစ်ခေါက်ကတော့ Single Malt စကော့ ဝီစကီ Whisky တွေထဲက အကောင်းဆုံး Brands တချို့အကြောင်း ပြောပြသွားမှာပါ။

(၁) Glenfiddich

Photo : thedrum

Speyside Single Malt စကော့ ဝီစကီ Whisky တွေထဲမှာ လူကြိုက်များတဲ့ နာမည်ကျော် အမှတ်တံဆိပ်ပါ။ စကော့ တလန်မှာ ရှိတဲ့ William Gram & Sons စက်ရုံက ချက်လုပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Glenfiddich ဟာ ကမ္ဘာ့အရောင်းရဆုံး Single-Malt ဝီစကီ ဖြစ်ခဲ့ပါတယ်။

(၂) Highland Park

Photo : prestigeonline

Highland Park အရက်ချက်စက်ရုံကို ၁၇၉၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး သက်တမ်း ၁၂ နှစ်သားကနေ နှစ် ၅၀ သားအထိ အမျိုးမျိုး ထွက်ပါတယ်။ ဆုတံဆိပ်အမျိုးမျိုး ရခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ပြီး အယ်လ်ကိုဟော ပါဝင်မှု ၆၃.၉% အထိ ရှိပြီး အမေရိကန် ဝက်သစ်ချသားထဲမှာ သိုလှောင်လေ့ရှိပါတယ်။

(၃) The Dalmore

Photo : alcoholprofessor

၁၈၃၉ ခုနှစ်ကတည်း တည်ထောင်ခဲ့တဲ့ သက်တမ်းရင့် ယမကာ အမှတ်တံဆိပ်ဖြစ်ပြီး Whyte & Mackay တို့က ပိုင်ဆိုင်ပါတယ်။ Single Malt တွေကို ၁၂ နှစ်သားအထိ နှစ်ပေါင်းများစွာ ထုတ်လုပ်ခဲ့တဲ့ The Dalmore ဟာ နောက်ပိုင်းမှာ ၁၂ နှစ်သားအပြင် ၁၅ ၊ ၁၈ နဲ့ ၂၅ နှစ်သားတွေလည်း ထုတ်သလို အထူး Edition တွေလည်း ထုတ်ပါတယ်။

(၄) The Macallan

Photo : prestigeonline

The Macallan ယမကာလုပ်ငန်းကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါးက တည်ထောင်ခဲ့တဲ့ လုပ်ငန်း ဖြစ်ပြီး လက်ရှိမှာ Edrington Group က ဝယ်သွားခဲ့ပါတယ်။ Glenfiddich နဲ့ Glenlivet ပြီးရင် အရောင်းရဆုံး Single Malt ဝီစကီ Whisky ပဲ ဖြစ်ပါတယ်။

(၅) The GlenDronach

Photo : bevvy

Highland Whisky ခရိုင် ဖြစ်တဲ့ Aberdeenshire မှာ ရှိတဲ့ စကော့ ဝီစကီ Whisky ဖြစ်ပြီး ၁၈၂၆ ခုနှစ်ကတည်းက တည်ထောင်လာခဲ့တာပါ။ BenRiach Distillery Company က ပိုင်ဆိုင်ပါတယ်။ သက်တမ်း ၈ နှစ်ကနေ ၃၃ နှစ်သားအထိ ထုတ်ပြီး ပျမ်းမျှ အယ်လ်ကိုဟော ပါဝင်မှုက ၄၃-၄၈% ဖြစ်ပါတယ်။

Featured Photo : winemag