ဖုန်း စခရင်မ် သေးသေးလေးနဲ့ ဖုန်းသုံးနေရတာ အားမရဘူးဆိုတဲ့ ကွီးတို့အတွက် Tablet တွေက မျက်လုံး သက်သာအောင် ကူညီပေးနိုင်ပါတယ်။ စခရင်မ် အကြီးကြီးနဲ့ Tablet တွေသည် ဂိမ်းဆော့ရတာလည်း ပိုဆော့လို့ကောင်းပြီး စာလုပ်တဲ့အခါမှာလည်း မျက်လုံးညောင်းသက်သာစေပါတယ်။

ကွီးတို့အနေနဲ့ စခရင်မ်အကြီးကြီးနဲ့ စွမ်းဆောင်ရည်မြင့်တဲ့ အကောင်းစား Tablet တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မော်ဒယ်အမျိုးမျိုးကို လေ့လာနိုင်ပါတယ်။

Apple iPad

Photo: Apple

Apple iPad ရဲ့ အားသာချက်တွေကို ပြောရမယ်ဆိုရင် သူ့ရဲ့ ဒီဇိုင်းက iPad Pro ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ သူ့ရဲ့ webcam က လူတစ်ယောက် (သို့) အရာဝတ္ထုတစ်ခုရဲ့ ရွေ့လျားမှုပေါ်လိုက်ပြီး လိုက်လံရွေ့လျားပေးပါတယ်။ သူ့ရဲ့ ကင်မရာ ကွာလတီကလည်း အမိုက်စားပါပဲ။ စပီကာသည်လည်း အကျယ်ကြီးပဲ ကြားရပြီး Overall ခြုံပြောရမယ်ဆိုရင်တော့ သွက်လက်မြန်ဆန်ပြီး ပေါ့ပါးတဲ့ Tablet တစ်ခုပါပဲ။

သူ့ရဲ့ အားသာချက်တွေ ပြီးသွားရင် အားနည်းချက်တွေအလှည့် လာပါပြီ။ အားနည်းချက်ကတော့ ဈေးကြီးတာပါပဲ။ သူ့ရဲ့ တန်ဖိုးကတော့ ကိုယ် ဝယ်ယူတဲ့ Website တွေပေါ်လိုက်ပြီး ဒေါ်လာ ၄၄၉ (သို့) ၄၄၄ စသည်ဖြင့် အနည်းငယ် ကွာဟနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာ Face ID မပါတာပါပဲ။ ကွီးတို့အနေနဲ့ ထိုအားနည်းချက်တွေကို လျစ်လျူရှုနိုင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်နိုင်ပါတယ်။

Apple iPad Air

Photo: Apple

ဒီမော်ဒယ်အမျိုးအစားကတော့ စခရင်မ် ကလည်း အားရလောက်အောင် ကြီးတဲ့အပြင် ကျောင်းသားများအတွက်ရော Creators များအတွက်ပါ သင့်တော်တဲ့ Tablet အမျိုးအစားတစ်ခုပါပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ပေးရတဲ့ ဈေးနဲ့တန်အောင် စွမ်းဆောင်ရည်မြင့်မားပြီး သွက်လက်ပေါ့ပါးတဲ့အတွက် သုံးပျော်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ နီးပါးပါပဲ။ ထိုငွေပမာဏနဲ့ဆိုရင် သူ့ရဲ့ ဘက္ထရီသက်တမ်းက ဒီ့ထက် အချိန်ကြာကြာ ပိုအသုံးခံသင့်တယ်လို့တော့ မြင်မိပါတယ်။

Lenovo Tab P11 Plus

Photo: PCMag

စခရင်မ် ဆိုဒ်က ၁၁ လက်မခန့် ရှည်လျားပြီး ဘက်ဂျက်လည်း သက်သာတဲ့ Tablet တစ်မျိုးကို ရှာဝယ်နေတယ်ဆိုရင်တော့ Lenovo Tab P11 Plus ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၉၄ ဝန်းကျင် ကုန်ကျမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ Display ပိုင်းက ပြောစရာမလိုအောင် မိမိုက်နေပြီး စပီကာရဲ့ အသံထွက် အနေအထားကလည်း ရှယ်ပါပဲ။

Samsung Galaxy Tab S7+

Photo: Samsung

Samsung ဖန်တွေအတွက်ကတော့ Samsung Galaxy Tab S7+ ရှိပါတယ်။ သူ့ရဲ့ Display ကတော့ ၁၂.၄ လက်မရှိတဲ့ စူပါ AMOLED ကို အသုံးပြုထားတာဖြစ်ပြီး S Pen လည်း ပါတယ်ဆိုတော့ အသုံးပြုရတာလည်း လျင်မြန်ပါတယ်။ 5G Connectivity လည်း ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၄၉ ဝန်းကျင် ကုန်ကျမှာပဲဖြစ်ပါတယ်။

ဒီမော်ဒယ် အမျိုးအစားတွေကတော့ လတ်တလောမှာ ပေါ်ပြူလာဖြစ်ပြီး လူကြိုက်များနေတဲ့ စခရင်မ် ကြီး Tablet အမျိုးအစားတွေပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Tablet တစ်လုံးလောက် ဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ဘက်ဂျက်ပမာဏနှင့် ဘယ်လောက်အချိန်ကြာကြာ အသုံးပြုချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သေချာလေ့လာပြီးမှ ရွေးချယ် ဝယ်ယူသင့်ပါတယ်။

Source: Pcmag.com

Featured Image: Freepik