လူတစ်ယောက်ရဲ့ ဖက်ရှင် ကို ကြည့်မယ်ဆိုရင် ခေါင်းအစ ခြေအဆုံး ဝတ်စားဆင်ယင်မှုကို ခြုံကြည့်ကြပါတယ်။ ကွီးတို့အနေနဲ့ ဖက်ရှင်ကျပြီး ကြည့်ကောင်းနေစေဖို့ဆိုရင် ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ တခြားသော အဆင်တန်ဆာတွေကို မှန်ကန်အောင် ရွေးချယ်ဆင်ယင်တတ်မှုကလည်း အရေးပါ ပါတယ်။ အရင် ခေတ်များစွာကနေ ယနေ့ခေတ်အထိ ဦးထုပ်ဟာ ယောကျာ်းလေးများရဲ့ ဖက်ရှင်ကဏ္ဍမှာ မပါမဖြစ်ပါ။ ဒါကြောင့် ကွီးတို့ စတိုင်လ်ကျစေဖို့ သိထားသင့်တဲ့ ဦးထုပ် အမျိုးအစားများ ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Fedora

Photo : Unique News Online

ပထမဆုံး ဦးထုပ် အမျိုးအစားများ ထဲက တစ်ခုကတော့ Fedora ဖြစ်ပါတယ်။ Fedora ဦးထုပ်ဟာ ဂန္တဝင် ရုပ်ရှင်တွေ ၊ Hollywood ရုပ်ရှင်တွေရဲ့ အထင်ကရဖြစ်တာကြောင့် တွေ့ရှိဖို့ကတော့ မခက်ခဲပါဘူး။ ၎င်းကို အလွန်နူးညံ့နဲ့ ဆိတ်တစ်မျိုးရဲ့ သားမွှေး သို့မဟုတ် သိုးမွှေးဖြင့်ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီ ဦးထုပ် အမျိုးအစားကို ယုံကြည်မှုနဲ့ ဝတ်ဆင်လိုက်ပါ။

(၂) Trilby

Photo : AliExpress

Trilby ဦးထုပ် အမျိုးအစားက Fedora နဲ့ တူညီသောကြောင့် မကြာခဏ မှားကြပါတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီးပြောရရင် Trilby က ၂၀၀၀ ခုနှစ် အစောပိုင်းတုန်းက Boy Band ဖျော်ဖြေသူများ အကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒီ ဦးထုပ် အမျိုးအစားကို သမိုင်းမှာ ချမ်းသာများ ဝတ်ဆင်သည့် ဦးထုပ်ဟု သမိုင်းတွင်လူသိများပြီး မြင်းပြိုင်ပွဲများ၊ ဇိမ်ခံပွဲများတွင် တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။

(၃) Panama Hat

Photo : Pachacuti

တကယ်လို့ ကွီးတို့က ဘာမှမစိုက်ထုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ရချင်တယ်ဆိုရင်တော့ Panama ဦးထုပ်တွေက တကယ်ကို အသင့်တော်ဆုံး ဖြစ်မှာပါ။ Panama ဦးထုပ်ကို ယုံကြည်ချက်ရှိရှိ ဝတ်ဆင်လိုက်ပါ။ ကွီးတို့အနီးနားက လူတွေ သတိပြုမိတဲ့အထိ စတိုင်လ်ကျနေမှာ အသေအချာပါပဲ။ Panama ဦးထုပ်က အပူပိုင်းဒေသများရှိ ရာသီဥတုမှာ ဝတ်ဆင်ဖို့ အထူးသင့်တော်ပါတယ်။

(၄) Baseball Cap

Photo : Star Insiders

ကွီးတို့ရေ Baseball Cap တွေကတော့ မည်သည့် ဝတ်စုံနှင့်မဆို လိုက်ဖက်ပါတယ်။ Baseball Cap က ကွီးတို့ စိတ်ကြိုက် ပေါ့ပေါ့ပါးပါး ပုံစံ ဒါမှမဟုတ် သပ်ရပ်တဲ့ စတိုင်လ်၊ ဒါမှမဟုတ် အနုပညာရှင်ကဲ့သို့ စတဲ့ ပုံစံမျိုးစုံကို ဖန်တီးလို့ရတဲ့ အပြင် သက်တောင့်သက်သာလည်း ရှိပါတယ်။ ဒီ Baseball Cap ဟာ ဦးထုပ် အမျိုးအစားများစွာ ထဲကမှ ကွီးတို့ လုံးဝကို ရှိထားသင့်တဲ့ ဦးထုပ် ဖြစ်ပါတယ်။

(၅) Dad Hat

Photo : Kings and Fifth

ကွီးတို့ရေ Dad Hat ကို Trainers တို့ Denim တို့နဲ့ တွဲဖက်ဝတ်ဆင်ရင် အမှန်တကယ်ကို ခေတ်ဆန်တဲ့ ပုံရိပ်ကိုပေးစွမ်းမှာပါ။ Dad Hat တွေက သက်တောင့်သက်သာ ရှိပါတယ်။ ကွီးတို့ အနေနဲ့ Dad Hat တွေကို ပေါ့ပေါ့ပါးပါး အပြင်ထွက်ခြင်းနဲ့ နွေရာသီအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာ ကတော့ ကွီးတို့ စတိုင်လ်ကျစေဖို့ သိထားသင့်တဲ့ ဦးထုပ် အမျိုးအစားများထဲက အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ ဦးထုပ် အမျိုးအစားတွေကို သိရှိထားပြီး ကွီးတို့ဖက်ရှင်အတွက် မှန်ကန်စွာ ရွေးချယ်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

Source : Top Trends Guide

Featured Photo : Germany