ဘယ်သွားသွား သီချင်းလေးတွေကို နားထောင်တတ်သူတိုင်းအတွက် နားကြပ်တွေကတော့ မရှိမဖြစ်ပါပဲ။ ခရီးထွက်တဲ့အခါ ဖြစ်စေ၊ အပြင်သွားတဲ့အခါ ဖြစ်စေ၊ အလုပ်လုပ်နေရင်းဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြစ်စေ သီချင်းလေး နားထောင်တတ်တဲ့ ကွီးတို့အတွက်တော့ နားကြပ်ကောင်းကောင်းလေး တစ်ခုတော့လိုပါတယ်။ နားကြပ်ရွေးချယ်တဲ့နေရာမှာ အသံအရည်အသွေးနဲ့ သက်တောင့်သက်သာရှိမှုအတွက် အဓိကရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နားကြပ် အမျိုးအစားများစွာ ရှိတဲ့အထဲက ကိုယ့်အထာနဲ့ကိုယ် စတိုင်လ်မိမိ သံစဉ်တွေနဲ့ ငြိမ့်ဖို့ အကောင်းဆုံး နားကြပ်တွေကို ကွီးတို့အတွက် ဖော်ပြပေးချင်ပါတယ်။

(၁) Sony WH-1000XM4

Photo : QQ Store

Sony ကနေ ထုတ်လုပ်ထားတဲ့ ဒီ Headphone ကတော့ ဘာအတွက်ပဲ သုံးသုံး အဆင်ပြေတဲ့ Headphone ပါပဲ။ ၎င်းက သက်တောင့်သက်သာရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် အကောင်းဆုံး ဆူညံသံ ပယ်ဖျက်ခြင်းနှင့် အသံအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ဘတ်ထရီသက်တမ်းက နာရီပေါင်း ၃၀ လောက်ခံပါတယ်။ ၎င်းရဲ့ အလေးချိန်ကတော့ ၂၅၃ ဂရမ်ဖြစ်ပြီး Water-Resistant တော့မဟုတ်ပါဘူး။

(၂) Cambridge Audio Melomania 1 Plus

Photo : Cambridge Audio

နောက်ထပ်ဖော်ပြချင်တဲ့ နားကြပ်တစ်ခုကတော့ ဘယ်နေရာမဆို လွယ်လွယ်ကူကူ သယ်ဆောင်သွားလို့ရပြီး ဒီဇိုင်းကလည်း ကွီးတို့ လူငယ်တွေ အကြိုက်တွေ့စေမဲ့ Cambridge Audio Melomania 1 Plus ပဲဖြစ်ပါတယ်။ အသုံးပြုရတာလွယ်ကူပြီး အသံစွမ်းဆောင်ရည်ကလည်း တစ်ကယ်ကို ကောင်းမွန်တာကြောင့် ရွေးချယ်သင့်တဲ့ Wireless နားကြပ်တစ်ခု ဖြစ်ပါတယ်။ ဘတ်ထရီသက်တမ်းကတော့ ၉ နာရီ လောက်ခံပါတယ်။

(၃) Sennheiser Momentum 4 Wireless

Photo : Head Fi

ကိုယ့်အထာနဲ့ကိုယ် သံစဉ်တွေနဲ့ ငြိမ့်ဖို့ နောက်ထပ်ဖော်ပြပေးချင်တဲ့ နားကြပ်တစ်ခုကတော့ Sennheiser Momentum 4 Wireless ဖြစ်ပါတယ်။ ၎င်းက Wireless အမျိုးအစားဖြစ်ပြီး ရိုးရှင်းတဲ့ပုံသဏ္ဍန်နဲ့ တောက်ပတဲ့အသွင်အပြင်ကို ပေးစွမ်းပါတယ်။ ဘတ်ထရီ သက်တမ်းက မယုံနိုင်လောက်အောင် နာရီ ၆၀ ခံတဲ့အပြင် ကြည်လင်ပြတ်သားတဲ့ အသံကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ ၂၉၃ ဂရမ် ရှိပါတယ်။

(၄) Sony WH-1000XM5

Photo : Sony Asia

ဈေးကို မကြည့်ဘဲ နားကြပ်ကောင်းကောင်းလိုချင်တဲ့ ကွီးတို့အတွက် Sony ထဲက Sony WH-1000XM5 ရှိပါတယ်။ အသံပိုင်းဆိုင်ရာ တော်တော်လေး ကောင်းမွန်ပြီး ဆူညံသံတွေကိုလည်း ပယ်ဖျက်ပေးနိုင်ပါတယ်။ သူ့ရဲ့ ဘတ်ထရီသက်တမ်းကတော့ နာရီ ၄၀ ခန့် အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ပိုမိုပြေပြစ်ပြီး အလေးချိန်ကတော့ ၂၅၀ ဂရမ်ခန့် ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ နီးပါး ရှိတာကြောင့် အနည်းငယ် ဈေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

(၅) Sony WF-1000XM4 Wireless Earbuds

Photo : Boletin de ka Computacion

Earbuds လေးနဲ့ပဲ စတိုင်လ်မိမိ သံစဉ်တွေနဲ့ ငြိမ့်မဲ့ ကွီးတို့အတွက် Sony ထဲကပဲ Sony WF-1000XM4 Wireless Earbuds ရှိပါတယ်။ သူ့မှာ အမှန်တကယ်အသုံးဝင်တဲ့ Features များပါဝင်ပြီး အသံအရည်အသွေးကောင်းမွန်မှု ကလည်း တကယ်ကို ရွေးချယ်စရာပါပဲ။ ဘတ်ထရီသက်တမ်းတော့ ၈ နာရီပဲ ခံတာကြောင့် အသုံးပြုချိန်များတဲ့ သူတွေအတွက်တော့ အနည်းငယ် စဉ်းစားစရာပါပဲ။

Source : Teachrader

Featured Photo : Man of Many