ဇူလိုင် (၁၅)ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းတွေမှာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲရယ် ၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲရယ်ကို တစ်နေ့တည်းမှာပဲ တစ်ခါတည်း ကျင်းပခဲ့တာကြောင့် Super Monday Morning လို့ပဲ ပြောရမလား Super Sunday လို့ပဲ ပြောရမလားတောင် မသိနိုင်လောက်အောင်ပါပဲ။ သေချာတာကတော့ ဗိုလ်လုပွဲ (၂)ခုလုံးမှာတော့ ဘောလုံးပရိသတ် တော်တော်များများ ထင်ထားလောက်မယ့် အသင်းတွေကပဲ ချန်ပီယံတွေအသီးသီး ဖြစ်သွားခဲ့ရပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ စပိန် က အင်္ဂလန်ကို (2-1) နဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

Photo Credit: Football Italia

စပိန်က တကယ်ကို ထိုက်ထိုက်တန်တန်နဲ့ ယူရို ချန်ပီယံ ဖြစ်လာခဲ့တာပါ။ ကျပ်လွန်းလှပါတယ်ဆိုတဲ့ အုပ်စုမှာလည်း အုပ်စုဗိုလ်နေရာနဲ့ တက်လာတယ်။ ရှုံးထွက်အဆင့်တွေမှာလည်း ဂျော်ဂျီယာလို တစ်သင်းတည်းသာ စပိန် အတွက် မူစရာ မလိုခဲ့ပေမယ့် အိမ်ရှင် ဂျာမနီနဲ့ ပြင်သစ်တို့လို ပြိုင်ဘက်ကောင်းတွေကိုလည်း အသေအချာ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို အနိုင်ယူပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit: Reuters

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားကလည်း စပိန်နဲ့ အလားတူ အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ အာဂျင်တီးနားက ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ချိန်အထိ အတော်လေးကို လမ်းကြောင်းချောင်ခဲ့ရပါတယ်။ ကနေဒါ ပီရူး ချီလီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် (၃)ပွဲလုံး အနိုင်ရခဲ့သလို ကွာတားမှာလည်း အီကွေဒေါကို ခက်ခက်ခဲခဲ ကစားခဲ့ရသည့်တိုင် ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ပြန်ပါတယ်။ ဆီမီးမှာတော့ ကနေဒါနဲ့ ပြန်ဆုံပြီး အေးဆေး အနိုင်ယူခဲ့ရင်း ဖိုင်နယ်မှာတော့ ကိုလံဘီယာကို အချိန်ပိုမှာ လော်တာရို မာတီနက်ဇ်ရဲ့ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ အာဂျင်တီးနားလည်း စပိန် လိုပဲ သူတို့ရဲ့ ကိုပါအမေရိက ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: B/R Football

အခုလို ယူရိုချန်ပီယံ စပိန် နဲ့ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားတို့ဟာ လာမယ့် ၂၀၂၅ခုနှစ်ထဲမှာတော့ ဒုတိယအကြိမ်အဖြစ် ကျင်းပမယ့် Finalissima ဆိုတဲ့ ဥရောပ-တောင်အမေရိက ချန်ပီယံအသင်းတို့ရဲ့ ချန်ပီယံလုပွဲမှာ ထိပ်တိုက် ရင်ဆိုင်သွားရပါတော့မယ်။ ပထမဆုံးအကြိမ်ကတော့ ကိုပါချန်ပီယံ အာဂျင်တီးနားက ယူရိုချန်ပီယံ အီတလီကို ရှယ်တီးပြီး Finalissima ရဲ့ ပထမဆုံး ချန်ပီယံ ဖြစ်ထားသေးတာမို့ ဒီတစ်ခေါက်မှာရော ဒီချန်ပီယံဆုကို ပြန်လည် ကာကွယ်နိုင်မလား ဒါမှမဟုတ် စပိန်က ဥရောပဂုဏ်ဆောင်အသင်းအဖြစ် Finalissima ချန်ပီယံ ဖြစ်လာနိုင်မလားဆိုတာ…

Featured Photos: CNN & Reuters